မေမေ
သီတင်းကျွတ်ပြန်ပြီ မေမေ...ဒီရက်ဆို မေမေကဘုန်းကြီးကျောင်းရောက်နေမှာပေါ့။
သားကတော့ မေမေ့ကို အဝေးကနေ ကန်တော့ရင်း မျက်ရည်ကျချင်လောက်အောင်
လွမ်းနေရပါတယ်မေမေ။ သားသူငယ်ချင်းတွေလဲ ပျော်နေမှာပေါ့နော်။
မေမေ
နောင်ဘ၀တွေများမှာ မိသားစုနဲ့ ခွဲနေရမှ အဆင်ပြေမည့် ဘ၀မျိုးနဲ့ မကြုံချင်ဘူးမေမေ
သားဒီလိုပြောတာ မေမေသာသိရင် မေမေ မျက်ရည်ကျမှာပေါ့နော်။တကယ်ပါမေမေ။
ပျော်ရာမနေရ တော်ရမှာနေရ ဘ၀ကို ကြံ့ကြံ့ခံ၊ ဆန္ဒတွေကို မျိုချ၊ ခွန်အားကို အရင်းပြုပြီး
အိမ်ပြန်ချင်လို့ သားကြိုးစားနေတယ်မေမေ...။
မေမေ
သားဆိုးသမီးဆိုးမဟုတ်ပေမဲ့ လိမ္မာဖို့ မကြိုးစားခဲဖူးတဲ့သားပါမေမေ။ ခုမေမေနဲ့ ဝေးနေရမှ
မေမေ့ရင်ခွင်ရဲ့  နွေးထွေးမှုလေးကို သားပိုပြီးတန်ဖိုးထားတက်လာတယ်မေမေ။သားလိမ္မာနေပါပြီ။
သာမျက်နှာလေးညှိုးမှာဆိုးတဲ့မေမေ...သားမျက်နှာမှာချွေးစတွေတွေ့ ရင် မေမေမျက်ရည်ကျဦးမှာပေါ့။
မေမေ
မေမေချက်တဲ့ ဟင်းလေးတွေသားစားချင်လိုက်တာမေမေ။ဒီလိုပြောနေတာမေမေသိရင်
သားဆီပို့ ချင်မှာပဲနော်။ မေမေရေ...မေမေ နေမကောင်းတာသားသိတော့ သားဝမ်းနည်းတယ်မေမေ
သားနေမကောင်းရင်တော့ ငါ့သားလေးအဝေးမှာတစ်ယောက်ထဲဆိုပြီး မေမေလည်းဝမ်းနည်းမှာပေါ့နော်။
ဒါကြောင့် မေမေအတွက် သားနေမကေင်းဖြစ်လဲ အမြဲနေကောင်းနေပါ့မယ်မေမေ။
နောက်နှစ်သီတင်းကျွတ်ရင်လည်းသားမေမေဆီ မပြန်နိုင်သေးဘူးပေါ့နော်။
ဒီလိုနဲ့ ပဲ မေမေ့ကိုသတိရလွမ်းဆွတ်ရင်း အဝေးတစ်နေရာက မေမေရဲ့ သား ဒီနေရာလေးကနေ
ဖေနဲ့မေကို ကန်တော့လိုက်ပါတယ် ဖေဖေနဲ့မေမေကျမ်းမာ ချမ်းသာပါစေ