ကျနော် အိမ်ပြန်ရောက်လို့ နောက်တစ်နေ့မှာ ကြီးကြိးတို့ ဖွားဖွားတို့ကို ကျနော့်မှာ ချစ်သူရှိနေပြီဖြစ်ကြောင်း
သီတင်းကျွတ်မှာ လက်ထပ်ချင်တယ် စတဲ့အကြောင်းတွေကို ဖွင့်ပြောတိုင်ပင်ပါတော့တယ်၊ အဲ့ဒီမှာ ကြီးကြီးက
ဘယ်သူ့သမီးလဲ ငါ့မြေး ကြာပြီလား တွေ့ထားတာက စသည်ဖြင့် မေးမြန်းဝေဖန်စစ်ဆေးပါတော့တယ်၊
ကျနော်က အကြောင်းစုံကိုပြောပြတော့ ဖွားဖွားက မိန့်မိန့်ကြီး နားထောင်နေတယ်၊ ကြီးကြီးကကတော့ ဟုတ်လား
ဒါဆို အရင်က မင်း ဖေဖေနဲ့ သိပ်ခင်ကြတယ်ကွယ့် ဒါပေမဲ့ နောက်ပိုင်းမှာ ကားအရောင်းကိစ္စတစ်ခုမှာ မင်းဖေဖေက
ဘာမှာသွားတာလဲ မသိဘူး အမှားလုပ်မိခဲ့လို့ ရော်လိုက်ရသေးတယ် အဲ့ဒီကတည်းက လူလေးဖေဖေက အမုန်းကြီးမုန်း
နေခဲ့တယ်လေ သူတို့ဘက်က နောက်ပိုင်းမှာ အခေါ်အပြောတော့ ရှိပါတယ် ငွေတွေလဲ ပြန်ပေးတယ် လူလေးကိုဖေဖေကိုလဲ
တောင်းပန်တယ်၊ ဒါပေမဲ့ လူလေးဖေဖေက သိတဲ့အတိုင်း လှေနံဓားထစ် တစ်ပေါက်သမားလေ လုံးဝမပတ်တက်ပဲနေခဲ့တယ်
လူလေး ဖေဖေသိရင်တော့ သဘောတူမယ်မထင်ဘူး ဒါပေမဲ့ လူလေး ဖေဖေလဲ မရှိတော့ဘူးလေ လူငယ်တွေကိစ္စ တို့လဲ
မပါဝင် မပတ်တက်ချင်ပါဘူး မင်းတို့ အချင်းချင်း အဆင်ပြေရင် ပြီးတာပါပဲ လို့ပြောပါတယ်။
အတိတ်က ဖေဖေရဲ့ဇာတ်ကြောင်းလေး ပြောပြတော့ ဖွားဖွားက မြေးလေးတို့လက်ထက်မှာ ပြဿနာမဖြစ်စေနဲ့ပေါ့ကွယ်
ဖွားဖွားတို့ကတော့ သဘောမတူဘူးရယ် ဟုတ်ပါဘူး မြေလေး သိထားသင့်တယ် ထင်လို့ ကြီးကြီးက ပြောပြတာပါ
ကဲ မြေးလေး သွားလို့ရပါပြီ တဲ့ ၊ ကျန်ာကလဲ ဟုတ်ကဲ့ ဖွားဖွား ကျနော် အလုပ်သွားတော့မယ်ဆိုပြီး ထွက်လာခဲ့ပါတော့တယ်..
ဒီလိုနဲ့ ချိန်းခဲ့တဲ့ တနင်္ဂနွေ နေ့လေးရောက်လာပါတော့တယ် ပန်းနဲ့ကျနော် မော်တော်ဆိုင်ကယ်လေး တစ်စီး စီနဲ့ ကျနော်တို့
နှစ်ယောက်ဆုံဆည်း၇ာ ရွှေတောင်ဦးဘု၇ားဆီသို့ ဦးတည်သွားပါတော့တယ်၊ ဘုရားမှာ နှစ်ယောက်သားစကားပြောဖြစ်ခဲ့ကြတယ်
ပန်းက ကိုယ်ရယ် တကယ်ဆိုရင် ကိုယ်နဲ့ပန်းတို့ ချစ်ခြင်းဟာ ခုချိန်မှာတော့ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ အမြဲတမ်းပြည့်
နှက်နေတယ်နော် နောင်တစ်ချိန်မှာ ဒီလို ပျော်ရွှင်မှုမျိုးတွေနဲ့ပဲ ကြုံချင်တယ် ကိုယ်ရယ်...၊
ကျနော်က ပန်းလေးရေ.ကိုယ်ကြိုးစားမှာပါ ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းမှာ ဘယ်အနောက်ယှက်မှ ၀င်မလာစေရဘူး
