သတ္တိ ( ၃ ) မျိုး ထဲက စာရိတ္တ
နဒီ စာမရေးဖြစ်တာကြာသွားပြီးနော်၊လူတွေအကြောင့် ပြောရမယ်ဆိုရင် မကုန်စရာပါပဲ။ဒီတော့လူထဲက လူဖြစ်နေတဲ့ နဒီလ ည်။လူတွေအကြောင့်ပြောရအုံးမယ်။အခုပြောမှာက စာရိတ္တနဲ့ပါတ်ပြီး ပြောမယ်နော်။တစ်ချို့သောလူတွေကပြောကြတယ်။ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်။ဗျိုင်းနားလိုကိုင်းရတယ်စသည့်ဖြင့်ပေါ့ မြတ်စွာဘုရား ပါဠိ အဌကထာတွေမှာတော့ အနုမတ္တေသု ၀ဇ္ဖသုဘယ ဒဿဝီ။အနည်းငယ်သော အပြစ်၌သော်လည်း ကြောက်လန့်ဘွယ်ဘေးဟု ရှူမြင်ခြင်းသည် ရိုးသားဖြောင့်မတ်သော စာရိတ္တသတ္တိရှင်တို့၌သာ ရှိကြပေသည်။အကုသိုလ် ဒုစရိုတ်လမ်းသည် စုန်းလမ်းဖြစ်သောကြောင့် နည်းနည်းလုပ်မိသည်နှင့် ထိုက်ထက်တစ်ဆင့်တက်ပြီး များများလုပ်ဖို့ရန် မခဲယဉ်းတော့ပေ။ထိုကြောင့် မဃဒေ၀၌ အကုသိုလ်နှင့်ကုသိုလ်နှစ်ပါး၊မပြုသော်ခဲ၊ပြုသော်ရဲ၏ ဟုလာရှိသော လင်္ကာပိုဒ်လေးသည် ဤနေရာ၌ အလွန့်အလွန် အကျွမ်းတ၀င်ဖြစ်နေသဖြင့် မှတ်သားဘွယ် ကောင်းလှပါသည်။
အရင်းစစ်တော့ အမြစ်မြေကဟူသော စကားအတိုင်း တစ်ယောက်ချင်းကစ၍ တရားပျက်သောကြောင့် တစ်တိုင်းပြည်လုံး ပျက်ကြရခြင်းဖြစ်သည်။ထိုကြောင့် တစ်တိုင်းပြည်လုံး ကောင်းစားစေချင်လျှင် တစ်ယောက်ချင်းကစပြီး ပြင်ကြရမည်သာဖြစ်ပါတယ်။
နဒီရဲ့ စာရိတ္တသဘောတရားကို မီးမောင်ထိုးပြသကဲ့သို့သော ပုံပြင်တစ်ပုဒ်ကိုလည်း မှတ်သားရဘူးသည်။တစ်ခါတုန်းက ဖိုသူတော်တစ်ယောက်သည် ခရီးသွားရင်းဖြင့် အသင့်တွေရသော ပြောင်းခင်းတစ်ခင်းသို့ဝင်၍ ပြောင်းဖူးတစ်ဖူးကိုခူးယူပြီး အကာရွက်များကို ဖယ်ရှားလိုက်ရာ စားချင်းစရာ မကောင်းသော ကျိုးတိုးကျဲတဲ ပြောင်းဖူးစေ့အနည်းငယ်သာပါသည်ကိုတွေ့ရသည်နှင့်-
ညံ့လိုက်တဲ့ပြောင်းဖူးနယ်၊စားစရာအစေ့လေးတောင်ပြည့်စုံအောင် မပါဘူး ဟုပြောလိုက်သည်။ထိုအခါ ပြောင်းဖူးက -ဦးသူတော်၊ကျုပ်က အဆံများများပါအောင် ဖူးချင်းတာပေါ့၊ဒီပြောင်းပင်ကမှ သန်သန်မာမာနဲ့ အစေ့ပါအောင် ဖူးမပေးတာ ကျုပ်က ဘာတက်နိုင်မှာတုန်း ဟုတ်ပါ့၊ဒီပြောင်းပင်ကလည်း အစေ့များများပါအောင် ဘာကြောင့်ဖူးမပေးရသလဲ မသိဘူး။
ထိုအခါ ပြောင်းပင်က ဦးသူတော်၊ကျုပ်က အစေ့အပြည့်ပါအောင်ဖူးပေးချင်းပါတယ်။ကျုပ်ပေါက်လာရတဲ့ ဟောဒီမြေကမှ သြဇာမရှိတာ ဘယ်တက်နိုင်ပါ့မတုန်း
