ရွှေမြို့တော်သူ ရွှေမြို့တော်သားများ သာယာတဲ့ နေ့လေး ဖြစ်ပါစေ လို့ နှုတ်ခွန်းဆက်သ ပါတယ် ရှင် ..
အစီအစဉ်သစ်လေးတွေ စဉ်းစားရင်းတဲ့ ဒီ အစီ အစဉ်လေးကို တွေး မိတော့ ... ဖြစ်မှ ဖြစ်ပါ့မလားလို့ စိတ်ပူမိတယ် ။ နောက်တော့ ကြိုးစား ကြည့်အုံးမယ် ဆို ပြီး တင်ဖြစ်ခဲ့ပါတယ် ။
သူငယ်ချင်းလေးတွေ အားလုံး လဲ စိတ်ဝင်စားပြီး ဖြေ ဆိုပေးဖို့ တောင်းပန် ချင်ပါတယ် ရှင် ။
မေးခွန်း တစ်ခုပဲ မေးပါမယ် ။ အဖြေ ကတော့ ကော်မန်း ထဲမှာ ဖြေ ပေးသွားကြ ဖို့ တောင်းဆို ချင်ပါတယ် ။
ဒီ အစီအစဉ်လေး ကို ပို ပြီ ခိုင်မာစေချင်တဲ့ ရည်ရွယ်ချက်လေး ရှိပါတယ် ။
မှုံ စာ အုပ်တစ်အုပ်မှာ ဖတ်ခဲ့ ဖူးပါတယ် ။ လူ တစ်ယောက်ဟာ ဘယ်လောက်ပဲ တော်နေ ၊ တတ်နေပါစေ အသိပညာ နဲ လုံးဝ ပြည့်စုံနေပြီ ဆိုတာ မရှိပါဘူးတဲ့ ။ လူတိုင်းဟာ ပညာ ရပ်တိုင်းကို မသိနိုင်ဘူး ၊ မတတ်နိုင်ဘူးဆိုတဲ့ သဘောပေါ့ ။ ဒါကြောင့် မို့ ဒီ အစီအစဉ်လေးမှာ အသိခြင်း ဖလှယ်နိုင်ပါတယ် ။
ကိုယ် သိထားတာ တွေ ကိုလဲ သူငယ်ချင်းတွေ မျှဝေ ပေးပါလို့ တောင်းဆို ချင်ပါတယ် ။ ခံစားချက် တွေ ဖလှယ်တဲ့ သဘော လေးကို သက်ရောက်စေပါတယ် ။
သူငယ်ချင်းတွေ အားလုံး ခင်ခင်မင်မင်လေးပေါ့နော် ။
လူတိုင်းဖြေ တတ်မဲ့ မေးခွန်းတွေ ပဲ မေးမှာပါ ။ ဘာသာရေး ၊ အချစ် ၊ သုတ ၊ ရသ ၊ ဘ၀ အစုံ ပါအောင်လဲ စီစဉ်ထားပါတယ် ။
ဒီနေ့က တော့ အစ နေ့လေးမို့ ဘာသာရေးနဲ ပဲ စလိုက်ကြရအောင်ပါနော် ။
ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ...?
မေးခွန်းလေးကို ကိုယ် သိထား သလို ဖြေနိုင်ပါတယ် ။ နမူနာ အနေနဲ မှုံက အရင်ဖြေ ပြသွားပါမယ်။
သိလို့ ၊ တတ်လို့ တော့ မဟုတ်ပါဘူး။ ကိုယ့်ထက် သိတဲ့၊ တတ်တဲ့ လူရဲ့ အဖြေကိုလဲ လို ချင်ပါတယ် ။
သူငယ်ချင်းများအားလုံးလဲ အသိပညာ တို့းစေ ချင်တဲ့ ရည်ရွယ်ချက်လေးပါ ။
ကိုယ် သိတာလေးကိုပဲ ဖြေ ဆို ပြီး အငြင်းမပွားဖို့ အရင်ဆုံးတောင်ပန်း ချင်ပါတယ် ။ ဗဟုသုတ လဲရ ၊ အသိပညာလဲ တိုး ၊ ပျော်စရာ လဲ ကောင်းအောင် စီစဉ်တာပါ ရှင် ..
ဗုဒ္ဓဘာသာ ဆိုတာ ...
ကံ ၊ ကံ၏ အကျိုး ကို ယုံကြည်လက်ခံရမဲ့ ဘာသာတရား လို့ နားလည်မိပါသည် ။ ဘုရားရှင်က ကုသိုလ်ကံနဲ အကုသိုလ်ကံ တို့သည် အကြောင်းကြောင့် အကျိုးကို ဖြစ်စေသည်ဟု အဓိကဟော ပြ ဆို ဆုံးမခဲ့ သော ကြောင့် ကုသိုလ်ကို ရဲရဲဝံ၀ံလုပ် ၊ အကုသိုလ်မှန်သမျှကို ရှောင်ကျဉ်ရမှာ ဗုဒ္ဓ ဘာသာ ၀င်တို့ရဲ့ အကျင့်မြတ်ပါပဲ။ ထို့ကြောင့် ဗုဒ္ဓ ရဲ့ ဆို ဆုံးမ စကားကို ယုံ ကြည့် လက် ခံ သူမှ သာ ဗုဒ္ဓ ဘာသာဝင်စစ်စစ်ဖြစ်သည် ဟု မြင်မိပါသည် ။
အဖြေ ကော်မန်းလေးများကို စောင့်မျှော် လျှက် ပါ ။
အသိပညာ ဖလှယ်ရင်း ပျော်ရွှင်နိုင်ပါစေ ရှင် ...
ခင်မင်လေးစား လျှက် ...
ဆန္ဒမွန်ဖြင့် ..
မှုံ နံ.သာဖြူ ..