သို့...ညီမလေး
ညီမလေးရေ
အချစ်တွေကို ပန်းလို့သီပြီး
ပေးချင်ပါရဲ့ကွား
နာစွင့်လို့ထောင်ပါဦး
ချစ်ရသူတစ်ယောက်ရဲ့
ကာရံမညီတဲ့ ကဗျာတစ်ပုဒ်မှာ
ရင်ခုန်စရာ စကားလုံးများနဲ့
အချစ်ကို ထုံးဖွဲဖို့ရာ
စွမ်းနိုင်မှာ မဟုတ်ပေမယ်
ခံစာချက် ပြင်စွာနဲ့ပေါ့
ရေးဖွဲထားတဲ့ ဒီကဗျာမှာ
တည်နေရာ ကိုယ့်နှလုံးသားက
ပွင့်အန်လားတဲ့ စကားလုံးတွေပါ
အရေးအသားအကျလို့
စောဒက တတ်စရာဖြစ်ခဲ့ရင်
ဖေးမလို့ ကူပေးပေါ့
လူရယ်လို့ ဖြစ်လာရင်
အချစ်ရဲ့ ၀ါးမျိုခြင်းကို ခံရစမြဲမို့
ယုံတမ်းမဟုတ်တဲ့ စကားလုံးများကို
ယုယစွားထွေပိုက်ရင်း
ကိုနှလုံးသားကို နာလည်းနိုင်ပါစေ
ညီမလေးရေ....။ချစ်ရတဲ့ ညီမလေး
ညီမလေးရေ.......
တွယ်ငြိမိတဲ့ မေတ္တာနဲ့ 
ချစ်ခြင်းတွေ သီဖွဲ့လို့
ခဏတာ အချိန်လေးမှာ
မင်းမျက်ဝန်းတွေကြောင့်
ဒီရင်မှာ ချစ်မိနေပြီကွာ..
................................................
........................
အသက်အရွယ်ကြောင့်
တံတိုင်းခြားတယ်ဆိုရင်
တံတားအဖြစ် ပြောင်းလိုက်မယ်
ညီမလေးသာ ကြည်ဖြူမယ်ဆိုရင်
ဘာပဲဖြစ်ဖြစ် ဘာပဲတားတား
ရင်ဆိုင်မယ် ဒီတသက်တာအတွက်ပေါ့
...................................................
........................
ခွင့်ပြုပါလို့ တောင်းဆိုပါရစေ
ညီမလေးဘေးမှာ နားနေဖို့
အကိုရဲ့  အချစ်တွေကို
မြင်သာအောင် ဖွင့်ပြခွင့်လေးအတွက်
အချိန်ခဏလောက် ဖြစ်ဖြစ်ပေါ့
.................................................
.................................
ယုံကြည်စေချင်တယ်
ဘယ်အရာမှ အလေးမထား
အတွေးများနဲ စီးမျောနေတဲ့ 
အကိုရဲ နှလုံးသားက
မင်းအတွက် မွေးဖွားလာတယ် ဆိုတာပေါ့
........................................................
..................................
အကိုတော့ ရူးမတတ်ချစ်တယ်
ဘယ်အရာနဲ့မှ တိုင်းတာလို့ မရ
နိုင်းယှဉ်လို့ မရ ဖွဲ့နွဲ့ လို့ မရ
ကဗျာစပ်လဲ မမှီနိုင်တဲ့
ဒီရင်ထဲက အချစ်တွေက
ညီမရှေ့မှာခယလို.
သနားလှည့်ပါနော်
ချစ်တဲ့ ညီမလေးရေ..........
.....................................
