Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တို့အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်

$
0
0

ရွှေမြို့တော်သူ မြို့တော်သား သူငယ်ချင်းများတို့ တို့မှာ အသပြာ မရှိသော်လည်း စေတနာမေတ္တာတရား

ထားရှိလို့ လာလည်ဖိုရန် တို့အိမ်ထံကို ဖိတ်မံတကပြုသည်၊ ဆက်ဆက်လာလည်ပါစေသတည်း။

 

မြတ်စွာဘုရားဟောကြားထားတဲ့ ဟေတုပစ္စယော အာရမ္မဏပစ္စယော-စသော ပဋ္ဌာန်းဒေသနာတော်ကြီးဟာ လောကမှာ ထင်ရှားရှိခဲ့သည်မဟုတ်ပါလော။ အကြောင်း အကျိုးတွေကို ချိတ်ဆက် ချိတ်ဆက်ကာ ဟောကြားသွားတာပါ။ နက်နဲတော့ ဘုရားက လွဲရင် ဘယ်သူမှ အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံ မသိနိုင်ကြပါဘူး။

 

၂၄-ပစ္စည်းတွေကို မျိုးတူရာ မျိုးတူရာ ပစ္စည်းတွေကို ပေါင်းစပ်လိုက်တော့ ကိုးမျိုးရသွားတယ်၊ အဲဒီ ကိုးမျိုးထဲကို သဘောတူရာ ပစ္စည်းတွေ စုကာ စုကာ ပေါင်းထားတယ်။  ဥပမာ-အာရမ္မဏမျိုးဆိုရင် ရှစ်ပစ္စည်း စုထားတယ်၊ သဟဇာတမျိုးဆိုရင် ဆယ့်ငါးပစ္စည်း စုထားတယ်ပေါ့။ ဘာပြုလို့ စုထားနိုင်သလဲဆိုရင် အဲဒီ ပစ္စည်းအချင်းချင်း တူတဲ့တရားတွေ တစ်စိတ် တစ်ဒေသရှိနေလို့ပဲ။ ဥပမာ-ဟေတုနှင့်အဓိပတိဆိုရင် ဟေတုမှာ အမောဟဆိုတဲ့ ပညာပါတယ်၊ အဓိပတိမှာဆိုရင် ၀ီမံသာဓိပတိဆိုတဲ့ ပညာပါတယ်။ အဲဒီတော့ ဟေတုနှင့် အဓိပတိ ပေါင်းဖို့ ဆိုရင် အမောဟနှင့်ဝီမံသာဓိပတိဆိုတဲ့ သဘောတူရာ တရား တစ်စိတ်တစ်ဒေသ ပါနေတဲ့ အတွက်ကြောင့် သဟဇာတမျိုးထဲမှာ စုထားတယ်လို့ မှတ်ရမယ်။

 

ရွှေမြို့တော်ဆိုတာက အိမ်ကြီး တစ်အိမ်ပါ။ အဲဒီ အိမ်ကြီးတစ်အိမ်ထဲမှာ လာပြီးစုနေကြတဲ့ တို့တွေက အိမ်သူအိမ်သားတွေပါ။

လောကကြီးထဲမှာ သူ့ဝါသနာ သူစရိုက်နှင့်   နေထိုင်ကြတဲ့ လူတွေက မရေတွက်နိုင်အောင် များပြားလှပါတယ်။  အဲဒီ များပြားလှတဲ့လူတွေ ၀ါသနာတူရာ စရိုက်တူရာ ဓာတ်တူရာတွေ ပေါင်းစပ်ပြီးတော့ အလုပ်လုပ်ကြရပါတယ်၊ ဖျော်ဖြေပွဲတွေသွားကြတယ်၊ စားကြတယ်၊ သောက်ကြတယ်၊  ခင်မင်ကြတယ်၊ ခရီးသွားကြတယ် စ-သည်ဖြင့်ပေါ့။ ဘာပြုလို့ အဲဒီလို စုလို့ရသလဲဆိုရင် တစ်ဦးနှင့်တစ်ဦး သဘောတရားတွေ တစ်စိတ်တစ်ဒေသအားဖြင့်သော်လည်းကောင်း အားလုံးအနေအားဖြင့်သော်လည်းကောင်း တူညီမှု ရှိလို့ပါပဲ။ ဒါကြောင့် ၀ါသနာတူ စရိုက်တူ အကျင့်တူ-စသော သဘောတရားတူသူတွေ စုသွားကြတာပေါ့။

 

