ကျနော်ကလဲ အားတဲ့ အချိန်လေးတွေမှာ ပန်းအိမ်ကိုသွားပြီး ပီယာနိုလေးတီးပြရင်း
ပန်းလေးရဲ့ အပြုံးကို တသသငေးမောရင်း ပျော်ရွှင်မဆုံးခဲ့ဘူးလေ တစ်ခါတစ်လေ
ပန်းဖေဖေနှင့်ဆုံခိုက် ပန်းဖေဖေက စီးပွားရေသမားပေမဲ့ ဂီတ၀ါသနာပါလေတော့
ကျနော်နဲ့ ပိုပြီး ရင်းနှီးလာခဲ့ကြတယ်၊ ပန်းဖေဖေက စိန်ခြူးကြာညောင်ဘောလယ်
သီချင်းကို အရမ်းသဘောကျတာ သူကိုယ်တိုင်လဲ တီးပြတယ် ကျနော့်ကိုလဲ တီးပြ
ခိုင်းတယ်လေ ကျနော်တီးပြရင် ပန်းဖေဖေက ပြုံးပြုံးကြီး နားထောင်ပြီး ခေါင်းတငြိမ့်
ငြိမ့် နဲ့ ဘေးနားရှိတဲ့ စည်းဝါးလေးကိုအသာအယာတို့ခေါက်ကာနားထောင်နေခဲတယ်
ကျနော့်ရင်ထဲမှာတော့ ကျနော့်ရဲ့ဂီတသံလေး အပေါ်ပြုံးရွှင်သောမျက်နှာထားနှင့်
နွေးထွေးစေသလို ကျနော်နဲ့ပန်းရဲ့ဘ၀ကိုလဲ ပန်းရဲ့ဖေဖေတစ်ယောက် ခုလိုပဲ
နွေးထွေးစေနိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့တယ်လေ။
တစ်ပတ်လောက်အကြာမှာ ပန်းက သူ့မှာ ချစ်သူရှိနေပြီ ဖြစ်ကြောင်း သူ့ဘ၀ခရီး
အတွက် သူကိုယ်တိုင်ရွေးချယ်ထားတဲ့လူနဲ့ပဲ လျှောက်လှမ်းချင်တဲ့အကြောင်းကို
သူ့ဖေဖေ မေမေတို့ကိုဖွင့်ပြောပါတော့တယ် အဲ့ဒီနေ့လေးက မှတ်မှတ်ရရ ကျနော်တို့
ဆုံးဆည်း၇ာ ရွှေတောင်ဦးဘု၇ားမှာ ပျော်ရွှင်စ၇ာစကားလေးတွေပြောဆိုရင်း ပြန်လာ
ခဲ့တဲ့ တနင်္ဂနွေနေ့ညလေးပါ ပန်းရဲ့ချစ်သူက ကျနော်မှန်းသိလိုက်တဲ့အချိန်မှာ ပန်းဖေဖေရဲ့
တုံ့ပြန်မှုက ကျနော်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်လေ၊ ပန်းရဲ့ဖေဖေက
အတိတ်ကအကြောင်းအ၇ာတွေကို ရိုးမယ်ဖွဲ့ပြီး ကျနော်နဲ့လုံးဝသဘောမတူကြောင်း သူတို့
ကြိတ်ပြီးမိဘချင်းသဘောတူထားတဲ့ စီးပွားရေးလုပ်ဖေါ်ကိုင်ဖတ် ဦးမြကြီး ဒေါ်မြ၀င်းတို့ရဲ့
သား သန့်ဇင်ထွန်းဆိုတဲ့လူနဲ့ အမြန်ပေးစားဖို့စီစဉ်မည်ဖြစ်ကြောင်း ပန်းကိုပြောပါတော့တယ်
ပန်းက ဖေဖ သမီးကတော့ သမီးချစ်တဲ့သူနဲ့ပဲ လက်ထပ်ချင်တယ် သမီးတို့ချစ်ခြင်းကို မခွဲပါနဲ့
သမီးက ... မိဘမေတ္တာကိုစော်ကားတာမဟုတ်ပါဘူး သမီးကို စိတ်ချမ်းသာစေချင်တယ်
ဆိုရင် သမီးချစ်တဲ့သူနဲ့ပဲ လက်ထပ်ခွင့်ပေးပါနော် ဖေဖေ ဆိုပြီး ဒူးထောက်တောင်းပန်ခိုက်
ပန်းဖေဖေက အမာ..ဒါဆို ဖေဖေကို စိတ်ချမ်းသားစေချင်တယ်ဆိုရင် ဖေဖေပေးစားတဲ့သူနဲ့
လက်ထပ်ပါလား စကားတတ်လိုက်တာ ဆိုပြီး ပန်းကို ပါးရိုက်ဖို့ ရွယ်လိုက်ချိန်မှာ ပန်းက
ကပြာကယာ ထပြီး သူ့မေမေ ရင်ခွင်ထဲ ပြေးဝင်ပြီး ရှိုက်ကြီးတငယ် ငိုရှာပါတော့တယ်၊
ပန်းမေမက သမီးလေးဖေဖေက ရှေးရေးနောက်ရေးကြည့်ပြီးစီစဉ်တာပါ မောင်သန့်ဇင်ထွန်းဆို
တာက လူတော်လူချောလေးပါ ဒါပေမဲ့ အသောက်အစားနဲ့ နည်းနည်းပါးပါးရှုပ်တာကလွဲပြီး..