ဟုတ်သားပဲ၊မြေကြီးကလည်း ဘာလို့ မြေဆီသြဇာမရှိရသလဲမသိဘူး။ထိုအခါ မြေကြီးက ဦးသူတော်ရယ်၊မိုးကမှ မှန်မှန်မရွှာတဲ့ဟာ၊ကျုပ်မှာလည်း ဘယ်ကမြေဆီသြဇာရှိတော့မှာလဲ။
ဟုတ်သားပဲ၊ဒီမိုးကလည်း ဘာဖြစ်လို့မှန်မှန်မရွာတယ်မသိဘူး။ထိုအခါ မိုးက ဦးသူတော် ကျုပ်က မှန်မှန်ရွာပေးချင်တာပေါ့၊ဒီပြည်သူပြည်သားတွေကမှ အကျင့်စာရိတ္တမကောင်းကြတာ၊ဘယ်ရွာချပေးလို့ရမလဲ။
ဟုတ်သားပဲ၊ဒီပြည်သူပြည်သားတွေကလည်း ဘာဖြစ်လို့ အကျင့်စာရိတတ္တကောင်းအောင်မနေကြသလဲ မသိဘူး။ ထိုအခါပြည်သူပြည်သားတွေက ဦးသူတော် ကျုပ်တို့ကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ကမှ မင်းကျင့်တရားဆယ်ပါးနဲ့မညီတာ ကျုပ်တို့က ဘယ်လိုလုပ် အကျင့်စာရိတ္တကောင်းနိုင်တော့မှာလဲ။
ဟုတ်သားပဲ၊ဒီရှင်ဘုရင်ကလဲ ဘာဖြစ်လို့ မင်းကျင့်တရား ဆယ်ပါးနဲ့အညီ မအုပ်ချုပ်ရသလဲမသိဘူး။
ထိုအခါ ရှင်ဘုရင်က ဦးသူတော် ဘုရင်နဲ့တကွ တိုင်းသူပြည်သားအားလုံးတို့ ကိုးကွယ်ကြတဲ့ ဦးသူတော်ကိုယ်တိုင်က သူတစ်ပါးအခင်းထဲဝင်ပြီး ပြောင်းဖူးခိုးနေမှတော့ ကျန်တဲ့သူအားလုံး အကျင့်စာရိတ္တကောင်းနိုင်ပါတော့မလား ဟုပြောလိုက်သောအခါကျမှ ဦးသူတော်သည်။
ဟုတ်သားပဲ၊သူတစ်ပါး အကိုးကွယ်ခံဖြစ်တဲ့ ငါကိုယ်တိုင်ကမှ တရားပျက်နေရင် ကျန်တဲ့သူတွေ ပိုဆိုးတော့မှာပေါ့ ဟု သတိတရားဝင်ကာ သူကိုယ်တိုင်ကစပြီး တရားစောင့်မှ တစ်တိုင်းပြည်လုံးကလည်း တရားစောင့်လာကြသဖြင့် တိုင်းပြည်ကြီးလည်း သာယာဝပြော၍လာလေတော့ သတည်းဟု ပုံပြင်ကို အဆုံးသတ်ထားပေးသည်။
ထိုကြောင့် နဒီတို့အားလုံးမိမိကိုယ်တိုင်ကစပြီ ပြုပြင်တောမည်ဆိုလျှင် အသေးအဖွဲအပြစ်ကလေးများကစပြီး ပြုပြင်ကြရပေမည်။
နဒီ အမြင်မှာ တတိယထောင်စုနှစ် အစ ၂၁ ရာစုနှစ်ကာလတွင် တစ်ကမ္ဘာလုံး လူဦးရေ တိုးတက်သည်နှင့် အမျှ စာရိတ္တပျက်ပြားမှုသည် အကြမ်းဖျင်းအားဖြင့် ပွားများသထက် ပွားများ လာသည်။ ကျယ်ပြန့်ပွားများ လာသည့် အလျောက် တိုင်းပြည်များ၊ လူမျိုးများသည် ထိန်းမနိုင် သိမ်းမရ ဖြစ်နေချေပြီ။ အထူသဖြင့် လူငယ်လူရွယ်တို့သည် စည်းမဲ့ကမ်းမဲ့ သောင်းကျန်းနေကြသည်။ ယင်းသို့သော