ရွှေမြို့တော်သူ ၊ မြို့တော်သားများအားလုံးကို မင်္ဂလာနှစ်သစ်နှင့်အတူ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ကျွန်မရေးသည့် စာ ၊
ကဗျာများကို စဉ်ဆက်မပြတ် အားပေးခဲ့သည့် မိတ်ဆွေ များအတွက် ကျေးဇူးလှိုက်လှိုက်လှဲလှဲ တင်ရှိပါတယ်။ ကြီးသူများကို လေးစား၍
ရွယ်တူများကို အလေးထားကာ ငယ်သူများကို ဖေးမလက်တွဲလို့ Onlineကမ္ဘာလေးထဲတွင် အချိန်ပေးသည့်
အခါတိုင်းစာပေဖြင့် ရွှေမြို့သူမြို့သားများကို ဖျော်ဖြေတင်ဆက် ရေးသားပန်ဆင်အပ်ပါသည်။ ရွှေမြို့တော်မှ ပညာရှင် ၊
စာပေရှင်များ၏ အရေးအသား ၊ တတ်သစ်စပညာရှင်များ၏ အတွေး အခေါ်များဟာ အံ့မခန်းထူးချွန်ကြ၍ ကျွန်မအနေနှင့်
ပညာရိပ်ခိုလှုံခွင့်ရသဖြင့် ဝမ်းသာပီတိဖြစ် ရပါတယ်။ တစ်ဦးချင်းလိုက်လံ မနှုတ်ဆက်နိုင်ပေမဲ့ အားလုံးကိုတော့ နှုတ်ဆက်ပါရစေ
၂၀၁၃ နှစ်မှစ၍ အားလုံးစိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျမ္မာခြင်း ၊ ပြည့်စုံပြီး
ကြံတိုင်းအောင်၍ ဆောင်တိုင်း မြောက်ပါစေလို့ နှစ်သစ်မှာစိတ်ရင်းအမှန် နှုတ်ဆက်လိုက်ပါတယ်။ ကျွန်မ၏စိတ်အတွေး အခေါ် ၊
အရေးအသားများကို စာပေဖြင့်သီကုံးရာတွင် အမှားပါပါက ခွင့်လွတ်ပေးပါရန် ပန်ကြားအပ်ပါသည်။ မြို့တော်သူ ၊ မြို့တော်သား
အားလုံးကို ထာဝရလေးစား တန်ဖိုးထားပါ တယ်။
ရွှေမြို့တော်ကို ကျောခိုင်းသွားသော ကျွန်မရဲ့သင်ဆရာ ၊ မြင်ဆရာများကိုလည်း သတိရနေပါတယ်။ တစ်နေ့ကျွန်မလည်း
ထွက်သွားခဲ့ရင် ရွှေမြို့တော်မှ မိတ်ဆွေများ ကိုမမေ့ ပါဘူး။ ကျွန်မပျော်ရွှင်စိတ်ချမ်းသာ
လုံခြုံမှုရှိတဲ့မေတ္တာအရိပ် အောက်မှာရှင်သန်ရသကဲ့သို့ အားလုံးကိုလည်း ပျော်ရွှင်ချမ်းသာပီတိ ဖြစ်စေချင်ပါတယ်။
ဒါကြောင့်စာပေရသဖြင့် အမျိုးမျိုး ပုံဖော်ရေးသား၍ သီကုံးတင်ဆက်ခဲ့ရပါတယ်။ အချိန်ပေးရင်လည်း ရေးသားတင်ဆက်ပေးပါ မယ်။
ချစ်မြတ်နိုးသောစိတ် ၊ စာပေချစ်သောစိတ်ဖြင့် အားပေးဖတ်ရှု လက်တွဲခေါ်ယူသွားပါလို့ ဂါဝရထားပြီး တောင်းဆိုအပ်ပါတယ်။
ကျွန်မဟာ မိန်းမသားဖြစ်၍လည်း မိန်းမသားများ အားလုံးကိုလူဆန်သော လူသားများနှင့်
ချစ်ခင်တွေ့ကြုံစေချင်ပါတယ်။ ယောကျာ်းလေးများကိုလည်း လူသားဆန်ဆန် တစ်မိုးအောက်
တစ်ယောက်စနစ်နဲ့ သေတပန်သက်တဆုံး ပေါင်းသင်းဆက်ဆံပေးပါလို့ မေတ္တာရပ်ခံပါရစေ။ အားနွဲ့သောမိန်းမသားများသည်
မာယာများသည်ထင်ရပေမဲ့ လှည့်စား ၊ မျက်နှာများသည် ယူဆရပေမဲ့ တကယ်တမ်းတော့ ဖြူစင်တဲ့ သနားတတ်သော နှလုံးသား
ပိုင်ပြီးရှုံးနိမ့်နေရတဲ့ ဘဝပါ။ ဒါကြောင့် လက်တွဲဖော်ကို နားလည်ခွင့်လွတ်ပြီး ထာဝရချစ်နိုင်ပါစေလို့ နှစ်သစ်မှာ
ဆုမွန်ခြွေလိုက်ပါတယ်။ ရွှေမြို့သူမြို့သားအားလုံး Happy New Year ပါရှင်။
( ကိုယ်တိုင်ရေးသား သီကုံးသည်။ )