အပြုံးလေးကြောင့်
အချစ်ဖူးခဲ့ပ်ါဘူး
တစ်သက်စာရည်စူးပြီးတော့ပေါ့
အရူးအမူးစွဲလမ်းဖူးတာ
ကိုယ်နှလုံးသားမှာ
ဒါက ပထမဆုံးပါ
ညီမလေး...။
ရှောင်လွှဲးခဲ့ပါတယ်
စူးရှတဲ့ အကြည့်တွေကို
မထင်းမှတ်တဲ့ အပြုံးလေးကြောင့်
ကိုယ်နှလုံးသားကို ရစ်မူးပြီး
ရုန်ထွက်မရအောင် ကျရှုံးစေခဲ့တာလည်း
ဒါပထမဆုံးပဲ ညီမလေး...။
ပြင်ထန်တဲ့ မုန်တိုင်းတစ်ခုက
လေးညင်းလေးက အစပြုတယ်ဆို
မချစ်ဖူးတဲ့ နှလုံးသားတစ်ခုက
ကြီးမာတဲ့ အချစ်ကို ဖန်တီခဲ့တာ
အပြုံးလေးတစ်ခုကဆိုရင်
ယုံမှာလာ ညီမလေး...။
နှင်းဆီရောင်းနှုတ်ခမ်းထက်က
ပြုံးပန်လှလှတွေကို ကြည့်မ၀လို့
ဆုံးရှုံရမှာ ကြောက်တတ်တဲ့
နှလုံးသာတစ်ခုကိုတော့
ဥပက္ခာ မပြုလိုက်ပါနဲ့
ညီမလေးရယ် ..။
စာပန်းချီဖွဲ့မမှီ
မှုံနံသာကို မှုန်ပြပြခြယ်သလို့
နှုတ်ခမ်းပါ ရဲရဲထက်က
မခိုတရို ပြုံးဟန်လေးများနဲ့
ပုရိသတိုင်း ကြွေကြလောက်တဲ့ အလှက
နတ်သမီတစ်ပါနဲ့ မှားလောက်တယ်
ညီမလေး...။
ရွှေသမင်းမျက်လုံးလောက်တော့ သနားတယ်
ဇင်ယော်တောင်းမျက်ခုံးဆို အနားအကပ်နဲ့
နှင်းဆီဖူးထက်သားတဲ့ နှုတ်ခမ်းပါး
စိန်ထက်လှတဲ့ သွားများက
ဘယ်စာ ပန်းချီ ဖွဲ့မှီနိုင်မှာလည်း
ပိုတယ်မထင်နဲ့နော်
ဘယ်သကြားက ဆင်သက်ပြီး
ချွင်ချက် အဖြစ်နဲ့ ထုဆစ်ထားတဲ့
ကြွေရုပ်ထက်လှတဲ့ ညီမကို
ချစ်နေရတဲ ကိုယ်မှာ
မိုးပြိုမတတ် တသသနဲ့ပေါ့
သ၀န်တိုတတ်လို့
ဘယ်သူမှ အနားမကပ်စေချင်တာ
အမှန်ပဲ ညီမလေး...။
စိုရိမ်မှု ပူပန်မှုတွေနဲ့ အတူ
ထပ်တူပြုပဲ အချစ်စာမျက်နာတစ်ခု
သေချာစွာ ဖွင့်ဟဖို့ရာ
ကိုယ်အနားက ထွက်မသွားဖို့
အဆိုပြုပါရစေ
ညီမလေးရယ်....။
ထာဝရ ပိုင်ဆိုင်ခွင့်
ထင်မှတ်မထားခဲ့ဘူး
ရင်ဝကို မြှားဆူးသလို့
သေလောက်တဲ့ အဆိပ့်သင့်ပြီး
နှလုံးသားရဲ့ စေခိုင်မူကို
ရူးရူးမူးမူး နာခံရမှာကို
ကိုယ်ဘ၀မှာ တစ်ခါမှ
မစဉ်စားခဲ့ဖူးဘူး
ညီမလေး
အတွေပေါင်းများစွာနဲ့ပေါ့
အိပ်မရတဲ့ ညတွေ
