ကျွန်တော် အသက် ( 22 ) ရှိခဲပြီ။
နိုင်ငံအကြောင်း သိလားမေးခဲ့ရင် ( မသိဘူး ) အ တယ်လိုပြောပြော
ကျွန်တော် သိတာ မပြေလည် တဲ့ မီးသားစု ၀မ်းရေးပြေလည်အောင်
ဘယ်လိုလုပ်ရမလည်းဆိုတာပဲ စိတ်ဝင်စားတယ်။
ခုရက်ပိုင်းတော့ ကျွန်တော် သိရကြားနေရတဲ့ အသံတွေကြောင့်
ကျွန်တော် စားသုံးမိထားတဲ့ နိုင်ငံရေးတစ်ချို့တစ်စ ကို အန်ထုတ်ကြည့်မိခဲ့တယ်။
၂၀ . ၇ . ၂၀၁၂ . နေ့စတင်ဖြစ်ပွားခဲ့သော ရခိုင် နဲ့ ကုလား အရေးအခင်း ကြောင့်
ကျွန်တော် တို့ မြန်မာလူမျိုး တွေ ကုလား တွေကိုမကျေနတ်ကြလို့
တရုန်းရုန်းဖြစ်နေကြ နောက် ioc ကို ကန့်ကွပ်လုပ်နေချိန်မှာ
လက်ပံတောင်းတောင် မှာ မြန်မာ အစိုးရ က အေးဆေးငြိမ်သက်စွာ
ဆန္ဒပြ နေတဲ့ သံဃာ တွေ ကို အကြမ်းဖက် နိမ်နှင်းခဲ့တယ်။
ပထမ ဒုတယ အဆင့်ကို ကျော်လွှားပြီး မလိုအပ်ပဲ နောက်ဆုံးအဆင့်ကို
သုံးသွားခဲ့တယ်။ တကယ်တော့ ဒါ ပြည်သူတွေ ရဲ့ အသဲနှလုံး ကို
ဆွဲကိုင်လှုပ်လိုက်တာပဲ ကလေး မေး ခွေး မေး ကျေနတ်လား မေးရင်း
မကျေနတ်ဘူးပြောကြမှာပဲ ကိုယ် ကိုးကွယ်နေတဲ့ သံဃာ တွေကို
စော်ကားတာလေ စော်ကားတဲ့ သူတွေကလည်း
ကိုယ် ဗုဒ္ဓဗမာလူမျိုးကပဲဆိုတော့ အို့ ဘာပြော့ကောင်းမလည်း
ပြည်သူ တွေ သံဃာ တွေ တရုန်းရုန်း နဲ့ နေရာတိုင်းမှာ ဆန္ဒ တွေပြကြတယ်။
သိပ်မကြာသေးပါဘူး ဟိုတစ်လောက ဂျာနယ် တစ်စောင် မှာ တွေလိုက်တယ်
ရခိုင် နဲ့ ကုလား တွေ ပဋီပက္ခ ပြန်ဖြစ်နေတယ်တဲ့ ကုလား တွေ က ရခိုင် တွေ
အီမ် မိးရှို့ကြတယ်တဲ့။
ကျွန်တော် ထမင်းစာသော ဦးနောက် နဲ့ စဉ်းစားကြည့်မိတယ်
ပထမ ရခိုင် ဖြစ်ပြီ လက်ပံတောင်းတောင် ခု ရခိုင် ပြန်ဖြစ်ဆိုတော့
ဒါ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး။
ဒိကိစ္စ တွေက အကျိုးရှိလို့ အကြောင်းဖြစ်လာတာ
ဒိလို နိုင်ငံရေး ပဋီပက္ခ တွေ ခနခန ဖြစ်နေတာ အကြောင်းရှိရမယ်။
အဲ့ နောက်ကွယ် က ကြိုး ကိုင်နေတာ ဘယ်သူလည်း ?
ဒါဆို သူတို့ လိုချင်တာ ဘာလည်း?
ဒိလို နိုင်ငံရေး ပဋီပက္ခ တွေ ခနခန ဖြစ်နေရတာလည်း?
