ငယ်ရွယ်ပျိုပစ် ဆယ်ခြောက်နှစ်ဝယ်
နုထွားကိုဆိုင် ရနံ့လှိုင်ဖြင့်
ဖွံ့ဖြိုးခန္ဒာ စုံဖြာလှမျိုး
သရေတိုးပေါ့.....။
ကိုယ်၏အလှ ဘ၀င်ကြွရွှင်
ပိတီရင်ဖြင့် ပစ်မျိုးမှဲ့ထင်
အလှရှင်က မိဘဘိုးဘွား
ဆုံးမထားဆို စကားကိုလည်း
မထီမဲ့မြင် ချစ်စိတ်ကစား
မိုက်အားကသန် ခလေးဆန်ပေါ့.......။
ဟိုချိန်းသူသွား ဘစ်စကားဖြင့်
ရပ်နားမနေ တက်စီထွေလည်း
ကံမှောက်လည်းတော့ အင်းယားကန်ဘောင်
အရောက်ဆောင်နှင်း ချစ်ခြင်းနှီးနှော
မေ့မျှောခဏ ဒီချိန်မှပင်
ပန်းခလေးလည်း နွမ်းခဲ့ပြီ.......။
ကိုယ်ပျိုးသည့်ပန်း ရနံ့လှိုင်ဆင်း
လှခြင်းစိုပြေ တည်တံ့စေရေး
စောင့်စည်းသိက္ခာ ရှက်နှစ်ဖြာနှင့်
မိဘဘိုးဘွား ဆိုစကားကို
ရင်မှာသိမ်းအပ် ထိမ်းသိမ်းတက်က
ပန်းတကာပန်းလည်း မနွမ်းစေရာ......။
မင်းခယောက်င်္ကျား(ခ) မိုးတိမ်...။။။။။