MM Flash Songs မှလက်ကမ်းကြိုဆိုမှူ့နှင့်အတူ မော်ဒယ်လ် ၊ ဂျူးဂျူးကေ နှင့် အင်တာဗျူး ထားတာလေးကို ဒီတပတ်အတွက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ...
ဗျူးထားတာတွေကို ပရိပ်သက်များ ခစားတော်မူကြပါဦးလား ခင်ညာ ။
ဂျူးဂျူးကေ မော်ဒယ်လောက ထဲသို့ စတင် ဝင်ရောက်ခဲ့ပုံလေးကနေ ပြောပြပါလား ။
ဟုတ်ကဲ့
ဂျူးကမော်ဒယ်လောက်ကို
ဝင်ခဲ့ဖို့နဂိုကတည်းကရည်ရွယ်ချက်ရှိတယ်လေ
ငယ်ငယ်ထဲကမော်ဒယ်လောကကိုဝင်ဖို့ဝါသနာပါတာပေါ့
ဒါကြောင့်မလို့
၂၀၀၈ က
MISS JUNCTION 8
ပွဲတွက်ခေါ်တော့
လျှောက်လွှာတင်ခဲ့တာပါ
အဲကကနေ
စခဲ့တာပါဂျူးက
မော်ဒယ် အဆင့်ကနေ အနုပညာ လောက တွင်းတို့ ဝင်ရောက်ဖို့ အစီစဉ် ရှိပါလား ကမ်းလှမ်းခဲ့တာမျိုးကော်ရှိပါလား ။
ကမ်းလှမ်းတာတွေတော့အများကြီးရှိပါတယ်
အနုပညာလောကကိုမော်ဒယ်လောကလောက်စိတ်မ၀င်စားပါဘူး
ဒါပေမယ့်ဂျူးကအနုပညာကိုလည်းထိတွေ့ချင်တော့နဲနဲပါးပါးလုပ်ခဲ့ပါတယ်
ဒါပေမယ့်
မော်ဒယ်လောက်စိတ်မ၀င်စားပါဘူး
မော်ဒယ် လောက အတွင်းမှာ အသစ်တစ်ယောက် အနေနဲ့ ရပ်တည်လှုပ်ရှား ရတဲ့ အခါ ကြုံတွေ့ရတဲ့ အဓိက အခက်အခဲရှိရင် ပြောပြပေးပါဦး ။
အင်းပြောပြရရင်အခက်အခဲကတော့အများကြီးပေါ့နော်
အစအဆုံးပြောပြရရင်တော့မပြီးတော့ဘူးအခက်အခဲက
စစချင်းဆိုတော့
ကြောက်တာကော်
ရှက်တာကော်
အားငယ်တာကော်
အစုံပါဘဲ
ဆယ်ကျော်သက် လူငယ်တစ်ယောက်အနေနဲ့ အောင်မြင်မှူ့လမ်းစကို ရှာရာမှာ ရိုးသားတဲ့ နည်းလမ်းနဲ့ ဖြတ်သန်းဖို့ဆိုတာ ဘယ်လို ခံယူချက်မျိုးကို လက်ကိုင်ထားပါလဲ ။
အင်း
ဘယ်အရာကိုမဆို
ရိုးရိုးသားသားလုပ်ကိုင်တာက
အကောင်းဆုံးပါ
ပြီးတော့အခုလိုမော်ဒယ်လောကဆိုတာက
နာမည်ပျက်တွေပိုထွက်တတ်တယ်လေ
အဲ့လိုမဖြစ်ရအောင်ဂျူးကတော့အစအဆုံးအကုန်ဆင်ခြင်ရတာပေါ့
ဂျူးကတော့
ရိုးရိုးသားသားနဲ့ပဲလုပ်ကိုင်တယ်
ဘယ်အရာကိုမဆိုပေါ့
ကြိုးစားရင်
