Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ငွေနောက်လိုက်မိသူ....

$
0
0

 ငွေတဲ့.... ငွေနောက်လိုက်ရင်း ပျက်နေကြရတဲ့၊ အရွယ်မတိုင်ပဲ ကြွေလွင့်နေကြရတဲ့ ၊

နေ့တဓူဝ လှုပ်ရှားရုန်းကန်နေကြရတဲ့၊ လူမမြင်အောင်ပေးဆပ်လိုက်ရတဲ့ဘ၀တွေ

ဘယ်လောက်များများ ရှိနေကြပါလိမ့်....

မိသားစုအတွက်၊ မောင်လေးအတွက်၊ ညီမလေးအတွက်၊

အိမ်အတွက်၊ ဆွေမျိုးသားချင်းတွေအတွက် ရပေါက်ရလမ်း တလမ်းသွားလေးကိုရွေးချယ်လို့

ကိုယ်ထောက်ပံ့ကျွေးမွေးလိုက်တဲ့ ငွေထုပ်ဆိုတာ မယောင်ရာဆီလူး မသိလိုက်မသိဖာသာ

စားသောက်နေထိုင် သုံးစွဲနေတဲ့မိသားစုဝင်တွေအတွက် အရာထင်ချင်မှထင်ပေမဲ့

ဘ၀နဲ့ရင်းပြီးရှာဖွေရတဲ့ ညီမငယ် အမအရွယ်တွေကို သနားမိတယ်....

တချို့က၀ါသနာအရတဲ့ ဒါကထားတော့....

 တချို့က အဖက်ဖက်ဘေးတီးဒဏ်တွေ၊ ထိုးနှက်ချက်တွေကြား

ယောင်မှားလို့အလွယ်လမ်းလိုက်မိကြတဲ့ အခြေအနေတွေ...

သိသိရက်နဲ့မိုက်နေမဲ့အစား ရတာလေးနဲ့ဝအောင်စား ရှိတာလေးနဲ့လှအောင်ဝတ်ဖို့

စိတ်ကူးကြစေချင်တယ် မိန်းမပျိုတို့ရေ...

စားဝတ်နေရေးဆိုတဲ့စကားလေးက ပြောတော့သာလွယ်တာ... တကယ့်တကယ်ရှာဖွေကြည့်တော့

မလွယ်ရေးချမလွယ်မှန်းတော့ သိပါရဲ့။ သို့ပေမဲ့ ကိုယ်ချစ်တဲ့မိသားစုအတွက်

မြိုးမြိုးမြက်မြက် ရပေါက်ရလမ်းကနေ လိုအင်ဆန္ဒတိုင်းဖြည့်ဆည်းပေးနိုင်ခဲ့ပေမဲ့

တနေ့နေ့အလှည့်ဆိုတဲ့စကားလုံးကြီးကို ပြန်ပေးဆပ်ရတဲ့အခါ ခံစားရမဲ့ဝေဒနာရှင်

ကိုယ်ကိုယ်တိုင်လည်း မရှုစိမ့်စရာ၊ ပတ်ဝန်းကျင်မှာကရော လူသေတာထက် နံမည်ပါသေလို့

ဒါကိုယ့်ကိစ္စ... နောက်တော့ရော... ရှိသေးတာပေါ့....

အမည်ဆိုးနဲ့ ကျန်ရစ်ကြရမဲ့ မိသားစုဘ၀တွေကိုလည်း

အနည်းငယ်လောက် မျှော်ကြည့်စေချင်စမ်းပါဘိ....အမျိုးသမီးထုရေ...

 တွေးတောပါ...ဆင်ခြင်ပါ...

တတ်လို့ရေးတာမဟုတ်ပေမဲ့ ကြားနေရတဲ့သတင်းတွေအတွက် ရင်နာရလွန်းလို့...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>