အနောက်မြောက်တိုင်းကို တိုင်းမှူးအသစ်ဖြစ်သော ဗိုလ်ချုပ်တစ်ဦးရောက်လာလေသည်။ တစ်နေ့ ဂေါက်ကွင်းမှ အပြန် လူနှစ်ဦး မြက်စားနေသည်ကိုတွေ့လိုက်လေသည်။ အခြေအနေစုံစမ်းရန် ကားသမားကို ချက်ချင်းကားရပ်ရန် အမိန့်ပေးလိုက်လေသည်။
“ဟေ့လူတွေ ခင်ဗျားတို့ဘာလို့ မြက်စားနေတာလဲ”
အ၀တ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် ဆင်းရဲသားတစ်ယောက်က “ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော်တို့က စားစရာမရှိလို့ မြက်တွေစားနေရတာပါ”
တိုင်းမှူးက ကျွတ်တစ်ချက်စုတ်လိုက်ကာ
“ဒီလောက်တောင် ဖြစ်နေတာလားဗျာ၊ ကဲဗျာ ကျူပ်နဲ့လိုက်ခဲ့”
ဆင်းရဲသားက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေးနှစ်ယောက်ပါရှိသေးတယ်”
“အေးခေါ်ခဲ့ကွာ ဟိုတစ်ယောက်ကိုရောခေါ်လိုက်”
“သူ့မှာ မိန်းမနဲ့ ကလေးခြောက်ယောက်တောင် ရှိတယ် ဗိုလ်မှူး”
“အေးကွာ ခေါ်ခဲ့ အကုန်ခေါ်ခဲ့”
ဒီလိုနဲ့ ကြင်နာတတ်သော တိုင်းမှူးက ဆင်းရဲသားနှစ်ယောက်ကို သူ့ကားပေါ်တက်စေပြီး ကျန်မိသားစုဝင်များကိုလည်း လုံခြုံရေးလိုက်ပါသော ကားများပေါ်သို့ တက်စေလိုက်သည်။
လမ်းခရီးတွင် ဆင်းရဲသားက “ကျွန်တော်တို့ ဒီလိုမြက်စားနေရတာ ကြာပါပြီ ဗိုလ်မှူးက ဒီလိုသနားကြင်နာစွာနဲ့ ကျွန်တော်တို့ကို ခေါ်လာတာ ကျေးဇူးတင်ပါတယ်”
ထိုအခါတိုင်းမှူးက ဘာမှအရေးမကြီးသော ပုံစံနှင့် “ အေးပါ အေးပါ မင်းတို့ ငါ့အိမ်ရောက်ရင် ပိုကျေးဇူးတင်ဦးမယ်။ ငါ့အိမ်မှာစိုက်ထားတာ ဂျပန်မြက်တွေကွ ခုအဲ့ဒီမြက်တွေက တော်တော်ရှည်နေပြီ” ဟုပြောလိုက်လေတော့သည်။