ဒီလိုပြောနေခိုက် ပန်းဖေဖေက ဟေးးး ဒီမယ် ဘာမှဆက်မပြောနဲ့တော့ သမီးကိုသူနဲ့ပဲ
ပေးစားမယ်ဆို ပြီး ဒေါသတကြီးထွက်သွားပါတော့တယ် ပန်းမေမေက သိပ်ကြီးသဘောမကျ
လှပေမဲ့ ယောက်ျားရဲ့ဦးဆောင်မှုအောက်မှာ နေနေရတာဆိုတော့ဘာမှမပြောတာဘူးလေ...။
အဲ့ဒီအချိန်က စပြီး ပန်းဖေဖေက ပန်းကို ရုံးသွားရုံးပြန်ချိန်ကလွဲပြီး အပြင်မထွက်ခိုင်းတော့ဘူးလေ
ရုံးရောက်ချိန်မှာ ပန်းလေး မျာက်နှာလေး ညိုးေ၇ာ်နေတာအမြဲတမ်းတွေ့နေရတယ် ကျနော့်
အတွက် ဘာမှလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နေခဲ့တယ် ရုံးမှာ အားတဲ့ အချိန်လေးတွေမှာ
နှစ်ယောက်သား ရင်ထဲက စကားလေးတွေ ပြောကြရင်း မျက်ရည်ကျခဲ့ရတယ် ကျနော်လဲ
အမျိုးမျိုးကြံစည်စဉ်းစားရင်း ပန်းဖေဖေကို အချိန်လေးပေးဖို့ တောင်းဆိုပေးပါလို့ပဲ ပြော
ခဲ့ရတော့တယ်၊ အရင်ရက်တွေလို တက်ကြွမှု မရှိဘဲ လေးကန် နေခဲ့တယ်လေ ပန်းပြောပြ
တာက သူနဲ့သဘောတူထားတဲ့ သူက ပိုက်ဆံလေး ရှိတာက လွဲရင် ကျန်တာက အထင်
ကြီးစရာ မရှိဘူးတဲ့ ဒီလိုလူမျိုးလက်ထဲ ကိုယ့်ချစ်သူကို ဘယ်သူက ရေတိမ် နစ်စေချင်မလဲဗျာ...
ဒီလိုနဲ့ပဲ နောက်တပတ်လောက်မှာ ပန်းေ၇ာကျနော်ပါ ရာထူးတိုးတယ် ဒီအကြောင်းလေးတွေက
ဝမ်းသာစရာ ဆိုပေမဲ့ ကျနော်မပျော်နိုင်ခဲ့ဘူးလေ ဘာကြောင့်လဲ ဆိုတော့ ကျနော်က နယ်စပ်
မြို့လေးမှာ လစ်လပ်သွားတဲ့ မန်နေဂျာ နေရာ အတွက် ဌာနပြောင်းရွှေ့ရမယ်တဲ့လေ..ပန်းနဲ့
ဝေးရဖို့ အကြောင်းတွေက အမျိုးမျိုးပေါ်ပေါက်လာခဲ့တယ်။
ဒီအကြောင်းကို ပန်း သိသွားတဲ့ အချိန်မှာ အိမ်ကိုညာခဲ့ပြီး ကျနော်နဲ့လာတွေ့ပါတယ် ဆုံးဆည်း၇ာ
နေ၇ာလေးပေါ့.. ဒီိအချိန်မှာ ပန်းက ဖွင့်ပြောပါတော့တယ် အစ်ကို့ကို ပန်းသိပ်ချစ်တယ် အရမ်း
ချစ်တယ် ပန်းကိုခွဲမသွားပါနဲ့နော် ပန်းကလေ ဖြူစင်အပျိုစင်ဘ၀ကို ပန်းချစ်တဲ့သူကိုပဲပေးချင်တာပါ
အစ်ကိုရယ် အစ်ကို တစ်ခုခုပြောပါအုံးနော်တဲ့ ကျနော့်ရင်ခွင်ထဲက ပန်းရဲ့ခေါင်းကို ပွတ်သပ်ရင်း
ပန်းရဲ့ဖေဖေကိုအချိန်ဆွဲထားပေးနော် ပန်းနဲ့အစ်ကို ဘယ်လိုပဲဖြစ်ဖြစ် နီးစပ်အောင် ကြိုးစားမယ်
လွမ်းနဲ့ပန်း တို့ရဲ့ချစ်ခြင်းကို ဘယ်လိုလူမှ မခွဲစေရဘူး သိလား တဒင်္ဂခွဲခွာချိန်လေးတွေက
ထာဝရနီးစပ်နိုင်ဖို့ အကြောင်းအ၇ာတွေလို့ပဲသဘောထားနော် ပန်း..ကိုယ်ကတိပေးပါတယ်
ပန်းနဲ့လွမ်း ဘ၀မှာ လက်တွဲသွားနိုင်စေရမယ်လို့..ပန်းရဲ့မျက်နှာပေါ်က မျက်ရည်စလေးတွေကို
သုတ်ပေးရင်း နှစ်သိမ့်ပေးနေရပေမဲ့ ရင်ထဲမှာတော့ နာကျင်စွာနဲ့ တဒင်္ဂခွဲခွာကြရအုံးမယ်ဆိုတာ
သိနေခဲ့တယ်လေ.....
ကြိုးစားပါအုံးမည်
အားလုံးကိုလေးစားလျက်..လွမ်းသစ္စာ။
***စလွန်းတင်***