၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နတ်တော်လဆန်းတစ်ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက်နေ့ ) မှာ နေပြည်တော် ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) တွင်ကျင်းပ ပြုလုပ်ခဲ့ပါတယ် …။ နံနက် ၉ နာရီ အချိန်တွင် အခမ်းအနား စတင်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားပြီး ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ရရှိကြသည့် စာပေပညာရှင် များအား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ် …။
MgKaung ကလည်း စာပေ၀ါသနာရှင် တစ်ဦး ဖြစ်နေလေတော့ … စာပေဗိမာန်ဆုရ စာအုပ်များကို ရေးသားသူ စာရေးစရာ များနှင့်တကွ ရေးသားတင်ပြပေးလိုက်ရပါတယ် ….။
အမျိုးသားစာပေ တစ်သက်တာဆု - ဆရာဦးဝင်းမောင် (မင်းယုဝေ)
အမျိုးသားစာပေဆုရ စာအုပ်များ
ဝတ္ထုတို ပေါင်းချုပ်ဆု
စာအုပ် အမည် - ဆီမုဆိုးနှင့် အခြားဝတ္ထုတိုများ
ရေးသူ - ဆရာရဲမြတ်တင် (ဦးရဲဝင်း)
ကဗျာပေါင်းချုပ်ဆု
စာအုပ် အမည် - ငှက်ကလေး၏ တေးချိုချို ကဗျာများ
ရေးသူ - ဆရာ ပျဉ်းမနားမောင်နီသင်း (ဦးတင်ဝင်း)
စာပဒေသာဆု
စာအုပ် အမည် - သားသမီးများကို ချီးမြှင့်ရမည့် ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့် အဖေနှင့် လောကဓံကို စိန်ခေါ် ၍ ရင်ဆိုင်ခဲ့သည့် ကျွန်တော်
ရေးသူ - ဆရာ ကေသီပန် ဦးလှမြင့် (ဦးလှမြင့်)
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆု
စာအုပ် အမည် - ရတနာပုံ မန္တလေး နိပါတ်ကျော်များနှင့် ဗုဒ္ဓ၀င်ပညာပေး မြန်မာ့ နိပါတ်ပန်းချီလက်ရာ
ရေးသူ - ဆရာ နတ်မောက်ထွန်းရှိန် (ဦးထွန်းရှိန်)
ကလေးစာပေဆု
စာအုပ် အမည် - အလှကမ္ဘာညီတို့ရွာ ကလေးကဗျာများ
ရေးသူ - ဆရာမောင်စိမ်းနောင် (လယ်ဝေး) (ဦးမျိုးထွန်း)
ဘာသာပြန် (သုတ)
စာအုပ် အမည် - နိုင်ငံများ၏ဥစ္စာဓန
ရေးသူ - ဆရာဦးကြည်မြင့်(လသာ) (ဦးကြည်မြင့်)
သာသာပြန် (ရသစာပေ)
စာအုပ် အမည် - မျှော်
ရေးသူ - ဆရာ တင်မောင်မြင့် (ဦးတင်ထွန်း)
သုတပဒေသာ (၀ိဇ္ဇာ)
စာအုပ် အမည် - နိုင်ငံအကျိုးပြု ကြေးတိုင်နှင့်မြေစာရင်း
ရေးသူ - ဦးဝင်းနိုင် (ညွှန်ကြားရေးမှူး-ငြိမ်း) (ဦးဝင်းနိုင်)
သုတပဒေသာ (ရိုးရိုးသိပ္ပံ)
စာအုပ် အမည် - သင်္ချာအမြင် သင်္ချာအတွေး
ရေးသူ - ဆရာ ဒေါက်တာခင်မောင်ဆွေ (ဦးခင်မောင်ဆွေ)
သုတပဒေသာ (အသုံးချသိပ္ပံ)
စာအုပ် အမည် - မြန်မာ့သစ်မွှေး
ရေးသူ - ဆရာသောင်းညွှန့်သစ် (ဦးသောင်းညွှန့်)
ပြဇာတ်စာပေဆု
စာအုပ် အမည် - တစ်ပင်ကျိုးလျှင် နောက်နှစ်ပင်
ရေးသူ - ဆရာငြိမ်းမင်း (ဦးမျိုးအောင်)
နိုင်ငံရေးစာပေဆု
