မတွေ့ တာ အတော်ကြာပြီဖြစ်တဲ့ ၊ သူငယ်
ချင်းတစ်ဦးနဲ့ ၊ လမ်းမှာတွေ့ တယ်။သူက ၀မ်းသာအဲလဲပါဘဲ။ဟာ...သူငယ်ချင်း၊ဘယ်
လိုလဲ။အရင်မိန်းမနဲ့ ဘဲလား။ရုတ်တရက်၊ကြောင်သွားမိသည်။နန္ဒစိုး မျက်နှာကြီး ထူ
ပူသွားမိသည်။နံဘေးက လူတွေများ ကြားသွားမှဖြင့်။ဟေ့ကောင်...ဘယ်လိုနုတ်ဆက်
တာလဲ။နေကောင်းလား။အဆင်ပြေလား ဆို ပြီးရော။ထိုအခါ၊သူငယ်ချင်းက၊သူ့ ကို
အလွန်သနားကြင်နာတဲ့ ပုံစံနဲ့  မျက်လုံးလေးမှေးကြည့်ပြီးကြည့်တယ်။
နန္ဒစိုး....မင်းအရင်ကအတိုင်းဘဲ။ဘာမှမပြောင်းလဲပါလား။ငါပြောပြမယ်။
ပြောလည်းပြော၊လက်က ကိုင်ထားတဲ့ လက်ကိုင်ဖုန်းကို ထောင်ပြတယ်။ဒီဟာ..
ဟိုအရင်တုန်းက၊ဈေးကြီးတယ်။သူ့ အချိန်တုန်းကပေါ့။အခု..အရင်ထက်ဈေး
အများကြီးသက်သာတယ်။အရင်ပစ္စည်းထက်လည်း ကောင်းတယ်။လက်ရှိအခြေ
အနေပေါ့ကွာ။နောက်ထပ်ပေါ်လာရင် သူလည်း၊လားပင်စင်ပေးခံရမှာဘဲ။
ဒီလိုပါဘဲ။လားပင်စင်ကတော့ တည်မြဲဆဲပါဘဲ။မတည်မြဲတာတွေကို သူက စီ
ရင်ပေးတာလေ။အီလက်ထရောနစ်ပစ္စည်းဆိုတာ နောက်ကျမှ ၀ယ်သုံးလေ၊
ပိုကောင်းလေဘဲ။ဟဲ..ဟဲ..ဟဲ...ဒီသဘောဘဲကွ။
နန္ဒစိုး...သူ့ စကားနားထောင်ရင်း၊သူ့ ကိုစေ့စေ့ကြည့်မိသည်။အသက်တူ၊
အတန်းတူ၊ငယ်သူငယ်ချင်း။ခု..သူက လူပျိုပေါက်လေးလို နုပျိုနေတယ်။
ပြောဟန်ဆိုပေါက်ကလည်း၊တက်ကြွ လန်းဆန်းနေတယ်။
မင်း..မင်း..ခုနကတွဲလာတဲ့...စကားဖြတ်ပြီး၊ခတ်လှမ်းလှမ်းမှာ၊ရပ်ထား
တဲ့ ကားဘက်ကို မျက်လုံးဝင့်ကြည့်မိတယ်။
ဒါက..ငါ့ရဲ့ ခံစားမှုအသစ်ပါ။ရသ တစ်ခုဟာ၊ရှည်ညောင်းကြာမြင့်လာရင်၊
ခံစားမှု ပေါ့လာတယ်။ဒီတော့ကာ၊အဲဒီရသကို စိတ်ဆင်းရဲစေတယ်။
ငါ့အတွက်နဲ့ သူများကိုစိတ်မဆင်းရဲစေချင်ဘူးကွာ။ဒါကြောင့်၊ငါ့နည်း
ငါ့ဟန်နဲ့  ရသ၊သစ်ရှာဖွေခံစားတယ်။
ဟေ့ကောင်။တော်..တော်..တော့ကွာ။သူကရယ်တယ်။ဟား..ဟား..ဟား
နန္ဒစိုး။နန္ဒစိုး။မင်းအတွေးတွေက ရိုးလွန်းပါတယ်ကွာ။
ကျွန်တော်၊လှည့်ထွက်လာမိတယ်။
ရိုးရိုးလေးဘဲ၊နှစ်သက်ပါတယ်။
ရိုးတံကို အရွက်မဖုံးနိုင်ပါဘူး။
အရွက်က၊ကြွေတယ်လေ။