စကားပြေတို့လာရာလမ်း အစ...။
စာတစ်ပုဒ်ဖန်တီးသူ စာရေးဆရာတို့သည် ဖတ်လို့ရသော မည်သို့သော အမျိုးအစား သတ်မှတ်ထားသော စာဖြစ်စေ အခြေ ခံလက္ခဏာ ဖြစ်သော စကားပြေရေးသားနည်းကို လွန်ဆန်မရပေ...။
စာရေးသားနည်းကို ၀ါသနာထုံသောသူမှန်လျှင် စကားပြေ ရေးသာနည်းဆိုင်ရာ အချက်အလက်အချို့ကို ကျမ်းကျေသည်ဟု မဆိုသာတောင် အတော်အတန် တီးမိခေါက်မိအောင် လေ့လာထားသင့်ပေ၏..။
ထို့ကြောင့် စကားပြေရေးသားနည်းကို အမြွက်မျှ ဤစာထဲတွင် ဖော်ပြအံ့......။
စာတစ်ပုဒ်တွင် ( စကားပြေတစ်ပုဒ်..) တွင်......
(၁)။ စကားလုံး ၊ ၀ါကျ ၊ စာပိုဒ် ၊ စာပုဒ် ဟူသော အဖွဲ့ လေးဆင့်ရှိရမည်...။
(၂)။ သဒ္ဒါမှန်မှု ၊ စကားအသုံးအနှုန်းမှန်မှု ၊ ၀ါကျ ဖွဲ့ထုံးမှန်မှု ဆိုသော အခြေခံလက္ခဏာများ ပါရှိရမည်...။
(၃)။ မိမိစာဖတ်သူထံ ဖော်ပြသော စာကို စာဖတ်သူ အချိန်မကုန်စေရန် ကျစ်လျစ်သိပ်သည်းသော ဆိုလိုချက်တိုတိုများနှင့်
ဖော်ပြရမည်..။
(၄)။မှန်ကန်မှု ၊ ရှင်းလင်းမှု ၊ ကျစ်လျစ်မှု ၊ ပြောပြစ်မှု ဟူသော ဖော်ပြပုံ (၄) မျိုးနှင့် ညီအောင် ရေးသားရမည်...။
ထိုကဲ့သို့ပဲ...... မိမိရေးသားရာ စာတစ်ပုဒ်တွင် အောက်ပါ ခံစားမှုများပါဝင်အောင်လဲ ထဲ့သွင်းပေးရမည် ဖြစ်သည်...။
၁။ ၀င်္က၀ုတ္တိ အလင်္ကာ (သွယ်ဝိုက်တန်ဆာ ဆင်ခြင်း ) ။
၂။မြည်သံစွဲ အလင်္ကာ ( မြည်သံကိုစွဲ၍ ပြုဖွဲ့ တန်ဆာဆင်ခြင်း ) ။
၃။ ဥပမာ အလင်္ကာ ( ခိုင်းနှိုင်း အဆင်တန်ဆာ ဆင်ခြင်း ) ။
၎။ ရူပက အလင်္ကာ ( ထပ်တူပြု တန်ဆာ ဆင်ခြင်း ) ။
၅။အတိသယ၀ုတ္တိ အလင်္ကာ (လွန်ကဲဖွဲ့ အဆင်တန်ဆာ ဆင်ခြင်း ) များ ပါအောင်ရေးဖွဲ့ရပေမည်....။
အထက်ပါ ထို (၅) ချက်ကို အကျဉ်းမျှ အဓိပ္ပါယ် ပြုပေးရသော်........
