အမေမွေး ကထဲက အငို နဲ အစ ပြုလို. လူလောက ထဲကိုအခြေ ချခဲ့ကြပါသည် ။
“ အူဝဲ ”
ဆိုတဲ့ ကလေးငယ်လေးရဲ့ ငိုသံက မင်္ဂလာ တပါးဟု ကင်ပွန်းတပ်ကြသည် ။ အိမ်ရဲ့ ဆည်းလဲသံဟုလဲ တင်စားကြပါသည် ။ အဲ့ဒီ ကလေး ဘာလို့ငို လဲ မစဉ်းစား ဖူးကြပါ ။ အမှန်တော့ မွေးထဲက နာကျင်လွန်းလို့ ငိုကြရတာပါ။ ဒုက္ခနဲ အစ ပြု ခဲ့တဲ့ လူ့ဘ၀ ဆက်တိုက်ဆက်တိုက် ဒုက္ခတွေပါပဲ ။
ဒါကို သုခလို့ အမှတ်မှား နေကြတာ လဲလူ.သဘောပါပဲ ။ ဆင်းရဲတဲ့ လူရော ပျော်သလား မေးကြည့် ပျော်နေတာပါပဲ ။ ချမ်းသာတဲ့ လူက တော့ ပြောဖွယ်ရာ မရှိပေါ့။ အမှန်တော့ ဒုက္ခကို အရောင်ဆိုးနေကြတာပါ။
ဒုက္ခကို ဒုက္ခလို့ မမြင်အောင် အရောင်ဆိုးထားတော့ အော် ..အဖြူလေး လှ လိုက်တာ ၊ အနီရောင် ကြပြန်တော့ တောက်နေတာပဲ လှတယ် ။ ပန်းရောင်ကြတော့ ချစ်စရာလေး ၊ ခက်လိုက်တဲ့ လူတွေ ပါပဲ ။
မွေးပြီးထဲက တစ်စက္ကန့်မှ မနား သေမင်းခံတွင်းဝ ကို ပြေးနေကြတာ ဘယ်သူကမှ သတိမထားကြပါ ။
အဖိးုကြီး ၊ အဖွားကြီး ဖြစ်မှ အို ရ ၊နာ ရ တာ မဟုတ် မွေးပြီး စက္ကန့်မခြားပဲ အိုနာသေ ဘေးနဲ တွေ့ ကြရတာပါ ။
အချိန်ဆိုသည် နောက်ပြန်ရိုး ထုံးစံ မ၇ှိ ။ လူတွေမှာ နောင်တ ဆိုတာ ၇ှိပေမဲ့ အချိန် နဲ ကံတရားက နောင်တ ကို လက်မခံကြပါ ။ နောင်တ တကယ်ပဲ ရပါပြီ ဆိုလို့ အချိန်က နောက်ပြန်ဆုပ်မပေးတော့ပါ ။ အဲ့လိုပဲ ကိုယ့် ပြုခဲ့တဲ့ အကုသိုလ် ကံ တို့သည် နောင်တ ရပြီ မို့လို့ ပျောက်စေ ဟု ပယ် ဖျက်လို့ မရနိုင်ပါ။ ကိုယ့် လုပ်တဲ့ ကံရဲ့ အကျိုးပေးကိုယ် ကိုယ် ကို တိုင်ပဲ ပြန်၍ခံစားရမှာ မလွဲ ဧကန်ပင်ဖြစ်ပါသည် ။
လူဘ၀ ရတုန်း ခဏ ပျော်ပျော်နေလိုက် ကြရအောင်ဆိုသော အတွေးများ သတိထားသင့်ပေသည် ။ ဘယ်သူ သေသေ ငတေမာရင်ပြီးရော ၊ ဘယ်သူ ဘာ ဖြစ်ဖြစ် ငါ ပျော်နေ ရင် ၊ ငါ အဆင်ပြေရင်ပြီးတာပဲ ဆိုသော သူများ ဘယ်လောက် ကြာ အောင်ပျော်နိုင်မှာ တဲ့လဲ ။ေ၇ှး ကုသိုလ်ကောင်းလွန်းနေ၍ သူ ပျော်ရ တစ်ဘ၀ ပါပဲ ။ ဒီဘ၀ ကုန်လွန်သွားပြီ နောင်ဘ၀ မှာ ရင်တော့ ဖြင့် ငါ အပျော် အောင် ဆိုသော အကုသိုလ် တို့သည် နှစ်ဆ ပြန် ခံစားရတတ်သည် မှာ မြေကြီး လက်ခတ် မလွဲပင်။
လူ့.လောက သဘာဝ သည် ထင်သလို မဖြစ်တတ်သောကြောင့် ဆန်းကြယ်လှသည်ဟု တင်စားကြဖူးသည် ။
အမှန်တော့ လောက ဆိုသည် လူတွေ၏ ဆန်ူကြယ်ထွေးပြား ကောက်ကျစ်တတ်သော စိတ် သဘော ကြောင့်သာ ဆန်းကြယ်လာရခြင်းဖြစ်ပေသည် ။
