Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***တွေ့ဆုံကြုံကွဲ***

$
0
0
တူသောအကျိုးကို ဘယ်သူရှောင်လွှဲနိုင်တာမှတ်လို့။ ပြုံးပြုံးလေးသာခံယူလိုက်ပါ။ Credit- Ei Khaing
တွေ့ဆုံကြုံကွဲဆိုတာ လူ့ဘ၀မှာ အမြဲတမ်းကြုံတွေ့နေရတဲ့ အရာတွေပါ။
တွေ့ဆုံခြင်းဆိုတဲ့နောက်မှာ ခွဲခွာခြင်းက ကပ်လျက်ပါလာပါတယ်။
အဲဒါကြောင့်လဲ တချို့က ခွဲခွာခြင်းရဲ့အစဟာ တွေ့ဆုံခြင်းလို့ ပြောကြပါတယ်။
ခုလိုအွန်လိုင်းဆိုတဲ့လေလှိုင်းလေးမှာတွေဆုံကြတာရေစက်ကြောင့်ပါပဲ။
တရပ်ကွက်ထဲနေပေမယ့်အကြောင်းမတိုက်ဆိုင်တော့ လူချင်းမသိနိုင်ပါဘူး။
ဝေးတမြေကိုရောက်မှပြန်လည်တွေ့ဆုံကြရတာတွေလည်းဖြစ်နေကျပါ။ အဲလိုအကြောင်းအကျိုးတိုက်ဆိုင်လို့ တွေ့ဆုံနေရတဲ့အချိန်လေးမှာ
ချစ်တာ မုန်းတာ သနားတာ အမြင်ကပ်တာ စတဲ့ အဖြစ်အပျက်မျိုးစုံကိုလဲ ခံစားရမယ်။

တကယ်တော့ရှင်းတို့တွေကခရီးသွားဧည့်သည်တွေပါပဲ။
ခရီးချင်းလည်းမတူသလိုပန်းတိုင်းချင်းလည်းမတူညီကြပါဘူး။
သွားနေတဲ့လမ်းတစ်လျှောက်ပန်းခင်းလမ်းရှိသလိုဆူးခင်းလမ်းလည်းရှိတယ်။
သွားနေတဲ့လမ်းမှာနှ တဦးနဲ့တဦး လှည့်ကြည့်မိတဲ့ အခါ ကိုယ့်ကို သဘောကျလို့
တချို့က ပြုံးပြနေပေမယ့် ကိုယ့်ကို မကြိုက်တဲ့လူတွေကလည်း မဲ့ချင်မဲ့နေမယ်။
ကိုယ်က နှုတ်ဆက်လိုက်လို့ သူ့မှာ စိတ်ရှုတ်နေတဲ့အခါ
ကိုယ့်ကို ဆဲချင်လဲဆဲသွားမှာပါပဲ။
အဲလိုခဏတာလေးမှာ ဖြစ်ပျက်သွားတာတွေက အများကြီးပါပဲ။ကိုယ့်ကိုမတူမတန်သလို
ဆက်ဆံတဲ့လူရှိသလိုကိုယ်အပေါ်အထင်အမြင်သေးဆက်ဆံတဲ့လူလည်းရှိနိုင်ပါတယ်။
အားလုံးဟာ ကိုယ့်ဦးတည်ရာ လမ်းကြောင်းကို ကိုယ်သွားကြတာပါပဲ။ ခုတခဏဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးဟာလဲ အတိတ်မှာ ကျန်နေခဲ့တာပါပဲ။ စက္ကန့်ပိုင်းလေးမှာ တွေ့ဆုံခဲ့ရတဲ့ လူတွေဟာ နောင်ဘယ်တော့မှ ပြန်တွေ့မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

အခုခရီးတစ်ထောက်နားတုန်းမှာတွေ့ပေမယ့်လည်းနောက်ထက်
ခရီးတွေသွားချိန်မှာတွေ့ချင်မှလည်းတွေနိုင်မှာပါ။
ကိုယ်ပန်းတိုင်ကိုယ့်ဦးတည်ရာကို လျှောက်လှမ်းနေကြတာပါပဲ။
ရှင်း လည်း ခင်တွယ်ရတဲ့ မိတ်ဆွေတွေ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေမောင်နှမလို သံယောဇဉ်တွယ်မိတယ်။ ဒီမြို့လေးနဲ့မောင်နှမတွေ ခင်တွယ်မိတယ်။ 
ဘယ်အချိန်ခွဲခွာရမလဲဆိုတာ မသိနိုင်ပါဘူး။ မခွဲခွာချင်ပေမယ့်လည်း
ဘ၀မှာ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ လုပ်သင့်တာတွေအတွက် ခွဲခွာကြရဦးမှာပါပဲ။
စိတ်ဆိုးစိတ်ကောက်မိတဲ့အခါဒီလိုလေးနှလုံးသွင်းရင်း

သူမှ ကိုယ်မဟုတ်ပဲ

တခါတလေမှာ ကိုယ်လုပ်သလို တခြားလူတွေကိုလဲ လုပ်စေချင်တယ်။ ကိုယ်ဖြစ်သလို တခြားသူတွေကိုလဲ ဖြစ်စေချင်တယ်။ အဲလိုဖြစ်စေချင် လုပ်စေချင်သလို ဖြစ်မလာခဲ့ရင် စိတ်မှာ ပူဆွေးသောကရောက်တာ ဒေါသဖြစ်တာတို့ ဖြစ်တတ်ကြတယ်။ ကိုယ်ကလုပ်ချင်ပေမယ့် သူက ကိုယ်မှမဟုတ်တာပဲ။ အဲဒီတော့ ကိုယ်မဟုတ်တဲ့ သူတွေကို ကိုယ့်လိုဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
အဲဒီအတွက် စိတ်ထဲမှာ ဘာပူပင်မှု ဘာဒေါသမှ မဖြစ်ရအောင် သူက ကိုယ်မှမဟုတ်တာပဲဆိုပြီး နှလုံးသွင်းထားနိုင်ရင် အကောင်းဆုံးပါပဲ။

အငြိုးဖွဲ့လျှင် ရန်မငြိမ်း

“ငါ့ကို သူဆဲဖူးတယ်။
ကဲ့ရဲ့ဖူးတယ် အပြစ်ပြောဖူးတယ်၊
ငါ့ကို သူချဖူးတယ်။
ထိုးဖူး ရိုက်ဖူးတယ်။
ငါ့ကို သူမတရာအနိုင်ယူဖူးတယ်” လို့
ထပ်တလဲလဲ တွေးတောပြီး
ရန်ငြိုးဖွဲ့နေမယ်ဆိုရင်
တစ်ကြိမ်တစ်ခါ ဖြစ်ခဲ့ဖူးတဲ့ရန်က
နှစ်ဦးနှစ်ဖက်လုံးအတွက်
ဘယ်တော့မှ
မငြိမ်းအေးနိုင်တော့ပါဘူး။

အရှင်ဆန္ဒာဓိက
မြို့သူ.မြို့သားမောင်နှမအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာလိုအင်ပြည့်ပါစေရှင်။
လိုရာခရီးပန်းတိုင်လျှောက်လှမ်းနိုင်ပါစေ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>