သောင်းကျန်းမှုကို သူတို့က ခေတ်မှီလှပြီ ထင်နေကြသည်။ ရှေးခေတ်မှာ ထွန်းကားခဲ့ သော စရဏတရားကို အမှတ်မထင် ပြုရုံသာမက ခေတ်မမီတော့ဟု သဘောထားကာ အဆိုအမိန့်များ ဆုံးမချက်များကို ပစ်လိုက်ကြသည်။ ရှေးဟောင်းစာပေးများ ကိုလည်း ခေတ်လွန်သော အဟောင်းအမျင်း များဟု သဘောထားကြသည်။ ယင်းအင်အားစုသည် လူငယ်လူရွယ်တို့ကြားတွင် အတော်များလာသည် ကို တွေ့ရသည်။စရဏတရားကို သရုပ်သဏ္ဌာန်ပေါ်သော ၀တ္ထု ကဗျာ ဆောင်းပါးများကို ပြက်ရယ်ပြုကြ သည်ကို တွေ့ရပါသည်။ အချို့လူငယ်တို့က စရဏတရားကို ပြောင်ပြောင်ပစ်ပယ် ကြသည်ကိုလည်း တွေ့ရသည်။ ခေတ်သစ်၌ ပေါ်ထွန်းသော လောကီအာရုံ ကာမဂုဏ်တို့ကို အမွှန်းတင်သော စာပေများကို စိတ်ဝင်စားစွာ ဖတ်ရှု၍ ကျေနပ်နေကြသည်။
လူငယ်လူရွယ်တို့သည် ပတ်ဝန်းကျင် အခြေအနေများ၏ ပယောဂကြောင့် ကိုယ့်ကျင့်တရား ပျက်ပြားခြင်းကိုပင် ခေတ်မီသည်ဟု ထင်နေကြသည်။ လူ့ဘ၀ စည်းစိမ်များကို စွဲမက်နေကြသည်။ ယင်းသို့ ကာမဂုဏ်များကို နှစ်သက်ကာနေ၍ ပြုလုပ်နေခြင်းကို ခေတ်မီသည် ၊ ခေတ်သစ်တွင် ခေတ်နှင့် အတူလိုက်မှ တိုးတက်သည်။ မိဘရိုးရာ ဘာသာတရားတို့ကို အထင်သေးသလို ဖြစ်လာကာ ဘာသာရေး ၌ စိတ်ဝင်စားမှု လျော့နည်း၍ လောကီးရေးတိုးတက်မှုများကို ကိုးကွယ်ကြချေသည်။ သူတို့ကို စေတနာဖြင့် သတိပေးမှုကိုပင် ပြက်ရယ်ပြုကြချေသည်။
ယခုဖော်ပြချက်များသည် တစ်ကမ္ဘာလုံးရှိ လူငယ်၊ လူရွယ်တို့သာမက လူကြီးများစွာ တို့ကလည်း ပေါ်ပင်တွေ ကို လိုက်စားကြချေသည်။ ပွင့်လင်းစွာ ဆိုရပါမူ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်များ၌ စာရိတ္တပျက်ပြားမှုသည် အခြားဒေသများထက် လျော့နည်း၍ ၀မ်းသာကျေနပ်မိပါသည်။ ထို့ကြောင့်ပင် နဒီတို့လို ကြီးရင့်သော ပုဂ္ဂိုလ်များက သတိပေးစကား ထပ်ခါထပ်ခါ ပြောနေကြရ ပါသည်။
သတ္တိ ( ၃ ) မျိုး ထဲက စာရိတ္တ သတ္တိ ဗုဒ္ဓက သတ္တိ ( ၃ ) မျိုး ရှိပါတယ်လို့ ဟောကြားတော် မူပါတယ် ... ယင်း တို့မှာ ...
( ၁ ) ကာယသတ္တိ ....
( ၂ ) စိတ္တသတ္တိ ....
( ၃ ) စာရိတ္တသတ္တိ .
သတ္တ၀ါအာလုံးကိုယ်စိတ်နှစ်ပါးကျမ္မာချမ်းသာကြပါစေ။
စာရေးသူ ဖျာပုံ-နဒီ
၂၃နာရီ ၄၄မီနစ်
၁၇.၁၂.၂၀၁၂ ကိုယ်တိုင်းရေးဖြစ်ပါတယ်။