အွန်လိုင်းမှာ၊တွေ့ တာပါ။နှစ်ယောက်စလုံး စာရေးတာ၊၀ါသနာပါကြတယ်။
ကဗျာကို ခုံမင်နှစ်သက်တာချင်းလဲ တူတယ်။
ဒီလိုနဲ့ ဘဲ.....။
တစိဦးစီရဲ့ ရင်တွင်းခံစားချက်တွေကို ၊
ကဗျာတွေထဲ စီးမျောစေတယ်။ရေးတဲ့သူကလည်း၊အရှိန်အဟုန် နဲ့ ဘဲ ။
ဖတ်တဲ့သူကလည်း ဖတ်ရင်းနဲ့  အသစ်တစ်ပုဒ်ကို မျှော်တယ်။
ကြာတော့ သူတို့ ရင်ထဲ၊မသိစိတ်ထဲမှာ၊တွယ်တာမိလာတာဟာ၊
တစ်နေ့ ထက်၊တစ်နေ့ ၊ရင့်မာ ခိုင်မြဲ လာပါပေါ့။တစ်စုံတစ်ရာသော...
အကြောင်းကြောင့်၊တစ်ဦးနဲ့ တစ်ဦး၊အပြင်မှာ၊သိသွားကြပြီ။
ပြောရအုံးမယ်။သူတို့ ချင်း၊ဖုန်းနဲ့ တော့ ပြောဖြစ်ပါတယ်။အဲဒီအချိန်မှာ၊
အွန်လိုင်းဇါတ်ကောင်အမည်တွေနဲ့ ပေါ့။မက်ဆေ့ခ်ျတွေလည်း ပို့ ဖြစ်တယ်လေ။
နှစ်ဦးစလုံး ဆယ်ကျော်သက်မဟုတ်ပါ။ရင့်ကျက်တဲ့ သူတွေလေ။
ဒီလိုနဲ့ ဘဲ.....အပြင်မှာလဲ၊ရံဖန်ရံခါဆုံမိတတ်ကြတယ်။
တစ်ဦးနဲ့ တစ်ဦး စကားမပြောဖြစ်ပါ။တကယ်တော့မပြောကြတာပါ။
အပြစ်တစ်ခုကို ကျူးလွန်မိသလို နှစ်ဦးစလုံး ကိုယ်စီခံစားမိတယ်။
သို့ သော်လည်း...မအောင့်နိုင်ပါ။လူတွေအများကြီးကြားထဲမှာ၊
တွေ့ ကြတယ်လေ။ရာထောင်သောင်းမကသော အပြုံးတွေကို၊
အရည်လဲ့နေတဲ့ မျက်လုံးတွေကတဆင့် ပို့ ကြတယ်။
လွမ်းဆွတ်ခြင်းအရိပ်တွေကို၊နူးညံ့တဲ့ မျက်နှာပြင်ပေါ်မှာ၊ဖိတ်စင်ပြတယ်။
ကြည်နူးခြင်းနှလုံးသားကို၊ရှက်ပြုံးလေးနဲ့ ၊လှစ်ပြကြတယ်။
ငယ်တော့တဲ့အရွယ်တွေမှမဟုတ်တာ၊ထိန်းရတာပေါ့။
ဒီဇါတ်လမ်း၊ရပ်တန်းကရပ်ဖို့ ၊နှစ်ဦးစလုံးကြိုးစားတယ်။
တစ်ကယ်ဆိုရင်တော့.....ရပ်သွားမှာပါ။တစ်ပါးသူအတွက်၊ဒီကိစ္စက ၊
ရေးကြီးခွင်ကျယ်မဟုတ်ပါ။သံယောဇဉ်ရဲ့ ၊ သဘာဝကို ရှုမြင်ကြည့်တဲ့အခါမှာ၊
ဆန့် ကျင်တဲ့အရာတွေပေါင်းနေတာ၊တွေ့ ရပါတယ်။(Pair & Odd )စုံ နဲ့  မ ပေါ့။
နှစ်နဲ့ စားကြည့်ရင်၊တစ်ခုကပြတ်ပေမယ့်၊တစ်ခုက မပြတ်ပါဘူး။
History of Time က၊ဆုံးဖြတ်ပေးပါမယ်။
မြစ်ထဲကရေကို နှစ်ခါပြန်ထိလို့ ရတယ်လို့ ပြောတာဟာ၊မမှန်ပါဘူး။
နောက်တစ်ခါထိတာက၊ ရေအသစ်ပါ။
"ပြောင်;လဲခြင်း ၊ တရားဟာ ၊ ဘယ်တော့မှ ၊မပြောင်းလဲတဲ့ "
ဒါဟာ..ပရမတ်ပါ။