Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နှစ်ယောက်ပေါင်းဖက် နိုင်ပါစေ

$
0
0

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
အထက်ပါ တရားတော်ကို မြတ်စွာဘုရားက မင်္ဂလသုတ်မှာ ဟောကြားထားခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့
လူမိုက်ကို မပေါင်းသင်းရ။ လူလိမ္မာပညာရှိကို ပေါင်းသင်းရမည်။ ပူဇော်ထိုက်သူကို ပူဇော်ရမည်လို့ ဆိုလိုပါတယ်။ အဲဒီလို နေလို့ရှိရင် မင်္ဂလာရှိနေတာပါ။

လူမိုက်ကို ဘာဖြစ်လို့ မပေါင်းသင်းရသလဲဆိုရင် လူမိုက်ရဲ့ခန္ဓာကိုယ်ထဲမှာ အကုသိုလ်တရား တွေရှိနေလို့ပါ။ လူလိမ္မာပညာရှိကို ဘာဖြစ်လို့ ပေါင်းသင်းရသလဲဆိုရင် လူလိမ္မာပညာရှိရဲ့ ခန္ဓာကိုယ်ထဲမှာ ကုသိုလ်တရားတွေရှိနေလို့ပါ။

အဲဒီတော့ ကိုယ့်ရဲ့
ခန္ဓာကိုယ်ထဲမှာ အကုသိုလ်တရား တွေရှိနေရင် လူမိုက်နှင့်ပေါင်းသင်းနေရတာဖြစ်ပါတယ်။ အကုသိုလ်တရားတွေကင်းစင်ပြီး ကုသိုလ်တရားတွေရှိနေရင် လူလိမ္မာပညာရှိနှင့် ပေါင်းသင်းနေရတာဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပလူမိုက်နှင့် မပေါင်းသင်းသလို အတွင်းလူမိုက်နှင့်လည်း မပေါင်းသင်းကြပါနဲ့။ ပြင်ပလူလိမ္မာပညာရှိနှင့် ပေါင်းသင်းသလို အတွင်းလူလိမ္မာပညာရှိနှင့်လည်း ပေါင်းသင်းနေထိုင်ကြပါ။
အဲဒီလို နေထိုင်မှသာ အထက်က မြတ်စွာဘုရား ဟောကြားထားတဲ့ မင်္ဂလာနှင့် ပြည့်စုံနေမှာပါ။

ဒါကြောင့် ရွှေမြို့တော်သူ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့ နံနက်ခင်း, နေ့လည်ခင်း, ညနေခင်း, ညအခါသမယတိုင်းမှာ `` အချိန်တိုင်းမှာ၊ မင်္ဂလာ၊ သူငါ ဖြစ်နေကြမှာ´´ဆိုတာကို မေတ္တာ စေတနာဖြင့် တင်ပြလိုက်ရပါတယ်။

အချိန်တိုင်းမှာ၊ မင်္ဂလာ၊ သူငါဖြစ်နိုင်ကြပါစေ။

(၂၇-၁၂-၂၀၁၂) ကြာသပတေးနေ့ နံနက် ၁-နာရီခွဲ
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>