လူလောက တွင် အရိယာ သူတော်ကောင်းများမှ လွဲ၍ စိတ်ထားဖြူစင်သန့်ရှင်းသူ မရှိနိုင်ပါ ။ လူ၏ စိတ်သည် ဆန်းကြယ်လှသည် ။ ဒီနေ့ ဒီ အ၀တ်ကြိုက်လှသော်လဲ မနက်ဖြန် ကြိုက် ချင်မှ ကြိုက်တော့မည် ။ ဒီနေ့ အချဉ်စား ချင်ပေမဲ့ မနက်ဖြန် အချိုလေးမှ ။ ဒီလို ထွေးပြား လှသော စိတ်ဆန္ဒကို ပြီး ပြည့်စုံအောင် မည်သူ ဆောင်ကျဉ်ပေးနိုင်မည်နည်း ။ လူသူမရွေး သူဌေး ၊ သမ္မတပါ မကျန် မေးကြည့်ပါ လျင် လိုအင်တွေ ပြည့်နေသော နေ့ဟူ၍မ၇ှိနိုင် ပါ ။ အဘယ့်ကြောင့်ဆိုသော် စိတ် စွမ်းအင်သည် လက်ဖြစ်တထွက်တွင် ကုဋေတစ်သန်းထိ သွားနိုင်သော စွမ်းအား ရှိသည် ။ ထိုကြောင့် သူ့.အလို ပြည့်ဖို့ရာ မဖြစ်နိုင်ပါ။
သို့သော် လူတို့သည် စိတ်နှင့်သာ အသက်ရှင်နေတာမို့ စိတ်အလိုကို လိုက်ကြရခြင်းသည်သာ ဖြစ်သည် ။
ထို ဖောက်လွဲဖောက် ပြန် များလှသော စိတ်ဆန္ဒကို အလို လိုက်၍ ရော ဆုံးနိုင်မည်ဟု မထင်တော့ပါ ။
စိတ်၏ သဘောကို နားမလည်ပဲ ငါလိုချင်တာ ရအောင်ယူမည်ဆိုသော အခါ စိတ်သည် မဖြူစင်နိုင်တော့ပါ ။
လောဘ ၊ဒေါသ တို့၏ လက်အောက်ခံဖြစ်သွားသော ကြောင့် အကုသိုလ်စိတ်များသာ ဖြစ်ပေတော့မည် ။
ငါ ဆိုသော မာနက အစ ပြု၍ လို ချင်သော လော ဘ ၊ မရမနေ ကြိုးပမ်းချင်သော ဒေါသ တို့ နှင့် လုံးလည်လိုက်နေသော ဘ၀ တွေသာ များနေကြပါသည် ။ ထို မာန ၊ လောဘ ၊ ဒေါသ တွေသာ ကင်းစင်နေပါလျှင် လောကကြီး ဘယ်လောက်အေးချမ်း လိုက်မလဲနော် ..
လူခြင်းခြင်း ပြောနေကြစကား တခွန်း ကြားဖူးသေးသည် ။
“ သူ. စိတ် ငါ သိတာပေါ့ ” တဲ့
သူများစိတ်ကို သိရ၍ အောင်နိုင်သူ လို လေသံမျိုး နှင့် ပြော တတ်ကြသည် ။ အမှန်တော့ သူများ စိတ်ကို သိစရာ မလို ကိုယ့် စိတ်ကိုသာ ကိုယ့် သိစေ ရန်လိုအပ်လှပါ သည် ။
သူများ စိတ်အကြံကို သိ၍ အောင်နိုင်ခြင်းသည် မထူးဆန်းလှပါ ။ ကိုယ့် စိတ် ကို ကိုယ်တိုင်နားလည်၍
မကောင်းမူ မှာ မပျော်မွေ့ရန် ထိန်းချူပ်နိုင်ခြင်း သည်သာ ကြီး မြတ်သော အောင်နိုင်ခြင်းဖြစ်ပေသည် ။
စိတ်ရဲ့ ပျော်ရွှင်မူကို ရှာ ၊ စိတ်ရဲ့ အလို ကို လိုက် ဘယ်အချိန်မှ ပြီးဆုံးမည်မဟုတ်ပါ ။
ဘယ်လမ်းကို လိုက်ကြမလဲ ...
ပြန်မရနိုင်တော့သော လက်၇ှိ အချိန် အတွက် ..
ပြင်ဆင်ခွင့် မရနိုင်တော့သော ကံတရားအတွက် ..
စိတ် ဆိုသော အရာကို ထိန်းချူပ်နိုင်ခြင်းဖြင့် ..
ကောင်းမူတရားများမှာသာ ပျော်မွေ့ ကြပါစို့နော် ...
ခင်မင်လေးစား လျှက် ...
ဆန္ဒမွန်ဖြင့် ..
မှုံနံ.သာဖြူ .