Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရှားပါးပုဂ္ဂိုလ်နှစ်ယောက်

$
0
0

မြတ်စွာဘုရားဟာ လောကကြီးအတွက်ကျေးဇူးစပြုတဲ့ပုဂ္ဂိုလ်ထူးဖြစ်တာကြောင့် ပုဗ္ဗကာရီလို့ဆိုခဲ့ပြီးပါပြီ၊ ကတညူကတဝေဒီပုဂ္ဂိုလ်ထူးဖြစ်ပုံကိုလည်း ဆိုပါဦးမည်---ပွင့်ဟောသင်္ကဿာ၊ ကျောင်းတော်ရာ၊ မှတ်ပါအ၀ိဇဟိတ၊ လေးဌာန-ဆိုတဲ့အတိုင်း ဘုရားရှင်တိုင်း မစွန့်လွှတ်အပ်တဲ့အရာ လေးဌာရှိပါတယ်။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူတဲ့ ဂယာရှိ မဟာဗောဓိ၊ ဗာရာဏသီပြည်ရှိ ဓမ္မစကြာတရားဦးကို ဟောတော်မူရာဖြစ်တဲ့ မိဂဒါဝုန
်တော၊ တာဝတိံသာနတ်ပြည်မှ အဘိဓမ္မာတရားကို ဟောပြီးပြန်ကြွတော်မူရာဖြစ်တဲ့ သင်္ကဿနဂိုရ်၊ သာဝတ္ထိပြည်ရှိ ဇေတ၀န်ကျောင်းတော်၌ ဂန္ဓကုဋီတို့ဖြစ်ပါတယ်။ နယူးဒေလီကနေ နံနက်အစောကြီးထွက်လာခဲ့တာ ညနေ နေမ၀င်မှီ သင်္ကဿနဂိုရ်ကိုရောက်ရှိခဲ့ပါတယ်၊ ညနေနေ၀င်ခါနီးဖြစ်တဲ့အတွက် တည်းခိုစရာကျောင်းရောက်ရောက်ချင်း အချိန်ကိုလုပြီး အနားမယူသေးဘဲ အ၀ိဇဟိတဌာနတစ်ခုဖြစ်တဲ့ တာဝတိံသာက ပြန်ကြွလာရာကို အပြေးအလွှား ဖူးမျှော်ကန်တော့လိုက်ရပါတော့တယ်၊ ယခု အခါမှာတော့ အမှတ်အသားအခိုင်အမာက အသောကမင်းကြီးစိုက်ထူထားတဲ့ကျောက်တိုင်ကို အထင်အရှားတွေ့ရှိရပါတယ်၊ ကုန်းတော်ပေါ်တက်ဖူးလျှင်ဖြင့် လူ ငါးဆယ်ကျော်ကျော်လောက်ဆန့်မည်ထင်ပါတယ်၊ နေုရာကျင်းတဲ့အထဲ ဟိန္ဒူကိုကွယ်သူတွေကလဲ သူ့ဘာသာနှင့်သူ နေရာလုပြီးကိုးကွယ်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်၊ အဲဒီကုန်းပေါ်က လေးဘက်လေးတန်ကို ကြည့်လိုက်တဲ့အခါမှာတော့ စိန်းလမ်းစိုးပြေနေတဲ့ ကွင်းပြင်ကြီးကိုသာ တွေ့နေရပါတယ်။ နောက်နေ့နံနက်စောစော သာဝတ္ထိပြည်သို့ ထွက်ခဲ့ပါတယ်၊ သာဝတ္ထိရောက်တော့ အတော်ကို မှောင်နေပြီဖြစ်တဲ့အတွက် ဘယ်မှသွားလို့မရတော့တာကြောင့် အနားယူခဲ့ရပါတယ်၊ နံနက်စာစာပြီး ဘုရားဖူးစထွက်ပါတယ်၊ အဲဒီမှာ မြတ်စွာဘုရားဟာ ၇-၀ါမြောက် မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတနတ်သားကို အဘိဓမ္မာဟောဘို့ကြွချီတဲ့ သရက်ကုန်းကို ရောက်ရှိခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ ပုဗ္ဗကာရီဖြစ်တဲ့ မယ်တော်မာယာစုတေပြီး နတ်ပြည်မှာ နတ်သားသွာဖြစ်တယ်၊ အဲဒီနတ်သားကို အကြောင်းပြုပြီး ကျေးဇူးပြန်ဆပ်ဖို့ တာဝတိံသာကို တက်ပြီး အဘိဓမ္မာတရားဟောရန် ကြွသွားတဲ့နေရာဟာ သာဝတ္ထိပြည် သရက်ကုန်းပါဘဲ၊ ကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မတရားတော်တွေကို ရက်ပေါင်း ကိုးဆယ်တိုင်တိုင် ဟောပြီး ပြန်ကြွလာတော်မူတဲ့နေရာကတော့ သင်္ကဿနဂိုရ်ပြည်ပါဘဲ၊ အဲဒီနှစ်နေရာဟာ တော်တော်ဝေးကွာလွန်းပါတယ်၊ ကားစီးရတာတောင် တစ်နေကုန်ပါဘဲ။ အဲဒီတော့ သာဝတ္ထိပြည် သရက်ကုန်းနှင့် သင်္ကဿနဂိုရ်နှစ်နေရာဟာ မြတ်စွာဘုရားရဲ့ ကတညူကတဝေဒီပုဂ္ဂိုလ်ထူး ဖြစ်တယ်ဆိုတဲ့နေရာအထူးကို ပြတာပါလားလို့ နှစ်ပေါင်းနှစ်ထောင်ငါးရာကျော်ကိုပြန်ပြီး သတိရတမ်းတအထူးပူဇော်မိပါတော့တယ်။

(သုခီ ဒီဃာယုကော ဘ၀။)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>