မကြာခင်ရက်များမှာကုန်ဆုံးတော့မဲ့ ၂၀၁၂ခုနှစ် မြန်မာနိုင်ငံအတွက်..
ထူးခြားဖြစ်စဉ်များကတော့..
နိုင်ငံရေး
၂၀၁၀ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော..ကြံ့ခိုင်ရေးကြီးစိုးအစိုးရ လစ်လပ်နေရာ ၄၀ကျော်
အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရာ NLDပါတီမှအပြတ်အသတ်အနိုင်ရခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်..လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ကွမ်းခြံကုန်းလွှတ်တော်
ကိုယ်စလည်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုများပြုလုပ်သည်။သမ္မတအိမ်တော်တွင်
သမ္မတကြီးမှ..ဒေါ်အောင်ဆန်းစုကြည်အား ညစာစားပွဲဖိတ်ကြားခဲ့သည်အထိချစ်ကြည်ရင်းနှီး
မှုရရှိခဲ့သည်။
ဒီမိုကရေစီအစိုးရသစ်အတွင်း ၀န်ကြီးတစ်ချို့ဌာန အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် သူရဦးရွှေမန်းခေါင်းဆောင်သော
လွတ်တော်တို့ ရေးရာကော်မတီများ ပြည်ထောင်စုအဆင့် ပေးမပေးကိစ္စနှင့်ပတ်သက်၍
သဘောထားကွဲလွဲသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင်လည်း ဦးသိန်းအောင်ခေါင်းဆောင်သောအစိုးရအဖွဲ့နှင့် ဦးစန်းဆင့်ခေါင်းဆောင်သော လွတ်တော်တို့ မီဒီယာများအထိ သဘောထားကွဲလွဲသည်။
ကြံ့ခိုင်ရေးပါတီဗဟိုကော်မီတီ များဝင်ရောက်ညှိနိုင်းပေးရသည်။
ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်း၏ ပြည်ပခရီးစဉ်
တစ်ခုတွင် ပြုလုပ်ခဲ့သော အင်တာဗျူးကြောင့်ပါတီတွင်း စုံစမ်းစစ်ဆေးခံရသည်။
ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ်ညီလာခံခေါ်ယူသည်။
တိုင်းရင်းသားအရေး
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတော်များများနှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း
ဦးသိန်းဇော်ခေါင်းဆောင်သော ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့တို့ အပစ်အခတ်
ရပ်ဆဲရေးလက်မှတ်ရေးထိုးကြသည်။ အထူးသဖြင့်အနှစ် ၆၀ကျော်တော်လှန်ခဲ့သောKNU
အဖွဲ့တို့လက်မှတ်ရေးထိုးမှုမှာ ထူးခြားသည်။
ကချင်ပြည်နယ်တွင်မူ ပြန်လည်တိုက်ခိုက်နေကြသည်မှာ တစ်နှစ်ခွဲရှိနေပြီဖြစ်သည်။ စစ်ဘေး
ရှောင်ဒုက္ခသည်ပေါင်း တစ်သိန်းခွဲကျော်နေပေပြီ။
ဒီဇင်ဘာလလည်မှစ၍ ကချင်ပြည်နယ်အတွင်း တပ်မတော်မှ စစ်ရဟတ်ယာဉ်များပါ အသုံးပြု
တိုက်ခိုက်လျက်ရှိသည်။
ပြည်ပရောက် နိုင်ငံရေးအင်အားစုများ
Black List အသွင်းခံထားရသော ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းများ ပြည်တွင်းလေ့လာရေး
ပြန်လည်ရောက်ရှိလာကြသည်။
ABSDF မြောက်ပိုင်းတိုင်း ကျောင်းသားတပ်မတော်အတွင်း လူသတ်မှုပြန်လည်ဖေါ်ထုတ်လာကြသည်။
ယင်းကိစ္စ ဖွင့်ထုတ်စာအုပ်များ ထုတ်ဝေလာကြသည်။