စာအုပ် အမည် - ကျွန်တော်သိသော တစ်ရံရောအခါများ
ရေးသူ - ဆရာ ကိုကိုမောင်ကြီး (ဦးကိုကိုမောင်ကြီး)
အင်္ဂလိပ်ဘာသာဆု (သုတ)
စာအုပ် အမည် - Waves of Influence
ရေးသူ - U Thet Tun (Retired-Ambassador) (ဦးသက်ထွန်း)
စာပေဗိမာန်စာမူဆုရ စာအုပ်များ
ဝတ္ထုရှည် ပထမဆု
စာမူ - နီလာမြေမှ သားကောင်းရတနာများ
ရေးသူ - ဆရာ မင်းသန္တိ(မိုးမိတ်) (ဦးစိုးဦး)
ဝတ္ထုရှည် ဒုတိယ
စာမူ - မီးလျှံ
ရေးသူ - ဆရာကေတုလှနိုင် (ဦးလှမြင့်)
ဝတ္ထုရှည် တတိယ
စာမူ - မကြင်သာသည်ခင်ပါလျက်လည်း
ရေးသူ - မောင်ရည်ကျော် (ရူပ) (ဦးကျော်ဆန်းဦး)
ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆု
စာမူ - စာရိတ္တကို ပေါင်ခံသည် နှင့် အခြား ၀တ္ထုတိုများ
ရေးသူ - ဆရာ ရာမညဖိုးလပြည့် (ဦးဝင်းစိုး)
ဝတ္ထုတိုပေါင်းချုပ် တတိယဆု
စာမူ - ရင်နှင့်လွယ်သည် နှင့် အခြားဝတ္ထုတိုများ
ရေးသူ - ဆရာမ နန်းမိုးစောအောင် (ဒေါ်နန်းမိုးခမ်းအေင်)
ကဗျာပေါင်းချုပ် ပထမဆု
စာမူ - ပွဲဝင်စေတနာ မေတ္တာမော်ကွန်း နှင့် အခြားကဗျာများ
ရေးသူ - ဆရာမောင်လွမ်းနိုင် (စံပယ်ငုံ) (ဦးသောင်းကြည်)
ကဗျာပေါင်းချုပ် ဒုတိယဆု
စာမူ - တေးသီငှက်၏ ငြိမ်းငြိမ်းချမ်းချမ်း လန်းလန်းကြည်ကြည် ကဗျာစု
ရေးသူ - ဆရာအောင်သာဆန်း(သံတွဲ) (ဦးမောင်ရွှေ)
ကဗျာပေါင်းချုပ် တတိယဆု
စာမူ - ပန်းပုလဲသီသွယ်ကဗျာစုများ
ရေးသူ - ဆရာဇော်မျိုးဟန် (ငါးသိုင်းချောင်း) (ဦးဇော်မျိုးဟန်)
သုတပဒေသာ (၀ိဇ္ဇာ) ပထမဆု
စာမူ - သမိုင်းမှတ်တိုင် မြစ်သားဆယ့်တစ်ခရိုင်
ရေးသူ - ဆရာလင်းထိုက်တင်လှိုင် (ကျောက်ဆည်) (ဦးတင်လှိုင်ထွန်း)
သုတပဒေသာ (၀ိဇ္ဇာ) ဒုတိယဆု
စာမူ - သူငယ်တန်းမြန်မာစာသင်ပြမှုနည်းပညာ
ရေးသူ - ဆရာကျော်လှဝင်း (ပညာရေး) (ဦးငွေတိုး)
သုတပဒေသာ (၀ိဇ္ဇာ) တတိယဆု
စာမူ - ဟံသာဝတီခေတ် ဓမ္မစေတီးမင်းကြီး၏ကောင်းမှုတော်များ
ရေးသူ - ဆရာမယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန) (ဒေါ်ယဉ်ယဉ်မွန်)
သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ပထမဆု
စာမူ - ယမကာအရက် မိတ်ဖက်ရန်သူ
ရေးသူ - ဆရာလူလေး (မြစ်ဝကျွန်းပေါ်) (ဗိုလ်ကြီးကျင်ရီ-ငြိမ်း)
သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆု
စာမူ - လေထု၊ ရေထု၊ မြေထုတို့ ကမ္ဘာ
ရေးသူ - ဆရာဦးသောင်းငွေ (ဦးသောင်းငွေ)
သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) တတိယဆု
စာမူ - သက်ရှိအားလုံးအတွက် ရေ
ရေးသူ - ဆရာအေးကို (ဆယ်မြောင်း) (ဦးအေးကို)
စာပဒေသာ ပထမဆု
စာမူ - ခယောင်းလမ်းမှာ ပန်းဖြာဝေ
ရေးသူ - ဆရာဇော်လွင်ဦး (ဟင်္သာတ) (ဦးဇော်လွင်ဦး)
