☺☺☺ မမခရေ ကိုမေးပါ.. ဖြေပေးမှာ ☺☺☺
အချစ်က အရာရာကို ပြောင်းလည်းစေတယ့်တယ့်..
အချစ်ကြောင့် လူတွေဟာ ကျဆုံးတတ်ကြတယ်တယ့်…
အချစ်က ပူလောင်စေတယ် တယ့် … ပူမှန်းသိပေမယ့် လည်း ချစ်ကြတာပဲလေ..
ခရေ ကိုယ်တွေ့ လေးကို ပြောပြချင်လို့ ပါ.. အချစ်ကြောင့် လူတွေတွေးတာတွေ ပြောင်းလည်းတာတွေပေါ့။ ခရေတို့ ဟိုတယ်မှာ မြန်မာ တွေအယောက် ၂၀ လောက်ရှိတယ်လေ.။ အထဲမှာ တချို့ က ချစ်သူတွေဖြစ် လက်ထပ်ကြတယ်။ တချို့ က လက်ထပ်ဖို့ စောင့်နေကြတယ်။
အဒိထဲက ကောင်မလေး က လုပ်နေတာ နှစ်နှစ်ရှိပြီ။ သူများတွေလို ရည်းစားမထားဘူး။။ ဘယ်သူ က ကြိုက်တယ် ပြောပြော လည်း စိတ်မဝင်စားဘူး။ သူကို အားလုံးက ယောက်လျှာလေးလို့ စကြတာလေ။
နောက်ပိုင်းကြတော့ သူလေးက ဂျာမန်ကနေ အလုပ်လာလုပ်တယ့် ကောင်လေးနဲ့ ချစ်သူတွေဖြစ်သွားကြတယ်လေ။ တချို့ ကတော့ လူမျိုးခြားကို မချစ်ကြဘူး။
ဒါပေမယ့် သူတို့ တွေလည်း ပထမတော့ စိတ်မဝင်စားကြဘူး။ မြန်မာပီသကြတယ်လေ။ ဘယ်လို ပဲဖြစ်ဖြစ် ဒီ ကောင်လေးနဲ့ တွေ့ တော့အချစ်ကြောင့်ပဲဖြစ်မယ်။
ချစ်သူတွေဖြစ်သွားရော။ ကောင်လေးက နေတာက ဥရောပလို နေရာကနေ ကောင်မလေးက အာရှလိုနေရာကနေ အချစ်ကိုတွေ့ တော့လည်း မလွန်ဆိုင်နိုင်ကြတော့ဘူး။
အဒိမှာ ခရေက ဆရာမကြီးလေ ။ သူများတွေကို ကူညီရတာ ဝါသနာကပါတယ်။ တခြားတော့မဟုတ်ပါဘူး။ မြန်မာ စကားပြောသင်ပေးတာပါ။ ကောင်လေးက ကောင်မလေးကိုချစ်နေတော့ မြန်မာစကားလေးတွေ ပြောတတ်ချင်တယ်လေ။
ခရေက အလွယ်တွေပေါ့ အသုံးများတာတွေ သင်ပေးတယ်။ မင်္ဂလာပါ။ ကျေးဇူးပါ။ ချစ်တယ် ။ နေကောင်းလား ။ လွမ်းတယ်။ အလို စကားလုံးမျိုးလေးတွေကို သူက မှတ်ထားပြီးလိုက်ပြောတယ်။ မြန်မာတွေ တွေ့ တာနဲ့ နှုတ်ဆက်တော့တာပါပဲ။ ဟိုတယ်က မြန်မာ မှန်သမျှ နှုတ်ဆက်တယ်လေ။
ဒီနေ့ ကျတော့ ကောင်လေးက တဆင့်တက်ပြီး ဆရာမကြိး ခရေကိုမေးပါတယ်။ အင်္ဂလိပ် မြန်မာ အဘိဓာန်စာအုပ်ရှိလားတယ့် ။ ( Myanmar Dictionary ) ပေါ့။ ခရေကပြောလိုက်တယ်။ အလို စာအုပ်က အင်္ဂလိပ်ကနေ မြန်မာ အဓိပ္ပာယ်ကို ပြထားတာ မြန်မာလို ရေးထားတာ သူဘယ်နားမလဲ။