အဲဒီတော့ ရွှေမြို့တော်ဆိုတဲ့ အိမ်ကြီးထဲမှာလဲ စရိုက်တူ ၀ါသနာတူတွေ လာစုနေကြပြီပေါ့၊ ရွှေမြို့တော်ရဲ့ အိမ်ထဲမှာ ---ရွှေမြို့တော်မှာဘာတွေလုပ်မလဲ

စာတွေကဗျာတွေရေးမယ် နည်းပညာမျှဝေမယ် မိတ်ဆွေရှာမယ် ပျော်ပျော်ပါးပါးချက်မယ် စာပေတွေဖတ်မယ် နည်းပညာလေ့လာမယ် softwareတွေဒေါင်းမယ် ပရဟိတလုပ်မယ် ရွှေမြို့တော်ကိုကူညီမယ်

ဆိုတဲ့  လုပ်ငန်းတွေ ပေးထားတယ်။ အဲဒီသဘောတရားတွေ တစ်စိတ်တစ်ဒေသ တူသူရှိသလို အားလုံးတူသူလဲရှိကြတယ်၊ အဲဒီ အတူသဘောလေးတွေပေါင်းစပ်ပြီးတော့ ရွှေမြို့တော်ဆိုတဲ့အိမ်ကြီး ဖန်ဆင်း ဖြစ်ပေါ်လာတယ် မဟုတ်လား။ အဲဒီ အိမ်ကြီးထဲမှာ ဆရာဗန်လည်း တစ်ယောက်အပါအ၀င် ဖြစ်တယ်လေ၊  ဆရာဗန်က အထက်ပါ အမှန်ချစ် လေးးခု-ပြပြီး ၀င်လာတာဖြစ်ပါတယ်။

အဲဒါကြောင့် တို့တတွေ ရွှေမြို့တော်ဆိုတဲ့ အိမ်ကြီးထဲမှာ သဘောတူရာ မြို့တော်သူ မြို့တော်သားတွေ စုစုစည်းစည်း  နေထိုင် နေကြတယ်ပေါ့။  မြို့သူ မြို့သား ညီကို မောင်နှမချင်း စေတနာ မေတ္တာ အကြင်နာ ကရုဏာ မုဒိတာ တရားတွေ ရှေ့တန်းတင်ပြီး ချစ်ချစ်ခင်ခင် ကူညီဖေးမ နေထိုင်ကြရမှာပေါ့။ အဲဒီလို နေထိုင်ကြရင် မြို့တော်ကြီးဟာ သာယာလှပ ရှု့လို့မ၀အောင် ဖြစ်လို့နေပြီး လာလည်ကြတဲ့ တစ်ခြား မြို့သူမြို့သား ကမ္ဘာလှည့်ခရီးသည်တွေရဲ့ရင်ကို အေးမြ ပျော်ရွှင်စေမှာ အမှန်ပဲပေါ့။ ဒါကြောင့် ရွှေမြို့တော်ကြီး သာယာလှပဖို့ အိမ်တိုင်း အိမ်တိုင်း တာဝန်ကိုယ်စီ ရှိနေကြတယ်ဆိုတာ အိမ်ရှင်အားလုံး သိနေကြရမှာပါ။

 

ရွှေမြို့တော်ကြီးကို ၀ိုင်းဝန်းကူညီပြီး အလှဆင်သလို ကိုယ်ရဲ့ အိမ်လေးတွေကိုလည်း အလှဆင်ကာ အချင်းချင်း အပြန်အလှန် လည်ပတ်ကြပြီး ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး နေထိုင်ဖို့လဲ လိုအပ်ပါသေးတယ်။

အဲဒါကြောင့် ဆရာဗန်ရဲ့အိမ်မှာတော့ ပစ္စည်းပစ္စယတွေ ပကာသနတွေနှင့် အလှမဆင်နိုင်ပေမဲ့ စေတနာတရား မေတ္တာအပြည့်အ၀ထားလို့ မွန်မြတ်စိတ်ထားနဲ့ ပျူပျူငှါငှါ လှိုက်လှဲစွာဖြင့် ကြိုဆိုပါ့မယ်လို့ ရွှေမြို့တော်သူ မြို့တော်သား အပေါင်းတို့ကို ဖိတ်မံတကပြုသည်၊ ဆက်ဆက်လာလည်နိုင်ကြပါစေ။

 

(၂၈-၁၂-၂၀၁၂) သောကြာနေ့ နံနက် ၁-နာရီခွဲ

သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>