¸¸.•♥´¨`♥•.I•.¸¸am.•♥´¨`♥•.¸ ¸.• ¸loving.•♥´¨`♥•.¸you ¸¸.•♥´¨`♥•.I•.¸¸am.•♥´¨`♥•.¸ ¸.• ¸loving¸.•♥´¨`♥•.¸you ¸
¸.•♥´¨`♥•.I•.¸¸am.•♥´¨`♥•.¸ ¸.• ¸loving¸.•♥´¨`♥
ယုံကြည်ထားလိုက်နော်
နာရီတွေလည်ပတ်လို.
အချိန်တွေ..လည်ပတ်လို့၊
ရာသီတွေ..လည်ပတ်လို့၊
ဘာတွေ ဘယ်လိုပဲပြောင်းပြောင်း..
တို့နှစ်ဦးရဲ့အချစ်စစ်စစ်..
ေ ပြာင်းလည်း....မပြောင်းဘူး
ဟောင်းလည်း...မဟောင်းဘူး။
ယုံကြည်ထားလိုက်နော်...။
မြက်ဖျားကနှင်းလေး
မင်းကိုချစ်ရတဲ့..ငါ.ရဲ.ဘဝက
ချစ်ခြင်းတွေဖလှယ်လို..........
မြတ်နိုးမှုအပြန်အလှန်...
ထွေးပိုက်လို.ထားကြမယ်....
ချစ်သောကမုန်တိုင်းနဲ........
ဝေဒနာလှိုင်းတံပိုးတွေ.........
ဖြတ်ကျော်ရင်းကူးခတ်......
ပန်းတိုင်ကိုေ၇ာက်နိုင်မှ........
တို.နှစ်ယောက်ရဲ.အချစ်........
ရာနှုန်းပြည်.စစ်မှန်မယ်...........။
မင်းရဲ.လိုအပ်ချက်လေး
နွေရာသီမှာဆိုရင်
မင်းအတွက်ရေခဲမုန့် လေးဖြစ်ပါရစေလားး?????/
မိုးရာသီမှာဆိုရင်လည်း
မင်းနဲ့ပြေးလွှားဆော့ကစားတဲ့ဘောလုံးလေးဖြစ်ပါရစေလားးး????
ဆောင်းရာသီမှာလည်း
မင်းရဲ့ဘေးမှာယှဉ်ပြီးလမ်းလျှောက်ရသူဖြစ်ရပါစေသားးးးးးး။
အသက်တောင်တိုနိုင်တယ်
ဝေးနေကြရပေမယ့်...
စိတ်အာရုံမှာ ထင်ဟပ်နေတာ...
ချစ်သူလေးရဲ့ပုံရိပ်တွေပါ။
ပြန်ဆုံကြမယ့် အချိန်လေးကို...
ဝင်သက်ထွက်သက် သက်တိုင်းမှာ...
မပြတ်တမ်းသတိရမိနေလို့ ...
အသက်ရှုဖို့ တောင် မောင်ကြောက်နေမိတယ်။
ချစ်သူရေ....
မောင်အသက်မှ ရှည်ပါ့မလား?????ဟင်။
ဘာဖြစ်ဖြစ်ချစ်မယ်
အဲ.ဒါကောင်မလေးက
မနက်ဖြန်တိုင်းကိုမယုံကြည်သူ
မိုးရေထဲမှာ ကလေးတွေနဲ့ ကစားရတာကို နှစ်သက်သူ
လွှမ်းပိုင်ရဲ့ Rap သီချင်းကြိုက်သူ
မန်ယူအသင်းက ရွန်းနီရဲ့ပရိတ်သတ်
စိတ်ကောက်ဖို့ ကိုလည်း ဝန်မလေးသလို
စိတ်ပြေဖို့ လဲ ဝန်မလေးပြန်ဘူး။
တစ်ခါတစ်လေ ရုပ်တည်တည်နဲ့ ပေါ့
တစ်ခါတစ်လေ ပြီတီတီနဲ.
ဘာပဲဖြစ်ဖြစ်ပေါ.
သူ.ကိုကျွန်တော်ချစ်တယ်..........။
အချစ်အိမ်မက်
အလွမ်းပင်လယ်ပြင် ဖြတ်သန်းကြမယ်.
ကိုယ်တို.နှစ်ဦင်္းအတွက်
အကြင်နာလိုအပ်မယ်ထင်တယ်။
နှလုံးသားရွက်ကိုဖွင့်လို့ 
သံယောဇဉ် ကမ်းခြေကိုရောက်မှ
ကိုယ်တို့ ရဲ့ အချစ်ဗိမ္ဗာန်လေးကို
တည်ဆောက်ကြတာပေါ့ကွာ...။
ငါကျေနပ်ပါပြီ
မင်းကြိုက်တဲ့
အဆိုတော်တွေထဲက
လွှမ်းပိုင်တို့ 
ဘန်နဖြိုးတို့ လောက်
ငါ့ကိုမကြိုက်ရင် နေပါ။
မင်းခေါင်းမှာရှိတဲ့
"ညှပ်ကလစ်" လေးလောက်
ခင်တွယ်တယ်ဆိုရင်
ငါကျေနပ်ပါပြီ...။
အလွမ်းဝင်္ကပါ
အလွမ်းနေ့ ရက်
အလွမ်းနာရီ
အလွမ်းတေးသံတွေ
မကြားရတာ
ကြာခဲ့ပြီပဲ။
အလွမ်းကမ္ဘာရဲ့
အလယ်မှာ
အလွမ်းများစွာနဲ့
မင်းကို စောင့်နေဆဲပါ...။
မင်းကြောင်.