သိလား အမြဲတမ်းအချိန်တိုင်း ပန်းရဲ့ရှေ့မှာပဲ ကိုယ်ရပ်တည်နေမှာပါ ဘယ်လို အခက်ခဲပဲဖြစ်ဖြစ် မပျက်သောသံယောဇဉ်တွေနဲ့
ရစ်ပတ်ပြီး ကျော်ဖြတ်ကြမယ်နော်..လူလောကကြီူးရဲ့အခက်ခဲတွေကို ကိုယ်ထိုက်သလောက်တော့ နားလည်ပါတယ် တို့နှစ်ယောက်
ရဲ့ချစ်ခြင်းတွေနဲ့ပဲ ပျော်ရွှင်စရာ ကမ္ဘာလေးတစ်ခု ဖန်ဆင်းကြမယ်နော် ကျနော်ပန်းရဲ့ပုခုန်းလေး ကို ဆုပ်ကိုင်ပြီး ဟော့ဒီ
ပူနွေးနေတဲ့ တွက်လက်ကလေး မဖြုတ်သရွှေ့ ပန်းဘ၀မှာ..ဘယ်အခါမှ စိတ်မဆင်းရဲစေရဘူး ပျော်ရွှင်မှုတွေနဲ့ပဲ ပြည့်နှက်
နေစေရမယ်နော် ပန်းရေ..ယုံကြည်စိတ်ပါနော်...၊
ပန်းက ယုံပါတယ် အစ်ကိုရယ်..ပန်းဘ၀က ခုချိန်ထိ မိဘတွေရဲ့ အလိုလိုက်မှု ထိန်းချုပ်မှု တွေနဲ့ ပဲ ကလေးတစ်ယောက်လို
နေထိုင်လာခဲ့တယ်၊ မိဘတွေရဲ့ ဂရုစိုက်မှု့က ပန်းတို့ရှဲု့ချစ်ခြင်းမှာ အနောက်ယှက်တွေ ဖြစ်လာမှာ စိုးမိတယ် အစ်ကို..
ပန်း လှောင်အိမ်ထဲက ငှက်ကလေးလိုပဲ သိလား လက်ရှိအနေထားမှာ အစ်ကိုက ပန်းရဲ့ချစ်သူ ဘ၀မှာ လက်တွဲဖေါ်အဖြစ်
ရွေးချယ်ထားတဲ့သူပါလို့ ဖွင့်ပြောလိုက်ရင် ဖေဖေတို့ သဘောတူပါ့မလား ဆိုတာ ခေါင်းထဲရောက်လာလို့ စိတ်ပူပြီး မျက်ရည်
ကျရတဲ့ နေ့လေးတွေလဲ ရှိခဲ့တယ် အစ်ကိုရယ်.....
ကျနော်လဲ ပန်းရဲ့စကားတွေကိုနားထောင်ပြီး အတိတ်က ဖေဖေတို့ အကြောင်းကိုပန်းလဲ သိထားပြီး ဖြစ်နေပြီဆိုတာ
နားလည်လိုက်ပါတော့တယ် ပန်းရယ် သိပ်မပူးပါနဲ့နော် အဆင်ပြေမှာပါ လွမ်းရဲ့ ဖွားဖွားတို့ က ဘာမှမပြောချင်ဘူးတဲ့
မင်း တို့လူငယ်ချင်း အဆင်ပြေရင် ပြီးတာပဲတဲ့ လေ ပန်းဖေဖေတို့ဘက်က အရင်ကတည်းက ဖေဖေကို ပြန်တောင်း
တယ်တဲ့ ဖေဖေက ခွင်မလွှတ်ခဲ့ပေမဲ့ စိတ်နာနေလို့ ခွင့်မလွှတ်နိုင်တာပါလို့ နားလည်ခဲ့ကြတယ် လေ..ပန်းဖေဖေက
လူကြီးလူကောင်းပါ အဲ့ဒီကိစ္စကြောင့်တော့ လွမ်းနဲ့ ပန်းတို့ရဲ့ချစ်ခြင်းကို ခွဲမယ်မထင်ပါဘူး..
ကျနော်တို့နှစ်ယောက်စကားပြောပြီူး ပြန်လာခဲ့ကြတယ် အပြန်လမ်းမှာ အတွေးကိုယ်စီ စိုးရိမ်းမှုကိုယ်စီနဲ့ပေါ့
တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့ကြတယ်၊ ပန်းရဲ့ဖေဖေ မေမေတို့ဘက် အဆုံးဖြတ်ပေါ်မှာ မူတည်နေတယ်ဆိုတာ
အားလုံးကသိနေတာ ဖြစ်လို့ ကျနော်တို့နှစ်ယောက် ဘ၀ခရီးလမ်းမှာ ပန်းရဲ့ဖေဖေမေမေတို့ကတာ အရာရာမှာ
စိုးမိုးနေခဲ့တော့တယ်.....။
လက်ဆက်ကြိုးစားပါအုံးမယ်
အားလုံးကိုလေးစားလျက် လွမ်းသစ္စာ(ကိုယ်တိုင်ရေး)
******စံလွန်းတင်******