ကိုယ် ကိုးကွယ်နေတဲ့ သံဃာ တွေကိုတောင် မှ ရက်ရက်စက်စက်
ဒဏ်ရာတွေရအောင် လုပ်တယ် ဆိုတော့ ကျွန်တော် တော်တော်လေး
ထိန့်လန့်နေမိတယ်။
အသိဥာဏ် မရှိတဲ့ ခွေး တွေတောင်မှာ သံဃာ တွေ ကို ပြန်မကိုက်ဘူး
ခု အသိဥာဏ် ရှိတဲ့ သူတွေက သံဃာ တွေ ကို တစ်ကိုယ်လုံး ရစရာမရှိအောင်
လုပ်ပြစ်တယ်ဆိုတော့ ကြားလို့တောင်မကောင်ဘူး။
ခွေး လောက်တောင် သူ တို့တွေ အသိဥာဏ် မရှိကြတော့ဘူး။
ဒါဆို သူ တို့ ရည်ရွယ်ချက် က ပြည်သူ တွေ အသဲနှလုံး ဆွဲကိုင်လှုပ်
ပြည်သူ တွေက မကျေနတ်လို့ ရရာလက်နဲ့စွဲလို့ တရုန်းရုန်းဖြစ်ရင်
စစ်တပ် က လာမယ် ပစ်မယ် ခက်မယ် တက်လာတဲ့ကောင် ဆော်မယ်
ပြီးရင် အာဏာ သိမ်းမယ် အဲ့ဒီလိုလား ?
ဒါမှမဟုတ် ဒိမိုကရေစိ ပန်းတိုင် ကို တစ်ဝတ်နိးပါးရောက်လို့နေတဲ့
ကျွန်တော် တို့ ရဲ့ ခြေလှမ်း တွေကို ရပ်ဆိုင်းသွားအောင် လှည့်ကွပ် တွေ
သုံးနေတာလား?
အမေစု မိန့်ခွန်းလေး ကျွန်တော် သူငယ်ချင်း ကပြောလို့ ကြားခဲ့မိတယ်။
နောက်ကြောင်း ပြန်လှည့် မလှည့်ဖို့ဆိုတာ ပြည်သူ တွေ ရဲ့ လက်ထဲမှာပဲ
မူတည်နေတယ်တဲ့ ဒါဆို ကျွန်တော် တို့ ပြည်သူတွေ ဘာလုပ်ကြမှာလည်း?
ရှေ့ဆက်လျှောက်မှာလား ရပ်နေကြမှာလား?
ရှေ့မှာလည်း ကျွန်တော် တို့ ပြည်သူ တွေလိုချင်နေတဲ့ ဒီမိုကရေစိ ပန်းတိုင် က
မြင်နေရပြီ ဒိပန်းတိုင် ကို ရောက်ဖို့ ကျွန်တော် တို့ ပြည်သူ တွေ
အခတ်အခဲ ဒုက္ခ တွေကြားက အချိန်ကုန်ခံ လူ အပင်းပန်းခံပြီ
လျှောက်လှမ်းခဲ့ကြတာ ခု ရခိုင် နဲ့ လက်ပံတောင်းတောင် ပဋိပက္ခ တွေကြောင့်
ရပ်နေရမှာလား? သူ တို့ ရဲ့ ပရိယာယ်လှည့်ကွပ် တွေကြား တိုးဝင်တော့မှာလား
ကျွန်တော် တို့ ပြည်သူ တွေ အရင် အစိုးရလက်ထက်က နှစ်ပေါင်းများ စွာ
ကျွန် လိုနေခဲ့ရတယ် ဒါတွေက ကျွန်တော် တို့တွေ အ လို့ သူ တို့
လုပ်သမျှငြိမ်ခံရရတယ်။
အခု ကျွန်တော် တို့ ပြည်သူ တွေက နိုင်ငံရေး အကြောင်း ကိုလည်း
သိသင့်သလောက် သိကြ နားလည်နေကြပြီ။
ပြသနာတိုင်း ရဲ့ အဖြေ ကို လည်း စဉ်းစားဆုံးဖြတ်တက်ကြပြီပဲ့
ကျွန်တော် တို့ ဘာလုပ်ကြမလည်း?
ဖြစ်ခဲ့သမျှတွေကို ခေါက်ထားသင့်တာ ခေါက်ထားပြီ
နိးကပ်နေတဲ့ ပန်းတိုင် ကို ဆက်လျှောက်လှမ်းကြတာပေါ့ဗျာ။