၁။ ၀င်္က၀ုတ္တိ အလင်္ကာ (သွယ်ဝိုက်တန်ဆာ ဆင်ခြင်း ) ဆိုသည်မှာ မိမိပြောလိုသော အချက်အလက်ကို လှပသော အဖွဲ့အနွဲ လှည့်
ကွက်များနှင့် မိမိ စာဖတ်သူထဲ ချပြ ဖော်ပြခြင်း..။
၂။မြည်သံစွဲ အလင်္ကာ ( မြည်သံကိုစွဲ၍ ပြုဖွဲ့ တန်ဆာဆင်ခြင်း ) ဆိုသည်မှာ..... မိမိရေးသားရာ စာထဲတွင် ဇတ်လမ်း သဘောအရ ဖော်
ပြပေးသင့်သော် ပေါက်ကွဲသံ ၊ အော်ဟစ်သံ ၊ အထိတ်တလန့် အာမေဋိတ်သံ ၊ စကားပြောဆိုသံ ၊ တေးသီကျူးသံ များနှင့် အစရှိသဖြင့်
သော အသံတို့ကို ထဲ့သွင်းရေးသား၍ မိမိ စာဖတ်သူထံ ချပြ ဖော်ပြခြင်း..။
၃။ ဥပမာ အလင်္ကာ ( ခိုင်းနှိုင်း အဆင်တန်ဆာ ဆင်ခြင်း ) ဆိုသည်မှာ ... မိမိတို့ ဇတ်လမ်းကို မိမိရေးသားရာ ဇတ်ကြောင်းနှင့် မဆိုင်
သော တခြား ဇတ်ပြ၍...ပြု၍ စာဖတ်သူ သိအောင် ပမာဖွဲ့ အသိပေး ထဲ့သွင်းရေးသား၍ မိမိစာဖတ်သူထံ ချပြ ဖော်ပြခြင်း..။
၎။ ရူပက အလင်္ကာ ( ထပ်တူပြု တန်ဆာ ဆင်ခြင်း ) ဆိုသည်မှာ.... အခြားတစ်ပါး ဖြစ်ရပ်တစ်ခုကို ပုံပွား၍ ထပ်တူပြု ဇတ်လမ်းဆင်
ကာ ထဲ့သွင်းရေးသား၍ မိမိစာဖတ်သူထံ ချပြ ဖော်ပြခြင်း..။
၅။အတိသယ၀ုတ္တိ အလင်္ကာ (လွန်ကဲဖွဲ့ အဆင်တန်ဆာ ဆင်ခြင်း ) ဆိုသည်မှာတော့ ပြင်ပ ဗဟိဒ္ဓိလောကတွင် ဖြစ်ပျက်နေသော ပုံမှန်
အဖြစ်အပျက် (ဘာဝ) များထက် လွန်ကဲကာ စိတ်ကူးလွန်ပုံရိပ် (၀ိဘာဝ ) အဖြစ်အပျက်များကို စိတ်ကူး ညဏ်ကွန့်ရေးသားခြင်းများကို
ဆိုလိုပါသည်....။
နောက်တစ်ဖန်...... အလင်္ကာ ကျမ်းလာ ဂုဏ်များ ဖြစ်သော ......
၁။ ပသာဒဂုဏ် (ရှင်းလင်းမှု) ။
၂။သြဇာ ဂုဏ် (ကျစ်လျစ်မှု ) ။
၃။ မဓုရတာဂုဏ် ( ပြေပြစ်မှု ) ။
၎။သမာဓိ ဂုဏ် (မရှိတာကို အရှိထင်စေမှု )
ဆိုသော ဂုဏ်များကိုလဲ မိမိတို့ ရေးသားရာ စာများထဲတွင် အလေးဂရုပြု ၍ ရေးသားပါမည်...။
စာပေကောင်း တစ်ပုဒ်.... အဆင့်အတန်းမြင့် စာတစ်ပုဒ် ဖန်တီးရန်မှာ အမှန်တကယ်ဆိုလျှင် လွန်စွာ ဖန်တီးသူ စာရေးဆရာ အ
တွက် ၀န်ကြီးလေသည်....။ သို့သော် စာပေ ၏ အခြေခံ သဘောတရားနှင့် မူများကို သိနားလည်မှု ပြုထားသော .....ရှိထားသော.. စာ
ရေးဆရာ ..စာပေဖန်တီးရှင်အတွက်မူ စည်းဘောင်ပြည့်ဝသော စာပေများစွာကို ဖန်တီးရ သည်မှာ လွယ်ကူပေလိမ့်မည်...။
ဥပမာဆိုရသော်..... တရား ဥပဒေကို နားလည်တတ်ကျွမ်း ထားသူသည်.... ပြစ်မှုကျုးလွန်ရာမှာ ဖြစ်စေ.... ပြစ်မှုတစ်ခု အခြားသူကို ဆင်ရာတွင် ဖြစ်စေ.... ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ယူဖန်တီး နိုင်စွမ်းရှိခြင်းမျိုးကို ဆိုလို ချင်ပါသည်...။
ထို့ကြောင့် စာပေရေးသားချင်စိတ်နှင့် စာပေကို စတင် ရေးသားတော့မည် ဆိုလျှင် အထက်ပါဖော်ပြ အကြောင်းအရာ တချို့ကို
သိနားလည်ထားသော်.... မိမိတို့ စာဖတ်ပရိတ်သတ်အတွက် လည်း လွန်စွာ အကျိုး ဖြစ်ထွန်းပေလိမ့်မည်..။
ထို့ကြောင့် ယခု စကားပြေနှင့် ပါတ်သတ်သော ဆောင်းပါးကိုထပ်မံရေးသားလိုက်ရင်း အရင်းချုပ်ဆိုရသော်...... စာရေးသူ၏ ယခုဆောင်းပါးကို ဖတ်မိပြီး....နိဒါန်း ၊စာကို ၊ နိဂုံး ဟူသော အဖွင့် ၊အလယ် ၊ အဆုံး ပါသည့် စာကောင်းပေကောင်း စာကားပြေ အခြေခံကောင်းများကို ပေးဆပ်ခြင်းစေတနာ အမှန်ဖြင့် စာဖတ်သူတို့ထံ စာပေကို စတင် ရေးသားနေသူများမှ ဖော်ပြပေး နိုင်ကြ ပါစေ....။
ကကြီး။
http://kagyi13.blogspot.com/