သူခေါ်နေသံ နရံချပ်ခြား
ပဲ့တင်အားပြင်း လွမ်းချင်းတစ
ရေးမရအောင် ကျသည့်မျက်ရည်
ဝေ့၀ဲနေခဲ့...........။
ဘ၀ကြိုးဝိုင်း တံတိုင်းကာထား
ပိုင်းကာတားဆီး ရင်ထဲမီးစ
ထိုးဆွခံစား သိရဲ့လားဟင်......။
ခင်တွယ်လေနိုး မျှော်ကိုးနေလည်း
ရောင်ခြည်ကကင်း ခေါင်းမော့ခြင်းကြည့်
လင်းမရှိတာ ဆွေးပူသမျှ
ဘေးလူတွေမှ မသိပဲလေ.....။
အလွမ်းလည်းထိတ် နွမ်းသည့်စိတ်ကြောင့်
ဘ၀မိုက်မှောင် ခိုက်သည့်မောင်မို့
ချစ်ပန်းအလှ မြေခမှာစိုး
တန်ဖိုးမဲ့လက် ပန်းခက်မခြွေ
လွမ်းသက်ရှည်လည်း မျက်ရည်များကို
သက်သေလို့ပဲ ထားတော့မယ်။။။။။။။။
မင်းခယောက်င်္ကျား(ခ)မိုးတိမ်။။။။။။