Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆယ်ခါ ကောင်းခဲ့သော်လည်း တစ်ခါ မကောင်းမိသည်နှင့်

$
0
0

ဆယ်ခါ ကောင်းခဲ့သော်လည်း တစ်ခါ မကောင်းမိသည်နှင့် လူ့အဖွဲ့အစည်း၏ ဝိုင်းပယ် စွန့်ပစ်ခြင်း ခံခဲ့ရသည့် ပညာရှင်၊ ပညာတတ်၊ ပညာရှိများ နိုင်ငံတော် အတွက် အလုပ်အကျွေး မပြုနိုင်တော့သည့် အပြင် ၄င်းတို့၏ မိသားစု၊ ဆွေစဉ်မျိုးဆက် အထိပါ လူရာမဝင်၊ လူထဲ မတိုးဝံ့တော့သည် အထိ ဖြစ်သွားခဲ့သည့် သာဓကများ မြန်မာ့သမိုင်းတွင် ရှိခဲ့ပြီး ဖြစ်ပါသည်။ ################################ ရှုထောင့် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာသုံးရပ် အကြား အပြန်အလှန် ထိန်းညှိမှု ပုံစံဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ တရားဝင် စတင်လာခဲ့သည်မှာ လာမည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၂ နှစ် သက်တမ်းပြည့်မည်ဖြစ်ပါသည်။ မြန်မာပြည်သူ လူထုအနေနှင့် ကုန်ခဲ့သည့်ကာလ အတွင်း အဆိုး၊ အကောင်း အခြေအနေ အမျိုးမျိုးကို စိတ်ခံစားမှု အဖုံဖုံဖြင့် ရင်ဆိုင် ဖြတ်ကျော်ခဲ့ကြပြီး ဖြစ်ပါသည်။ မည်သည့် အရာမျှ အကောင်းချည်း၊ အဆိုးချည်း ရှိမနေတတ်ဘဲ အဆိုးနှင့် အကောင်း ယှဉ်တွဲနေတတ်သည့် လောကနိယာမ သဘောအရ ထိုကာလအတွင်း ဝမ်းသာစရာ၊ ဝမ်းနည်းစရာများလည်း တွေ့ကြုံ ခဲ့ရပါသည်။ သို့သော် ချစ်လုံးလုံး၊ မုန်းလျားလျား သဘောရှိသည့် မြန်မာပြည်သူ လူထု အနေနှင့် အပေါင်းလက္ခဏာ အပြောင်းအလဲ များစွာကို အားရဝမ်းသာ ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း အနုတ်လက္ခဏာ အနည်းငယ် ကြုံရ သည့် အခါတွင် ပြင်းထန်စွာ ဆိုးဆိုးရွားရွား ပြစ်တင်ရှုတ်ချ တတ်ကြသည်ကို တွေ့ရပါသည်။ ထို့အပြင် မူလမဆွ ကပင် အမြင်မကြည်လင်၊ မုန်းတီးခဲ့သူများ မည်မျှ အပြုသဘော လုပ်ရပ်များ လုပ်နေသည်ဖြစ်စေ အကောင်း မြင်မှု အားနည်းကာ အမြဲလိုလို အပြစ်ရှာသည့် ရှုထောင့်မှသာ အကဲဖြတ်လေ့ရှိပြီး ချစ်ခင်လေးစား ကြည်ညိုနေသူ ဖြစ်နေပါက မည်သည့် ကိစ္စတွင် မဆို အကောင်း ဘက်မှချည်းသာ ရှုမြင်လေ့ ရှိပါသည်။ အကျိုးဆက် အနေနှင့် ပြဿနာတိုင်းကို သူ့ဘက်၊ ကိုယ့်ဘက် အမြင်နှင့် ရန်၊ ငါစည်းခြားကာ အုပ်စုသဘော ဆန်ဆန် တုံ့ပြန် ဖြေရှင်းလေ့ ရှိပါသည်။ ထိုစရိုက် လက္ခဏာကြောင့်ပင် ဆယ်ခါ ကောင်းခဲ့သော်လည်း တစ်ခါ မကောင်းမိသည်နှင့် လူ့အဖွဲ့အစည်း၏ ဝိုင်းပယ် စွန့်ပစ်ခြင်း ခံခဲ့ရသည့် ပညာရှင်၊ ပညာတတ်၊ ပညာရှိများ နိုင်ငံတော် အတွက် အလုပ်အကျွေး မပြုနိုင်တော့သည့် အပြင် ၄င်းတို့၏ မိသားစု၊ ဆွေစဉ်မျိုးဆက် အထိပါ လူရာမဝင်၊ လူထဲ မတိုးဝံ့တော့သည် အထိ ဖြစ်သွားခဲ့သည့် သာဓကများ မြန်မာ့သမိုင်းတွင် ရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ မျက်မှောက် ကြုံတွေ့နေရသော ပြဿနာ အခက်အခဲများကို ရှုမြင် ရာတွင်လည်း နာကြည်းချက်၊ ခံစားချက် များ ရှေ့တန်း တင်မိပါက အဓိကနှင့် သာမည ခွဲမမြင် နိုင်ဘဲ အနာဂတ် မြင်ကွင်းကျယ်၏ ပုံရိပ်ကို အမည်းစက်များ စွန်းထင်း သွားနိုင်သည်ကို အထူး သတိချပ် ရမည်ဖြစ်ပါသည်။ အာဏာရှင် စနစ်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် နှစ်ပေါင်း ၅၀ ခန့် ဖိနှိပ်မှုအောက်တွင် ပြားပြားမှောက် နေလာခဲ့ရသည့် မြန်မာပြည်သူ လူထုထံတွင် နာကြည်းချက်၊ ခံစားချက်၊ ဒေါသ၊ မကျေနပ်မှု၊ အလိုမကျမှုများ တင်းကျမ်းပြည့် နေမည်ကို လူသားဆန်စွာ နားလည် ပေးရမည် ဖြစ်ပါသည်။ သို့သော် ထိုအချက်ကို မူတည်၍ အေးချမ်း တည်ငြိမ်စွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ နှောင့်နှေး ကြန့်ကြာ သွားစေရန် တွန်းအားပေး အသုံးမချသင့်ပေ။ အသားကျလာသော အာဏာရှင်စနစ်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ရုတ်ခြည်း အကောင်အထည် ဖော်နေရ သည့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းဖြစ်သူ ဦးသိန်းစိန် အနေနှင့် ၄င်း၏အစိုးရ အဖွဲ့အတွင်းတွင်ပင် သဘောထား တင်းမာသူများ၏ ကန့်လန့်တိုက်မှုများ၊ နောက်ပြန်ဆွဲမှုများနှင့် ရင်ဆိုင်နေရပါသည်။ ထို့အတူ လိုလျှင် လိုသလို မလိုလျှင် မလိုသလို အလွယ်တကူ တံဆိပ်ကပ် ပြစ်တင် ရှုတ်ချတတ်သည့် အဆိုးမြင် သမားများ၏ စောင့်ကြည့် နေခြင်းကိုလည်း ခံနေရသူဖြစ်ပါသည်။ ထို့ထက် အန္တရာယ် ကြီးသည်မှာ နိုင်ငံရေး မဟုတ်သည့် နိုင်ငံရေးများ အလွန်အမင်း များပြားနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် မြန်မာ့နိုင်ငံရေး လောက၏ အဓိက ပလေယာများ အကြား အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် ၄င်းတို့ အရေးပါ အရာရောက်မှုကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးနေသူများ ကြီးစိုးကာ နိုင်ငံတော် ဖွံ့ဖြိုးရေးကိစ္စများ နှောင့်နှေးနေခြင်း ဖြစ်ပါသည်။ မကြာသေးခင် ကာလက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ထိုဖြိုခွဲမှု အပေါ် အစိုးရ၏ နောက်ဆက်တွဲ တုံ့ပြန်မှုတွင် အားနည်းချက်များ အကြီးအကျယ် ရှိနေခြင်းမှာ ထိုနိုင်ငံရေးများ ရှုပ်ထွေးနေခြင်းကြောင့်ဖြစ်ပါသည်။ ထိုရှုပ်ထွေးမှုကြောင့်ပင် ရွေးချယ်၍မရသည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဆိုးရွားသွားစေရန် အကြောင်းဖန်လာစေခြင်းဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း အနောက်ကမ္ဘာ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် အထီးကျန် ဖြစ်နေခဲ့သော ယခင်အစိုးရဟောင်း အနေနှင့် ၄င်းတို့လိုချင် သော အသိအမှတ်ပြုမှုနှင့် ထောက်ခံအားပေးမှုကို အပေးအယူ သဘောဖြင့် ဖြည့်ဆည်းပေးသည့် တရုတ်နိုင်ငံနှင့် နီးစပ်သွားကာ အလွန်အကျွံလိုက်လျောခဲ့ခြင်းကလည်း မြန်မာပြည်သူလူထုအား တရုတ်ဆန့်ကျင်ရေးစိတ် ကိန်းအောင်းသွား စေခဲ့ပါသည်။ ထိုအခြေအနေတွင် စနစ်ပြောင်းသွားပါက ပြောင်းသွားသော စနစ်နှင့်အညီ ရှင်သန် ရပ်တည်နိုင်သည့် ပညာလုံလောက်စွာ မရှိသူ၊ ပါမစ်နှင့် လိုင်စင်စီးပွားရေးဖြင့်သာ ချမ်းသာကြွယ်ဝနေသူအချို့သည် ထိုဆန့်ကျင်စိတ်နှင့် လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းမှုကို အကြောင်းပြုကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများပါ စိုးရိမ်သောကပွားသွားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ကာ ၄င်းတို့မူလအခြေအနေ ယိုယွင်းမသွားရေး ကာကွယ်ရန်ကြိုးစားလာတတ်ပါသည်။ ထို့ကြောင့် မြန်မာပြည်သူလူထုအနေနှင့် လူတိုင်း လွယ်လွယ်ကူကူလုပ်နိုင်သည့် အပြစ်တင်၊ အဆိုးပြောခြင်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မနှောင့်နှေးစေသင့်ဘဲ အသိဉာဏ်ကြီးသော နိုင်ငံကြီးသားအဖြစ် မိမိတို့ကိုယ်ကိုယ် မြှင့်တင် တည်ဆောက်ကာ တွေ့ကြုံလာသမျှ ပြဿနာတိုင်းကို မျှတမှု ရှိရှိ၊ ယထာဘူတ ကျကျ၊ ကျိုးကြောင်းဆက်စပ်မှု ရှိရှိ ရှုမြင် သုံးသပ်ကာ မိမိတို့ တတ်နိုင်သည့် နေရာမှ နိုင်ငံ တည်ဆောက်ရေး ဝိုင်းဝန်း ကူညီကြပါမည့်အကြောင်း အထူး တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အယ်ဒီတာ (၂၀-၁၂-၂၀၁၂)

The Voice Weekly

http://www.facebook.com/newssubu?ref=stream


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>