ABSDF ဥက္ကဌဟောင်း မိုးသီးဇွန် လူသတ်မှုနှင့်အမှုဖွင့်ခံထားရသည်။
ရခိုင်ပြည်နယ်အရေး
၂၀၁၂ ဇွန်လတွင်..ကျောက်နီမော်ရွာသူ ရခိုင်မိန်းမပျိုလေးတစ်ဦးအား ဘင်ဂါလီ လူငယ်သုံးဦးမှ
ပစ္စည်းလု မုဒိန်းကျင့်ခဲ့ရာမှစ၍ လူမျိုးနှစ်မျိုးအကြားပဋိပက္ခကြီး..နှစ်ကြိမ်အကြီးအကျယ်ဖြစ်ပွား
ခဲ့ရာ..လူပေါင်းများစွာ တစ်ဖက်နှင့်တစ်ဖက်သတ်ဖြတ်ခဲ့ကြသည်။ အိမ်ခြေများစွာ မီးတိုက်ဖျက်
ဆီးခံရသည်။
နိုင်ငံတော်မှ..လွတ်လပ်သောကော်မရှင်ဖွဲ့စုံစမ်းလျက်ရှိသည်။
အလုပ်သမားအရေး
ရန်ကုန်ဝန်းကျင်ဒေသမှ..နိုင်ငံခြားသားပိုင်၊ တိုင်းရင်းသားပိုင် အလုပ်ရုံ စက်ရုံ လုပ်သားများ
အခွင့်အရေးဆုံးရှုံးမှုများ တင်ပြတောင်းဆိုပွဲများအကြီးအကျယ်ဖြစ်ပွားသည်။
အလုပ်သမားဝန်ကြီးဌာန၏ ကိုင်တွယ်ပုံနှေးကွေး ညံ့ဖျင်းမှုကြောင့် အရေးအခင်းကာလကြာခဲ့
ရသည်။
လယ်သမားအရေး
စစ်အစိုးရခေတ်တွင် တပ်ရင်းတပ်ဖွဲ့သစ်များတိုးချဲ့ဖွဲ့စည်းရာတွင် လယ်ယာမြေဧကပေါင်းများစွာ
လျှော်ကြေးမပေးပဲမတရား အသိမ်းခံခဲ့ရသည်။
ခရိုနီများနှင့် စစ်အစိုးရ ပူးပေါင်းကြံစည်ပြီး စက်မှုဇုံအကြောင်းပြချက်၊
အကျိုးတူပူးပေါင်းလုပ်ကိုင်မည့်အစီအစဉ်အကြောင်းပြချက်များနှင့် မတရားသိမ်းလယ်ယာမြေများကို
လယ်သမားများက ဆန္ဒဖေါ်ထုတ်၍ မိမိတို့လယ်ယာမြေများကိုပြန်လည်တောင်းဆိုသည်။
အစိုးရမှ ဖြေရှင်းပေးနိုင်ခြင်းမရှိ၊ လွတ်တော်မှ စုံစမ်းရေးကော်မရှင်ဖွဲ့စည်း စုံစမ်းလျက်ရှိသည်။
လွတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေနှင့် လယ်သမားများ အပြန်အလှန်တရားစွဲထားကြသည်။
စစ်ကိုင်းတိုင်းမုံရွာအနီးလက်ပံတောင်းတောင်အရေး
တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာဖက်မှ စစ်ဗိုလ်ချုပ်ဟောင်းများပိုင် ဦးပိုင်တို့ ဖက်စပ်တူးဖေါ်သော
ကြေးနီစီမံကိန်းကြောင့်ပျက်စီးနေသော လက်ပံတောင်း တောင်စဉ်တောင်တန်း ကာကွယ်ရေး..
လယ်ယာမြေ ဧက ခုနစ်ထောင်ကျော် ပြန်ရရေး..ပဋိပက္ခတိုင်းပြည်အနှံ့ကန့်ကွက်ပွဲများ ပေါ်ပေါက်
ခဲ့ရသည်။ လယ်သမားများ..ရဟန်းတော်များ သပိတ်စခန်းဖြိုခွဲရာတွင် ပြည်ထဲရေးဌာနမှ အင်အား
အလွန်အကျွံသုံးစွဲခဲ့ခြင်း မီးလောင်ဗုံးသုံးစွဲခဲ့ခြင်းအတွက် နိုင်ငံတော်အစိုးရမှ တောင်းပန်ခဲ့ရသည်။
အမေရီကန်နှင့်ဆက်ဆံရေး
အမေရိကန်နိုင်ငံမှ..သံတမန်ကြီးအဆင့်ပြန်လည်ထားရှိခြင်း..
နိုင်ငံခြားရေးဝန်ကြီး ချစ်ကြည်ရေးအလည်ပတ်ရောက်ရှီခြင်း..
အမေရိကန် သမ္မတ အိုဘားမားအလည်ပတ်ရောက်ရှိခြင်း..
ကော်ဘရာကိုး..စစ်ရေးလေ့ကျင့်မှုသို မြန်မာ့တပ်မတော် ပါဝင်လေ့လာခြင်း..
စသည်ဖြင့်တိုးတက်လာခဲ့သည်။
အားလုံးခြုံငုံလေ့လာရလျှင်..အပြောင်းလဲကာလ..
ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် ဟုပင်ပြောရပါတော့မည်။