- အိမ်ထောင်ဘက်သည် ရောဂါဘယကင်းရှင်းရ်ျ ကျန်းမာရေးကောင်းဖို့လိုပါသည်။
- ဘွဲ့ရခောတ်ပညာတတ်ကြီးမဟုတ်လင့်ကစား သင့်တင့်သောပညာအရည်းအချင်းရှိဖို့လိုပါသည်။
- နှစ်ဦးနှစ်ဖက်သင့်တင့်သောစီးပွားရေးရှိဖို့လိုပါသည်။(တူနှစ်ကိုယ်တဲအိုပျက်မှာထမင်းရည်ပူ လျှက်ရစေတော့ ဟူသည်သီချင်းထဲမှာပဲရှိပါသည်)
- ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင်ပေါင်းသင်းတတ်ဖို့ လူဝင်ဆံ့ဖို့လည်း လိုအပ်ပါသည်။ (လူကောင်းသူကောင်းနှင့်ပေါင်းသင်းတတ်သူဖြစ်ဖို့လိုပါသည်။
- စိတ်ကောင်းနှစ်လုံးကောင်း သဘောကောင်းသူဖြစ်ဖို့လိုသကဲ့သို့ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရန်လည်းအရေးကြီးပါသည်။
ပါသုံးပါ ချာသုံးချာ ကွာသုံးကွာ
- ပါသုံးပါ ဟူသည်
- အကြွေးတွေ ပါလာသူ။
- ရောဂါဘယ ပါလာသူ။
- အပိုစားမည့်သူ ပါလာသူ။
- ချာသုံးချာ ဟူသည်
- ပညာအရည်အချင်း နုံချာသူ။
- အကျင့်စာရိတ္တ နုံချာသူ။
- အလုပ်အကိုင် နုံချာသူ။
- ကွာသုံးကွာ ဟူသည်
- တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ။
- အယူဝါဒမတူ ကွာခြားသူ။
- စိတ်သဘောမတူ ကွာခြားသူ။
ရှေးလူကြီးသူမများ၏ ပြာပြချက်အရယင်းအချက်ကိုးချက်နှင့်မကိုက်ညီသော အိမ်ထောင်ရေးများသည် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တတ်ပြီး ကိုက်ညီသောအိမ်ထောင်ရေးများသည် များသောအားဖြင့်အဆင်ပြေရ်ျ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကြသည်ဟု ဆိုကြပါသည်။