သူ မေးတယ့် အဓိက က သူမြန်မာစာကို ခရေတို့ လို ပြောတတ်ချင်တာလေ။ ခရေတို့ က အောက်လက် တူတူလုပ်ကြတော့ မြန်မာ ၇ ယောက်လောက်က တနေရာထဲ မန်နေဂျာလစ်လို့ ကတော့ မြန်မာလိုပဲပြောကြတာလေ။
အဒိတော့ သူကလည်းနားထောင်ပြီး ပြောတတ်ချင်တယ်။ သူ့ ချစ်သူ ကို ပြန်ပြောချင်တယ်လေ။ မြန်မာနိုင်ငံမှာတော့ တချို့ နိုင်ငံခြားသားတွေက မြန်မာစာ ဘွဲ့ လာယူကြတယ် ။ အဒိတော့ သင်ရိုးရှိပါလိမ့်မယ်။ ခရေကတော့ ဝပ်ဆိုက်က ရှာပေးမယ်ပြောလိုက်တယ်။
ခရေတို့ နိုင်ငံကိုလည်း သူက လာဖို့ ကို စုံစမ်းနေပြီ လိုက်နေမယ်။ သူ ကောင်မလေးကို ချစ်တယ်တယ့် ။ ခရေ ခံစားမိတာကလေ လူမျိုးမတူ ဘာသာမတူ ။ အသွေးအရောင် မတူ ။ အစားအသောက် မတူ ။
အဒီလို လူမျိုးတွေတောင် အချစ်ကို အလေးထားလို့  လက်ထပ်ဖို့ တူတူ တဘဝလုံး ကို ဆက်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ခရေတို့  ဘာသာတူ လူမျိုးတူ အသွင်အပြင်တူတွေ လူတွေက ဘာလို့ များ လှည့်စားချင်ကြလည်း မသိဘူးနော်။
နောက်တချက် ခရေ သတိထားမိတာက အနောက်တိုင်းက လူတွေက ချစ်မိပြီ တဘဝလုံးကို တန်ဖိုးထားပြီး ချစ်ခဲ့တယ်ဆိုရင် ဘယ်အသက်အရွယ်ရောက် ဘယ်အချိန်ဖြစ်ဖြစ် မြတ်မြတ်နိုးနိုးရှိကြတယ်။
ခရေ တို့ ဟိုတယ်မှာဆို ဂျာမန်တွေ ၊ ရုရှားတွေဆို တော်တော်အသက်ကြီးနေကြပြိ ခြောက်ဆယ် ခုနစ်ဆယ်ကျော်နေပြီ။ နှစ်ယောက်တည်းလာတယ်။ တယောက်ကို တယောက်ဖေးဖေး မမ နဲ့ ချစ်ကြတယ်။
အချစ်က လူတွေရဲ့ စိတ်ကို နူးညံ့ စေတာပါပဲနော်။ ပြောင်းလဲစေတာ အမှန်ပါပဲနော်။ လူတိုင်းလူတိုင်း အချစ်ကြောင့် ငိုခဲ့ရတယ်။ ပူလောင်ခဲ့ရတယ်။ ပျော်ရွှင်ခဲ့ရတယ်။ ကြေကွဲခဲ့ရတယ်။
ဒါပေမယ့် လည်း အချစ်ကိုတော့ မစွန့် လွှတ်နိုင်ကြပါဘူး။ အားလုံး မောင်လေးညီမလေးတွေလည်း သာယာတယ့် စစ်မှန်တယ့် အချစ်နဲ့ တွေ့ ဆုံလို့ ပျော်ရွှင်ကြပါစေလို့ ..
မမခရေ ကနေ ဆုတောင်းပေးပါတယ်နော်။ ပျော်ရွှင်ကြပါစေ..
ခရေ
( ကြိုးစားပါအုံးမည်)