” အမုန်းတွေကို ကျော်လွန်ကြည့် ခြင်း”
အင်္ဂလိပ် လူမျိုး များဟာ သူတို့ နယ်ချဲ့ ခဲ့ တဲ့ ကိုလိုနီ နယ်တွေကလူတွေဆီမှာတောင်
အတုယူစရာမျိုးရှိရင် အတုယူတတ်ကြတယ်။
ကျွန်တော်တို့  လူမျိုးတွေကတော့ များသောအားဖြင့် ကိုယ့်ရဲ့ရန်သူဆီက ယူစ၇ာရှိရင်တောင်မယူတတ်ကြတာများတယ်လေ။
အေးအေးဆေးဆေးနေတတ်တဲ့ သဘာဝကြောင့်လား မသိပါဘူး။
တခါတလေ ကိုယ်မုန်းမိတဲ့ လူဆီက ဘာမှမကြားချင်တော့တာမျိုး ၊
အဆက်အဆံ မလုပ်ချင်တော့ တာမျိုး အကျင့်ဖြစ်လို့ နေတယ်။
တကယ်လို့ များ......
အဲဒီအမုန်းတွေကို ကျော်လွန်ပြီး ကြည့်ဖြစ်ခဲ့မယ်ဆို၇င် ဘယ်လိုအကျိုးတွေများလာမလဲဆိုတာ
တွေးကြည့်မိတယ်။
် ခုဆိုရင် ကျွန်တော် .........
အမုန်းတွေကို ကျော်လွန်ပြီး ကြည့်တတ်ခဲ့ပါပြီ ။
အများကြီး ပိတိဖြစ်စရာကောင်းပါတယ် ။ ကိုယ်မုန်းမိတဲ့လူဆီမှာလဲ
ချစ်စရာကောင်းတဲ့ အမူအကျင့်တွေ ရှိနေတတ်ပါလားဆိုတာတွေ့ လာရပါတယ်။
ဒါလေးကိုဝေမျှချင်လို့  ညီအကိုမောင်နှမများလဲ အများကြီးမဟုတ်တောင် တခါတရံ လောက်
အမုန်းတွေကို ကျော်လွန်ကြည့် ပါလို့ .......................။
ဇာနည်