ခြေထောက်လေးချောင်း နဲ့မိန်းကလေး
ခြေထောက်နှစ်ချောင်းကြားမှာ နောက်ထပ်ခြေထောက်နှစ်ချောင်းတွဲလွဲကျနေတဲ့ လူတစ်ယောက်ကို ရုတ်တရက် မြင်ရတဲ့အခါ မိတ်ဆွေ အံ့သြမှင်တက်သွားမိမှာ သေချာတယ်ရှင့်… အမှန်တကယ်မှာလည်း မစ်တဲလ် ကော်ဘင် ဟာ ခြေထောက်လေးချောင်းလူသား အဖြစ် လူသိများခဲ့ပါတယ် .. တကယ်တော့ သူမပိုင်တာ ခြေထောက်တစ်စုံပါပဲ ။ ကျန်တဲ့ ခြေထောက်တစ်စုံက သူမရဲ့ အပြီးသတ်မဖြစ်လာတဲ့ အမွှာညီအမရဲ့ခြေထောက်တွေပါပဲ .. သူမကို ၁၈၆၈ ခုနှစ်မှာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ လင်ကွန်းကောင်တီမှာ မွေးဖွား ခဲ့ပါတယ် ။သူမရဲ့ သေးငယ်လှတဲ့ အမွှာညီမဟာ သူမရဲ့ ခါးအောက်ပိုင်းကနေ တစ်ပိုင်းတစ်စသာ ကောင်းစွာဖွံ့ဖြိုးခဲ့တာကြောင့် သူမဟာ ပုံပျက်ပန်းပျက်အဖြစ်သာ၇ှိနေခဲ့ပါတယ် ။ အဲဒီ ခြေထောက်အပိုနှစ်ချောင်းဟာသေးငယ်ပြီး ခြေချောင်း သုံးချောင်းစီသာ ပါရှိပါတယ် ။ မစ်တဲလ် ဟာ သူမအမွှာညီမရဲ့ ခြေထောက်တွေကို ထိန်းချုပ်နိုင်ပေမဲ့လည်း လမ်းလျောက်ရာမှာတော့ အသုံးမပြုနိုင်ပါဘူး ။ ဒါအပြင် သူမရဲ့ကိုယ်ပိုင်ခြေထောက်တစ်ဖက်ကလည်း တင်းပုတ်ခြေထောက် ဖြစ်နေတာကြောင့် လမ်းလျောက်ရာမှာ အခက်အခဲရှိပါတယ် ။ အတိအကျပြောရရင် ခြေထောက်လေးချောင်းနဲ့ လူသားဖြစ်ပေမဲ့ အသုံးပြုလို့ရတဲ့ခြေထောက် တစ်ဖက်သာရှိပါတယ် ။ သူမဟာ ပီ တီ ဘာနမ် ရဲ့ လူးထူးလူဆန်းပြပွဲမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး အလွန်ကျော်ကြားခဲ့ကာ တစ်ပတ်ဝင်ငွေ ဒေါ်လာ ၄၅၀ ခန့် ရှာဖွေနိုင်ခဲ့ပါတယ် ။ မစ်တဲလ် က သူ့ ရဲ့အပိုခြေထောက်နှစ်ဖက် ကိုလည်း ဘောင်းဘီနဲ့ ခြေစွပ်တွေ ၊ ဖိနပ်တွေပါ ၀တ်ဆင်လေ့ရှိတာကြောင့် အမှန်တကယ် ခြေထောက်လေးချောင်းနဲ့ မိန်းကလေးအဖြစ် ကြည့်ကောင်းခဲ့ပါတယ် ။ မစ်တဲလ် အသက် ၁၉ နှစ်အရွယ်မှာ ဒေါက်တာ ကလင်တန် ဘစ်နဲလ် နဲ့ လက်ထပ်ခဲ့ပါတယ် သူမ ဟာ သမီးလေးယောက်နဲ့ သားတစ်ယောက် မွေးဖွားခဲ့ပါတယ် ။ မစ်တဲလ် ဟာ ၁၉၂၈ ခုနှစ် မေလ ၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ် ။ အောက်မှာ သူ့ရဲ့ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်...
ဒီပုံကတော့ သူမ မင်္ဂလာဆောင်တုန်းကပုံဖြစ်ပါတယ်။ ချစ်ခင်စွာဖြင့်.....လွမ်းသူမေ (အဝေးရောက်)