ချောင်းဆိုးရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိပါတယ်။
ချောင်းဆိုးသွေးပါနှင့်ပတ်သက်ပြီး ဖြစ်နိုင်တဲ့နည်းလမ်းလည်း အမျိုးမျိုးရှိပါတယ်။
ဘယ်လိုကြောင့်ပဲ ချောင်းဆိုးစေကာမူ ချောင်းဆိုးရင်း သွေးပါလာရင် တီဘီရောဂါ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီဆေးနည်းလေးကို တင်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတစ်ယောက် လက်တွေ့ပျောက်ကင်းသက်သာခဲ့တဲ့ နည်းကလေးတစ်ခုပါ။
ဆေးနည်းကတော့ မီးကွင်းဂမုန်းက ဂမုန်းရွက်ကို ကြေးဇွန်းကြီး (၂) ဇွန်းခန့် သတ္တုရည်ပြုလုပ်ပြီး
တစ်နေ့တစ်ကြိမ်သာ စွဲမြဲသောက်သုံးခဲ့လို့ သက်သာပျောက်ကင်းခဲ့တာပါတဲ့။
မီးကွင်းဂမုန်းဆိုတာ သန်လျက်ပုံသဏ္ဍာန် ခပ်ချွန်ချွန်ရှိပြီး မျက်နှာပြင်က အစိမ်းရောင်ရှိပါတယ်။
အောက်ဘက်ကတော့ ခရမ်းရောင်ကဲ့သို့ရှိပြီး အလျားမှာ တစ်ထွာခန့်၊ ဗြက်က တစ်လက်မခွဲခန့် ရှိပါတယ်။
သူငယ်ချင်းရဲ့ လက်တွေ့ဆေးနည်းတစ်လက်ဖြစ်ပြီး ဆေးနည်းကလည်း သိပ်ခက်ခဲတာမဟုတ်တဲ့အတွက်
အသုံးပြုလိုသူများ စမ်းသပ် သိရှိစေရန် ဝေမျှပေးလိုက်ပါတယ်။
↧
ချောင်းဆိုးသွေးပါရောဂါ သက်သာပျောက်ကင်းစေရန်အတွက် ဆေးနည်းတစ်လက်
↧