ထိုအပြင်အယူသည်းသော အနောက်တိုင်းအ
မျိုးသမီးများသည် မင်္ဂလာဆောင်အ၀တ်အစားဝတ်ပြီး မှန်ကို
မကြည့်ကြချေ။သို့ သော်လက်ထပ်ပွဲပြီးသွားလျှင်ကားသတိုး
သား၊သတိုးသမီး မှန်ရှေ့တွင်၇ပ်ကြသည်။ ထိုသို့ လုပ်ခြင်းသည်
ကံကောင်းသည်ဟုဆိုသည်။တစ်ဖန်မှန်ကြည့်နေသူတစ်
ယောက်၏ ပခုံးပေါ်မှကျော်ပြီးမှန်မကြည့်သင့်ချေ။မှန်
ထဲတွင်ပုံရိပ်နှစ်ခုပြူးပြီးပေါ်သွားလျှင် ပခုံးပေါ်မှကျော်ပြီး
အကြည့်ခံသူမှာသေသည်ဟူ၏တစ်ဖန်မှန်ကြည့်၇်ျမိမိကိုယ်မိမိ မမြင်ရပါလျှင် မကြာခင်သေတတ်သည်ဟု ဆိုကြသည်။ တရုတ်
များကမူကြည့်မှန်ကိုလက်ဆောင်ရရှိလျှင် ရာထူးကြီးကြီးနှင့်
သားသမီးရတနာရသည်ဟုယုံကြည်ကြ၏
မှော်နှင့်ကြက်
မှော်ဆန်သောကြက်အကြောင်းကိုဖော်ပြရလျှင်
အနောက်ဥေ၇ာတွင်အနတ်ေ၇ာင်ကြက်မှာအလွန်မှ အဖိုး
တန်လေသည်။ရှေးပြင်သစ်သားတို့ သည် လောကီအစီအ
ရင်ပြုလုပ်လိုလျှင်ညဥ့်သန်ခေါ်င်းယံအချိန်
လမ်းဆုံလမ်းခွတွင်ကြက်နတ်ကိုကိုင်ကာပိုက်ကာ ကြက်ေ၇ာင်း
မည်ဟုသုံးကြိမ်အော်လေသည်။ ထိုအခါမကောင်းဆိုးဝါးက ငွေထုတ်နှင့်ကြက်နတ်ကိုလာဝယ်သည်ဟူ၏
တရုတ်တို့ ကမူကြက်ဖအနီရုပ်ပုံကို ချိတ်ဆွဲထားလျှင် မီးကွင်းနိုင်ပြီး ခေါ်င်းတလားပေါ်
တွင်ကြက်အဖြူကိုတင်ထားပါက မကောင်းဆိုးဝါးကို
နှင်ထုတ်နိုင်သည်ဟူ၏ထိုကဲ့ သို့ ပင်မြန်မာတို့ ၏လောကီဆေး
ပညာတွင်လည်း ကလေးကိုခမည်းပေးလျှင် ကြက်ကိုအသုံးပြု
တတ်ကြလေသည်။ထိုထက်ထူးခြားသည်က သေ၇ခေတ္တ
ရခေတ် ငါတစ်ပါးမင်းသည် ဘုရင်ဖြစ်ရန် သိဒ္ဓိဓါတ်ရှိသော ကြက်ဦးခေါ်င်းကို ဘုန်းကြီးကျောင်းသားအရွယ်က စားခဲ့ လေ
သည်။ထိုကြောင့်ကြက်သည်လည်း မှော်ဆန်သောတ္တ၀ါပါပင်။
မှော်နှင့်သံ
မှော်ပညာများ၊မှော်အစီအရင်များနှင့်ပတ်သတ်
လျှင်မြန်မာတို့ သည်လည်းမခေပါ၊ အလွန်တရာမှကျွမ်း
ကျင်လိမ္မာသော လူမျိုးစုထဲတွင်ထည့်လို့ ရချေသည်။ ရှေးမြန်မာစစ်သူကြီးများသည်ပင် ဓါးများကိုအစီအရင်များ ဖြင့်ထုလုပ်ကြ၊သွန်းလုပ်ကြသလို ဓါးသွေးတာတောင်မှ အစီ
အရင်ဖြင့်သွေးခဲ့ ကြလေသည်။ဥပမာပြရသော် သရဒွေးဗေဒင်
ကျမ်းအလိုအရ ကြတ္တိကာနက္ခတ် မွန်းတည့်ချိန် စန်းယှဉ်ချိန်
တို့ တွင် ဓါးသွေးကြခြင်းဖြစ်သည်။ ထိုအပြင်လောကီပညာရှင်
တို့ စီရင်အပ်သော သံရှင်ဓါး၊ သံသေဓါး၊ အင်းဓါး၊ပြဒါးသေဓါး၊ ပြဒါးရှင်ဓါး ၊ဆေးဓါး၊ကိုးသင်္ချိုင်းဓါး ဟူပြီး ရာဇ၀င်တွင်ယ
နေ့ တိုင်ရှိနေလေ၏
ထိုသို့ စီ၇င်သောပစ္စည်းများကိုလေ့ လာပါလျှင် သံမှာ
အဓိကကျနေကြောင်းတွေ့ နိုင်လေသည်။ သံသည်မကောင်း
ဆိုးဝါးအားလုံးကြောက်ရွံ့ ကြသော သတ္တူပစ္စည်းပင်ဖြစ်လေ
သည်။ သို့ သော်သံသည် မကောင်းသောပစ္စည်းဖြစ်သော
ကြောင့် မွန်မြတ်သန့် စင်သောအရာများကိုပြုလုပ်လျှင် သံကိုအသုံးမပြုကြချေ။
မှော်နှင့်သင်္ကေတ
သင်္ကေတဟူသည် အမှတ်အသားအထိမ်း အမှတ်၊
ရည်၇ွယ် ချက်၊ ကိုယ်စားပြုသောအရာ ဟူပြီးအဓိပ္ပာယ် အမျိုး
မျိုး ဖွင့်နိုင်လေသည်။ ယဉ်ကျေးမူမထွန်းကားသေးသော
ခေတ်ကာလ(သို့ ) ဘာသာစကားဟူ၇်ျမခေါ်ဝေါ်နိုင်သေးသော
အချိန်က လူးသားတို့ သည်တစ်ဦးနှင့်တစ်ဦး သင်္ကေတများဖြင့်
ဆက်သွယ်ခဲ့ ရလေသည်။ ထိုသို့ လူသားတို့ သုံးစွဲခဲ့ သောသ င်္ကေတများသည်တန်ခိုးသတ္တိရှိခဲ့ လေသည်။ထိုကြောင့်အ နောက်တိုင်း ဂန္ဓာရီလောကတွင်ယင်းတို့ မှာအေ၇းပါလာသည်။