ကိုယ်ကြိုးစားသလောက်ထိုက်တန်တဲကအရာတော့ရမှာပဲလေ
ဟုတ် ခုဆိုရင် ပြိုင်ပွဲတွေမှာ ဝင်ပြိုင် ခဲ့ပြီး ကာမှ ဆုရခဲ့တာမျိုးတွေ ရှိတလို ဆုမရခဲ့တာမျိုးတွေလည်း ရှိမှာပါ အဲ့လို အခါ မျိုးမှာကိုယ်စိတ်ကို ကိုယ် ဘယ်လို ဖြေသိမ့် ပြီး ဆက်လက် ကြိုးစားသွားမည်ဟု ဆုံဖြတ်ချက်ချခဲ့ပါလဲ ။
ပွဲတွေအကုန်လုံးနီးပါးတော့
ဆုကရခဲ့ပါတယ်ဂျူးက
မစ်မရတဲ့ပွဲဆိုရင်
ကို့ရဲ့ကြိုးစားမှု့လိုလို့ပေါ့
ကိုထက်တော်တဲ့သူဆိုတာက
အမြဲပေါ်နေကြလေ
ဘယ်အရာမှတစ်သတ်မတ်ထဲမရှိဘူးလေ
အဲ့တော့
နောက်ခါဆိုရင်
ကိုယ့်ရဲ့
အားနည်းချက်ကိုရှာတယ်လေ
ပြင်လိုက်တယ်လေ
အဲ့လိုပါဘဲ
မော်ဒယ်လ် ကို ဝါသနာ အရ လုပ်ဖြစ်တာမို့ မျှော်လင့် ချက်ထား ထားတာမျိုးတို့ ရှိပါလား ။
လူဆိုတာကမျှော်လင့်ချက်နဲ့အသက်ရှင်နေတာလို့ဂျူးကထင်တယ်လေ
မျှော်လင့်ချက်ကတော့ရှိတာပေါ့
မျှော်လင့်ချက်ပန်းတိုင်ကိုဦးတည်ကြိုးစားပြီးတော့လျှောက်
လှမ်းရတာပေါ့
အဲ့လိုကြိုးစားမှုကြောင့်ဘဲ
အောင်မြင်မှုကရတာပါဘဲလို့
ဂျူးကထင်ပါတယ်
အဲ့ရလာတဲ့ အောင်မြင်မှူ့အပေါ် ကိုယ်ရဲ့ ထင်မြင်ချက်လေး နှင့် ခံယူချက်လေးကို ပြောပြပေးပါဦး ။
အင်း
ဘယ်လိုပြောရမလဲဆိုတော့
အောင်မြင်မှုဆိုတာက
ကိုယ်ရဲ့ကြိုးစားမှုကရလာတဲ့အသီးအပွင့်ဘဲလေ
အဲကတော့
ကိုယ်ကြိုးစားမှုကောင်းလို့ရတယ်
ကိုယ်ကကြိုးစားမှုမှာ
အားနည်းနေရင်
မရဘူးလေ
အဲကလိုဘဲဂျူးကတော့ခံယူထားပါတယ်
ဂျူး ရဲ့ ခု လက်တလော လှုပ်ရှား မှူ့လေးကို သိပါရစေ ဘာတွေများ ဆက်ပြီးတော့ လုပ်ဖို့ ရည်ရွယ်ထားပါလည်း ။
အခုတစ်လောက
နဲနဲကျန်းမာရေးမကောင်းလို့
ခဏနားထားပါတယ်
ဂျူးက
ကျန်းမာရေးနဲနဲချူချာတယ်လေ
ဟီးးးးးးးး
ဟုတ်ကဲ့ ကျမ်းမာရေး ဂရုစိုက်ပါ မော်ဒယ် တစ်ယောက် အနေနဲ့ ကျမ်းမာရေးကလဲ အဓိက အချက်ပါပဲ ကျမ်းမာရေး ကောင်းမွန်လာ ပါက ဘာတွေများ ဆက်ပြီး လုပ်ဖို့ ရှိပါလည်း ။
ရှိပါတယ်
