တစ်ခါတုန်းက မြေခွေးတစ်ကောင်ဟာ လှပတဲ့နွေရာသီဦးမှာ တောင်ကုန်းကလေးရဲ့ဘေး စမ်းချောင်းလေးမှာ ရေသောက်နေပါသတဲ့။
အဲဒီအချိိိန် သူ့ရဲ့အောက်ဘက် ခပ်လှမ်းလှမ်းမှာ သမင်ပေါက်လေးတစ်ကောင်ကလည်း ရေသောက်နေတာကို တွေ့လိုက်ရသတဲ့။”အကြောင်းပြ
ချက် အပြစ်တစ်ခုခု ရှာရလျှင်တော့ ဒီကောင်ကလေးကတော့ ငါ့ရဲ့ ညစာဖြစ်ပြီပေါ့။“လို့တွေးမိသတဲ့။အဲဒါနဲ့”ဟေ့..မင်းလုပ်တာနဲ့ ငါသောက်တဲ့
ရေတွေ အနည်ထကုန်ပြီ။ဘယ်လိုလုပ်လိုက်တာလဲကွ။”သမင်လေးက”ဟာဗျာ မဖြစ်နိုင်တာ၊ဘာလို့လဲဆိုတော့ ရေတွေက ခင်ဗျားဘက်ကစီးကျ
လာတာဗျ။””ဒါဆိုရင် မနှစ်က ဒီအချိန် မင်းကငါ့ကို မကောင်းတဲ့နာမည်နဲ့ ဘာလို့ခေါ်လဲ။””ဒါလည်းမဖြစ်နိုင်ဘူး၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်
အသက်က အခုမှခြောက်လပဲ ရှိသေးတာ။”ဒါနဲ့ကောင်ကျစ်ယုတ်မာတဲ့ မြေခွေးက”အေး အဲဒါမင်း မဟုတ်ရင် မင်းအဖေပဲဖြစ်ရမယ်၊၊”ဆိုပြီး သမင်
လေးဆီကိုခုန်အုပ်ပြီး ကိုက်သတ်စားလိုက်သတဲ့။သမင်လေး သေလုဆဲဆဲ ပြောသွားတာကတော့”ကောက်ကျစ်တဲ့သူကို ဘယ်လိုအသနားခံ တောင်း
ပန်ချက်တွေကမှ အရာထင်မှာမဟုတ်ဘူး”တဲ့။
ကောက်ကျစ်ယုတ်မာတဲ့သူတွေဟာ ဘယ်သူ့ကိုမှမသနားတတ်ပါဘူး။
Aesop's Fables မှဘာသာပြန်ပါတယ်။