အထီးကျန်တဲ့ အဖြစ်တွေ
ငိုကြွေးရတဲ့ အချိန်တွေ
သတိရတဲ့ ရက်စွဲတွေကို
ကိုယ်ဘ၀မှာ ဖြတ်သန်းဖို့အတွက်လည်း
တစ်ခါမှ မစဉ်ခဲ့ဖူးဘူး
ညီမလေး...။
ခုတော့
ဆုံးရှုံးရမှာ ကြောက်ရ
မုန်းသွားမှာ စိုးရ
မျက်နာလေး ညှိုးရင်တောင်
ကိုယ်ရင်ဘက်ကြီး မီးလောင်သလို့
ပူလောင်လှတာမို့
နေမတတ် ထိုင်မတတ်နဲ့
ထိုင်ငိုရမဲ့ အဖြစ်
ပြုံးရွှင်တဲ့ မျက်နာမြင်မှ
နေသာကျတဲ့ ကိုယ်ဘ၀မှာ
တဒင်္ဂ မဟုတ်ခဲ့ဘူးနော်
ထာဝရ အပေါ်
ထာဝရ ဆင်ပြီး
ထာဝရ ချစ်ချင်းသူတစ်ယောက်မို့
ရိုရိုသော အချစ်ကလေးနဲ့သာ
ထာဝရ ပိုင်ဆိုင်ခွင့်ပြုပါ
ညီမလေးရယ်
ပြောလိုက်ပါတော့
ညီမလေးရေ
ခဏလေးဖြစ်ဖြစ်ပေါ့
အနားလေးမှာ ဖေမလို့
စကားလှလှလေးနဲ့
ကိုယ်နှလုံးသားကို
နှစ်သိမ့်ပေးပါတော့လား
ပိုင်ဆိုင်ခွင့်ရချင်းပြီးကွာ
မယုံကြည်နိုင်သေးတဲ့
ညီမလေးရဲ့ နှလုံးသားကို
ရိုးရိုးမချစ် ဆိုးညစ်ခဲ့ရင်
မိုးကြိုးပစ်ပါစေလို့
ကျိန်ပြရဲပါတယ်
အချစ်ဖူးသေတဲ့ နှလုံးသားမှာ
ပထမဦးဆုံးအချစ်မို့
ရူးတယ်ပြောချင်းပြောပါစေတော့
ဆုံးရှုံးမှာ အရမ်းကြောက်လို့
နှလုံးအေးစေမဲ့ စကားလေး
ပြောပေးပါတော့လာ
ညီမလေးရယ်
ပြန်ဆုံပါရစေ
ယဉ်နွဲနွဲ အမူအရာ
ညင်သာတဲ့ ခြေလှမ်း
အမြင်ဆန်တဲ့ အတွေး
စကားသံဝဲ၀ဲများနဲ့
ကိုယ်နှလုံးသားမှာ
ထာဝရ မင်းမူသွားတဲ့ အလှ
သဘာဝကို အန်တုပြိုင်
စိတ်မခိုင်ရင် ကိုယ် ရူးသွားနိုင်တယ်
ညီမလေး...။
စုန်မလေးလား
အပြုံးလေးနဲ့ ပြုစားလို့
အသဲနှလုံးကို နှုတ်ယူ
ခုထက်ထိ အသက်ရူးလို့မဝ
နေနေညညမြင်ချင်နေမိတယ်
ညီမလေး.....။
တစ်ကြိမ်သာဆုံမိလို့
ချစ်မိတယ်ဆိုတာ လွန်လာ
ကိုယ်ရဲ့ အချစ်တွေကို
မြင်သာအောင် ထုတ်ပြဖို့
ရင်ဘက်ကြီးတောင် ခွဲပြလိုက်ချင်းတယ်
ညီမလေးနဲ့ ပတ်သတ်လို့
ရူးသွားတဲ့ လူတစ်ယောက်ဖြစ်ခဲ့ပြီး
လက်မြှောက်နှောက်ဆုတ်
ဆုံးရှုံဖို့ မဖြစ်နိုင်တော့
နောက်ထပ်ပြန်ဆုံဖို့
ဆုတောင်းနေရတော့မယ်
ညီမလေးရေ...