ပြောရရင်
ဟီးးးးးးးးးးးးး
ဂျူးရဲ့
အိမ်ထောင်မကျမချင်း
မော်ဒယ်လောကကို
ဆက်လက်လုပ်မှာပါ
မော်ဒယ်လောကကဂျူးရဲ့ရည်မှန်းချက်လိုဖြစ်နေတယ်လေ
ဒါကြောင့်ပါ
ဟုတ်ကဲ့ အချစ်ရေးနဲ့ ပက်သက်လို့ နည်းနည်း သိချင်ပါတယ် ပြောပြနိုင်မလား ခင်ဗျာ ။
ဟုတ်ကဲ့ ချစ်သူ ရှိပါ ပြီးလား ။
ဘဝလက်တွဲဖော် အဖြစ် ထိ ရည်ရွယ်ထားတာပါလား ။
ကိုယ့်ရဲ့ ဘဝလက်တွဲဖော်လို လူမျိုးက ဘယ်လိုလူမျိုး ဖြစ်စေချင်ပါလဲ ... ။
ကိုယ့်ပေါ်ကိုကောင်းပြီး သစ္စာရှိရင် ပြည့်စုံပါပြီ
ခုဆိုရင် ဂျူးဂျူးကေ ဆိုတဲ့ နာမည်နဲ့ တော်တော်လေး ရပ်တည် နေနိုင်ပါပြီး ရခဲ့သော ဆုတွေ အနေနဲ့ ရင်ခုန်သံလေး သိပါရစေ ။
အင်း
ဂျူးက
ပထမဆုံးလျှောက်တဲ့ပွဲက
တော့
မစ်မရခဲ့ပါဘူး
နောက်ပွဲမှရတာပါ
မစ် လပြည့်ဝန်းနဲ့စရတာပါ
အဲ့တော့
ရင်တွေကလေ
အရမ်းခုန်တယ်
မပြောပြတတ်အောင်ဝမ်းသာတယ်
ရင်ခုန်သံတွေကတော့
မပြောပြတတ်ပါဘူး
2008 ခုနှစ်က မော်ဒယ် လောကထဲသို့ စတင်ဝင်ရောက်ခဲ့ကာမှ ခုဆိုရင် 2012 သို့ ကူးပြောင်းလာခဲ့ပါပြီး ကြားထဲမှာ မစ်ဆုတွေ ဘယ်နှစ်ဆုလောက် ရခဲ့ပါလဲ ။
မစ်ကြီးဘဲ
၈ ဆုပါ
တိုက်တည်ကတော့
များကြီးပါ
အဲ့ဆုတွေ ဘာလုပ်မယ် စိတ်ကူးထားပါလည်း ။
ဆုတွေရတုန်းကတော့
အလှုအတန်းလုပ်လိုက်တာများပါတယ်
ဟုတ်ကဲ့ ကောင်းမွန်တဲ့ စိတ်လေးပါပဲ ။
မော်ဒယ်ဂဲလ် အနေနဲ့ လျှောက်လှမ်းနေဆဲကာလမှာ ပညာရေးကိုကော် ဘယ်လိုကြိုးစားခဲ့ပါလဲ ။
ဂျူးက
ပညာရေးကိုသတ်သတ်
မော်ဒယ်လောကကို
သတ်သတ်ထားတာလေ
မရောဘူး
ပညာေ၇းကိုကြိုးစားတယ်
မော်ဒယ်မှာလဲကြိုးစားပါတယ်
မော်ဒယ်လောကကိုကြိုးစားလို့
ပညာဘက်မှာလည်း
ထိခိုက်နစ်နာတာကိုမဖြစ်စေချင်ဘူးလေ
ဟုတ်ပါတယ် ။ ခုဘာတက်နေပါလဲ ။
ဆေးကျောင်းတက်နေပါတယ်
အပြင်ကတော့
အင်္ဂလိပ်ကျောင်းကပြီးပါပြီး
YUFL
ကနေ
ဂျပန်
ဒီပလိုမာပြီးပါပြီး
အခုတရုတ်စာကိုလေ့လာနေပါတယ်