စာပဒေသာ ဒုတိယဆု
စာမူ - ပန်းဝတ်မှုံထုံကာသင်းလို့ရယ်နှင့် အခြားဆောင်းပါးများ
ရေးသူ - ဆရာမြင့်စိုး (နတလ) (ဦးမြင့်စိုး)
စာပဒေသာ တတိယဆု
စာမူ - ဆွမ်းတန်း
ရေးသူ - ဆရာမောင်သင်းလှိုင် (ဦးသန်းဦး)
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ပထမဆု
စာမူ - လော်ဝေါ်ရိုးရာ ယဉ်ကျေးမှုဓလေ့များ
ရေးသူ - ဆရာမြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) (ဦးမြတ်ဝေတိုး)
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဒုတိယဆု
စာမူ - အလှ အယဉ် မြန်မာ့ဓလေ့ပွဲတော်တစ်ခွင်
ရေးသူ - ၀ိဿဇ္ဇက(ပဲခူး) (ဦးဖြေ)
မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ တတိယဆု
စာမူ - ရှေးဟောင်း ကမ္ပည်းစာများ
ရေးသူ - ဆရာလှိုင်ဝင်းဆွေ (ဦးဝင်းမြင့်)
ကလေးစာပေ ပထမဆု
စာမူ - သဘာဝရဲ့ လက်ဆောင် ကလေးကဗျာများ
ရေးသူ - ဆရာနန္ဒာမိုးကြယ် (ဦးအောင်သန်း)
ကလေးစာပေ ဒုတိယဆု
စာမူ - ပန်းရတနာလေးများနှင့် ကလေးဝတ္ထုတိုများ
ရေးသူ - ဆရာမောင်သာမွှေး (ဦးစောသန်းမြင့်)
ကလေးစာပေ တတိယဆု
စာမူ - မှတ်သားစရာရတနာ ကလေးကဗျာများ
ရေးသူ - ဆရာကန့်ဘလူ ခင်မောင်ဆွေ (ဦးခင်မောင်ဆွေ)
လူငယ်စာပေ ပထမဆု
စာမူ - လက်ဆင့်ကမ်း အမွေ
ရေးသူ - ဆရာမောင်ဆန္ဒ(လယ်ဝေး) (ဦးစိုးပိုင်)
လူငယ်စာပေ ဒုတိယဆု
စာမူ - ဒုတိယဆရာနှင့် အခြား ၀တ္ထုတိုများ
ရေးသူ - ဆရာရဲမြတ်တင် (ဦးရဲဝင်း)
လူငယ်စာပေ တတိယဆု
စာမူ - ဆောင်းခိုငှက်တို့ နားခိုရာ လူငယ်ဝတ္ထုတိုများ
ရေးသူ - ဆရာမသွဲ့ထားညို(သက္ကလ) (ဒေါ်သန်းသန်းစိုး)
ပြဇာတ်ဒုတိယဆု
စာမူ - အိုမဝေးဘူး ရောက်လုပါပြီ
ရေးသူ - ဆရာ မောင်ဆန္ဒ(လယ်ဝေး) (ဦးစိုးပိုင်)
ဘာသာပြန် ပထမဆု
စာမူ - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု
ရေးသူ - ဆရာလင်းကိုကို (ဦးသန်းလင်း)
အင်္ဂလိပ်ဘာသာ ပထမဆု
စာမူ - Myanmar Marionettes
ရေးသူ - Ye Dway (ဦးရဲဒွေး)
အင်္ဂလိပ်ဘာသာ ဒုတိယဆု
စာမူ - The Compilation of the Traditional Mathematics Problems Ralated to the Nature and Culture of Myanmar
ရေးသူ - Shwe Chan Thet Paing (ဦးစိုးပိုင်)
အင်္ဂလိပ်ဘာသာ တတိယဆု
စာမူ - Culture and Beyond (Myanmar)
ရေးသူ - Meiji Soe (မေဂျီစိုး)
ရုပ်ရှင် အနုပညာရှင် များအတွက် အကယ်ဒမီဆု ဟာ မျှော်မှန်းချက် ကြီး တစ်ခု ဖြစ်သလို …. စာပေအနုပညာရှင် များအတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်ဆု များသည် အနုပညာ ထူးချွန်မှု ရဲ့ အသိအမှတ်ပြုချက် များဖြစ်ပါတယ် …။
သုတကြွယ်စေကြောင်း
လေးစားလျှက်
MgKaung