ဘာတွေတွေးနေလည်း
အချစ်တစ်ခုမှာ
အသက်အရွယ်အသိုင်းအ၀ိုင်းနဲ့
ဂုဏ်ဓနတွေက
အရေးပါခဲ့လာ ညီမလေး..။
တွေးမိရင် အားငယ်တယ်
ခြားနားတဲ့ အသက်အရွယ်
အခြေမတူတဲ့ ဘ၀နှစ်ခု
ထပ်တူပြုဖို့ အတွက်တော့
ညီမလေးရဲ့ စကားတစ်ခွန်က
ကိုယ်ဘ၀ကြီးအတွက် ဖြစ်ခဲ့တယ်
ညီမလေးရဲ့ လက်ကိုတွဲ
ခက်ခဲ့တဲ့ ဘ၀ကိုဖြတ်
ညီမျှတဲ့ မေတ္တာပေးလို့
အတူရှေ့ဆက်မဲ့ အရေးကို
ကိုယ်အတွေနဲ့ ရည်စူးခဲ့တာ
တစ်ကိုယ်ကောင်းဆန်ခဲ့လား
ချစ်တတ်တဲ့လူတိုင်တွေကြမှာပါ
ညီမလေးတစ်ယောက်ရော
ဘာတွေတွေးနေလည်းကွား...။
ဤမျှသာ
ပျော်ရွှင်ပါစေလို့
ဆုတောင်းပေးနေပါတယ်
လိုချင်တာယူးသွားပါ
ကိုယ်ပိုင်ဆိုတာ မှန်သမျှ
ညီမအတွက် လိုအပ်တာကိုပေါ့
ညီမျှခြင်းချမရတော့
မချစ်ရဲခဲ့တာ နားလည်းတယ်
အပြီးအပိုင်ထွက်သွားမဲ့ ညီမကို
ညညတော့ လွမ်းခွင့်ပြုပါနော်...။
အရမ်းချစ်ပေမယ့်
စွန်လွှတ်ခဲ့ပါတယ်
ကိုယ်နေချင်းတာ မင်းနားပါ
မရေရာတဲ့ ရှေရေးတွေကြောင့်
ကျောခိုင်းလို့ ထွက်သွားလိုက်ပါတော့
အလွမ်းတွေနဲ့ ကိုယ်ဘ၀ကို
ကလောင်ထက်က ကဗျာစပ်ရင်း
နေခဲ့လိုက်တော့မယ်
ဤဘ၀တော့ ဤမျှပဲပေါ့
ညီမလေးရယ်......။
နားလည်ပါ
လွမ်းဇာတ်မခင်းချင်းပေမယ့်
လမ်းဖြတ်မှာ ပြုတ်ကျသွားတဲ့
ကိုယ်နှလုံးသားတစ်စုံကြောင့်
မျက်ရည်စမ်းလေးတွေ
ခမ်းခြောက်ခဲ့ရပြီး
ရိုမီယို ဂျူးလီယက်ထက်
တစ်သက်မခွဲ ခိုင်မြဲလက်နဲ့
မျက်စိမှိတ် ချစ်ပစ်လိုက်ချင်တယ်
လမ်းတစ်ဒေါင့်မှာ
ဆူးညှောင်းတွေကြောင့်
ညီမလေးကို လက်တွဲးလျှောက်ဖို့
ကိုယ်နှလုံးသားက မစွမ်းနိုင်ခဲ့တာ
နာလည်းနိုင်မှာပါ...။
ကြောက်တတ်တယ်ပဲဆိုဆို
ညီမလေးနွမ်းကြွေမှာကိုတော့
ကိုယ်နှလုံးသားက
ခွင့်မပြုနိုင်ခဲ့လို့
သတ္တိနည်းတဲ့ လူတစ်ယောက်လို့
မြင်ကြပါစေတော့ကွာ.
ညီမလေးအတွက် ဆို
သေဆိုရင် သေပေးမယ်
လူတစ်ယောက် ဖြစ်ခဲ့လို့ပါ
ညီမလေးရယ်....။
♥★ ကြိုးစားပါဦးမည်♥★
♥★မြှားနတ်မောင် (အချစ်ဆိုင်ရာ ဥက္ကဋ္ဌ) ♥★