ဆေးကျောင်းတက်နေတာ ဆိုတော့ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ပါလည်း ။
ဦးနှောက်အထူးကုဖြစ်ချင်လို့လေ
ငယ်ငယ်ထဲက၀ါသနာပေါ့
ဒါကြောင့်
ကြိုးစား၇တာပေါ့
ဟုတ်ကဲ့
ဦးနှောက်အထူးကုဖြစ်လာပါ က မော်ဒယ်လောက သို့ ရပ်တန့် သွားစေမှာပါလား ဆက်ပြီး လုပ်ဆောင်သွားဦးမှာပါလား ။
ဂျူးက မော်ဒယ်လောကကို အိမ်ထောင်မကျမချင်း လုပ်သွားမှာပါ
မော်ဒယ်လောက နဲ့ပါတ်သက်ပြီး နိုင်ငံခြား ခရီးတွေဘာတွေ ထွက်ရတာမျိုး ရှိပါလား ။
ဟုတ်ကဲ့ရှိပါတယ်
2010 miss tourism ပွဲမှာ မစ်ရပြီး မစ်ကိုယ်စားလှယ်သံတမာန်အဖြစ်နဲ့ပါ
ဘယ်နိုင်ငံတွေ ထိ သွားရောက်ခဲ့တာပါလည်း ။
ကိုရီးယား
စင်ကာပူ
ထိုင်းပါ
ဒီလောက်ထိ အောင်မြင်မှူ့တွေ သသီးကြီး ရခဲ့ပြီးမှ အနုပညာ အပိုင်းကို စိတ်မဝင်စားဖူးဆိုတာက ဟုတ်ပါရဲ့လား ဘာကြောင့်များပါလည်း ။
အင်းပြောရရင်
စိတ်ကိုမ၀င်စားတာပါ
အနုပညာကို
စိတ်မ၀င်စားတယ်လို့လဲပြောလို့မရဘူး
ဝါသနာပေါ့
ဝါသနာကအရင်းခံလေ
ဝါသနာမပါတာကိုမလုပ်ချင်တာပါ
ဟုတ်ကဲ့ အခြားသော ဝါသနာ ပါတာတွေ ရှိပါသေးလား ။
အင်း
ပညာရေးရယ်
အားကစားရယ်ပါဘဲ
ကျန်တာအထွေထွေအထူးထူးမရှိပါဘူး
ဟုတ်ကဲ့ပါ မေးသမျှ ပြန်လည်ဖြေကြားပေးသော ဂျူးဂျူးကေ တစ်ယောက် မော်ဒယ်ဘက်မှာကော် ပညာရေးဘက်မှာကော် အထူးတလည် အောင်မြင် ပြီး ရည်မှန်းချက်များနဲ့ ပြည့်ဝပါစေ ခင်ဗျာ ။
ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင် .. ခုလိုမေးတဲ့မေးခွန်းတွေကိုဖြေကြားခွင့်ရတဲ့အတွက်အားလုံးကိုကော် ဂျူးဂျူး ကိုအားပေးတဲ့ပရိတ်သတ်ကိုကော် ကျေးဇူးအထူးတင်ပါတယ်နော် .... ။
အားလုံးပဲ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေဗျာ နောက်လည်းပဲ အစီအစဉ်ကောင်းလေးတွေနဲ့ ဆက်လက် တင်ဆက်သွားပါဦးမည် လေးစားစွာဖြစ် ... ပရိပ်သက်များ ထံသို့ ....... ။
10.2.2012
^
^
^
|
★အန်လ်အယ်လ်အက်စ်☆。
လင်းနစ်