မင်းနဲ့တွေ့ ဆုံမှုကို
အိမ်မက်ထဲမှာထည်.ပြီး
သတိရခြင်းနဲ့ ရောစပ်လိုက်တာ
သံယောဇဉ် တစ်ခုဖြစ်သွားတယ်။
အဲဒီသံယောဇဉ်ကို
ဓာတ်ခွဲခန်းမှာ
အထပ်ထပ် စစ်ဆေးကြည့်လိုက်တော့
စွမ်းအင်တွေ အပြည့်နဲ့
အချစ်ဆိုတဲ့ အားဆေးဖြစ်သွားသတဲ့...။
အချစ်ဆိုတဲ့အားဆေးကို
တိတ်တဆိတ်မျိုချမိတဲ့ငါ
အခုညည
အိပ်မရတော့...။
တောင်းဆိုပါရစေ
ငါ့ရဲ့အသက်ဝိညာဉ်
မသေသေးသရွေ့ 
ငါအမြဲရှိနေမယ်။
တကယ်လို့ များ
သေသွားခဲ့မယ်ဆိုရင်တော့
မင်းရဲ့အနားမှာ
လိပ်ပြာလေးအဖြစ်နဲ့
ပျော်ရွှင်မှုတွေ
အမြဲပေးနေပါရစေ...။
ချစ်သူ
ု့ ပန်းလေးတွေ
ဘယ်လောက်ပဲမွှေးပျံ့ နေပါစေ။
မင်းရဲ့ သနပ်ခါးရနံ့ကို မမီဘူး။
ပန်းကလေးတွေ
ဘယ်လောက်ပဲ ယိမ်းကနေပါစေ။
မင်းစိတ်ဆိုးပြီး
ဆောင့်အောင့်သွားတာကိုတောင်မမီဘူး။
ပန်းကလေးရယ် ဘယ်လိုပဲပြိုင်ပြိုင်
မင်းရှုံးမှာမို့ 
ပြုံးပြုံးကလေးသာ
နေလိုက်ပါတော့..။
ပျော်သလိုနေပါ
ကျွမ်းနေပြီကွာ။
ဆေးလည်း မရှိတော့ပါဘူး။
မင်းထားခဲ့တဲ့အတိုင်း
နေခဲ့ရုံကလွဲရင် ငါဘာများ
တတ်နိုင်မှာတဲ့လဲ။
မင်းပျော်သလိုသာ
နေပါတော့...။
မင်းစိတ်တိုင်းကျ
ဘဝဆက်တိုင်းမှာ
မင်းနဲ့သာ ပေါင်းရမယ်ဆိုရင်
ငါ သစ္စာပြုရဲပါတယ်။
ဒီနေ့ ကစလို့ 
ကောင်မလေး မကြိုက်တာ
အကုန်ရှောင်ပါ့မယ်လို့ ပေါ့.။။
ကြောက်လို.ပါ
ငါမမှုဘူး။
မင်းငြိုငြင်သွားမှာကိုတော့
မိုးပြိုမှာထက် ကြောက်သူမို့ 
မင်းစိတ်ဆိုးတတ်တာတွေကို
ငါအမြဲရှောင်ခဲ့ပါတယ်...။
အလွမ်းတွေ လက်ဆောင်ပေးလိုက်တဲ့အတွက်
ငါ...မင်းကိုအရေးယူရလိမ့်မယ်။
ကြည့်စမ်း...အတင့်ရဲလိုက်တာ
ငါမဖိတ်ခေါ်ဘဲနဲ့
ငါ့အိပ်မက်ထဲ ရောက်လာတဲ့ကောင်မလေး
မင်းတရားလွန်နေပြီနော်
လျှက်တပြက်
တကယ့်လျှက်တပြက်လေးပါ
ငါမတောင်းဆိုပဲ
လက်ဆောင်တွေပေးလိုက်တဲ့
ခွင့်ပြုချက်မရဘဲ
ရောက်ရောက်လာတတ်တဲ့
ကောင်မလေးရေ
ငါ...မင်းကို
ချစ်လိုက်တာကွာ။
မင်းအတွက်ဆို
ငန်နေတဲ့ရေတောင်ချိုပေးပါ့မယ်။
မျက်စောင်းတော့ မထိုးပါနဲ့ချစ်သူ။
မင်းလေစိမ်းတိုက်ရင်တော့
ပင်လယ်ကြီးလည်းအအေးပတ်ပီးတော့
ဟတ်ချိုးချီတတ်တယ်။
ကာလာမချယ်ဘူး
အဲဒါကို ငါချစ်တယ်။
မင်းရဲ့ ပါးနှစ်ဖက်မှာ အရောင်မဆိုးထားဘူး
အဲဒါကို ငါချစ်တယ်။
မင်းရဲ့ ပါးနှစ်ဖက်က
ပြည်တွင်းဖြစ် ပါးပါးလေးကိုလည်း
ငါချစ်တယ်။
ကျန်တာတွေအားလုံးကိုလည်း
ငါချစ်တယ်။