Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လူ့ခန္ဓာကိုယ်မှ ထူးခြားချက်များ

$
0
0

လူ့ခန္ဓာကိုယ်မှ ထူးခြားချက်များ

(၁) မျက်လုံး နှစ်လုံးကို မျက်လုံးအိမ်ကနေ  ထုတ်ယူပြီး ဇေါက်ထိုး ပြန်ထည့်ပေးလိုက်ရင် 
      အဲဒီလူရဲ့ အမြင် ဘယ်လိုဖြစ်သွားမလဲ လို့ တွေးကြည့်ဖူးလားရှင်.. အတည့်ပဲ
      မြင်နေရမှာလား ၊ ဇေါက်ထိုးတွေ မြင်နေရမှာလားဆိုတာကိုပေါ့ .... တကယ်လို. 
      အဲဒီလိုသာ လုပ်ခဲ့ရင် နှစ်လ လောက်ထိတော့ ဒီလူရဲ့အမြင်တွေဟာ ဇေါက်ထိုးပဲ
      မြင်ရမှာပါ... အဲဒီနောက်ပိုင်းမှာတော့ ပြန်ပြီး အတည့် မြင်လာမှာပါရှင် .... 
      လူ့ ခန္ဓာကိုယ်ရဲ့ adaptation (ကျင့်သား)ရသွားတဲ့အခါမှာပေါ့ရှင် ...
     ကြံကြံဖန်ဖန် research တစ်ခုကိုဖတ်ရလို့ ပြန်ရေးထားတာပါနော်..သူငယ်ချင်းတို့ကိုလဲ သိထားစေချင်လို့ပါ။


(၂) နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာ ( ပေ ၅၀ )အထိညှစ်ထုတ်နိုင်တယ်။
     ဒါဟာ ရန်ကုန်ကတိုက်အိမ်တွေရဲ့  ငါးထပ်လောက်ထိ ရောက်နိုင်တဲ့ သဘောပေါ့ ။


(၃) ကျမတို. ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးတွေဟာ တနေ.ကို 
     အကြိမ် နှစ်ထောင်ခန်. လှည့်ပတ်နေတာပါ ။


(၄) အရွယ်ေ၇ာက်ပြီးတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အရေပြားမျက်နှာပြင်ကို ဖြန့်ခင်းလိုက်ရင်  
    ၂၂ စတုရန်းပေ  လောက်ရှိပြီး ခုနစ် ပေါင်နီးပါးလေးပါတယ် ။ 


(၅) လူ့ကိုယ်မှာ အသေးဆုံး အရိုးက နားအတွင်းမှာ ရှိတဲ့ စတားရပ် ( stirrup ) ခေါ်တဲ့ 
      အရိုးလေးပါ ။ အကြီးဆုံး အရိုးကတော့ femur လို့ခေါ်တဲ့ ပေါင်ရိုး ပါ ။ 
      တဆက်တည်းပြောပြပါဦးမယ် ။ ပေါင်ရိုးကျိုးတာဟာ လူတစ်ယောက်ကို သေစေနိုင်ပါတယ် ။ 


(၆) လူကြီး တစ်ယောက်ရဲ့ အဆုတ်ထဲ ၀င်ဆန့်တဲ့ လေပမာဏက (၅) လီတာခန့် ရှိပါတယ် ။ 


(၇) လူတစ်ယောက် အသက်ရူတဲ့ခါ ရူသွင်းတဲ့ အရှိန်နှုန်းနဲ့ ရူထုတ်တဲ့ အရှိန်နှုန်းက အတူတူပဲ
      ဖြစ်ပြီး တစ်နာရီကို ၈ ကီလိုမီတာ  လောက်ဖြစ်ပါတယ် ။


(၈)  ကိုယ့် ကို သူများထက်ပိုပြီးခြင်ပိုကိုက်တာမျိုးကို သူငယ်ချင်း  မိတ်ဆွေများ ကြုံဖူးကြမှာပါ ။ 
      ဒါဟာ လေးဖြူ ပြောသလို ရုပ်ချောတဲ့သူတွေ ကို ခြင်က ရွေးပြီးကိုက်တာတော့မဟုတ်ပါဘူး 
       ။ လူတွေ မှာ ကျမတို့ ကိုယ်တိုင် မသိနိုင်တဲ့ ကိုယ်သင်းနံ့တွေ ကိုယ်စီရှိကြပါတယ် ။
      တိရိစ္ဆာန်တွေသာ သိနိုင်တာပါ။ တချို့ လူတွေရဲ့ အဲဒီ ကိုယ်နံ့တွေက ခြင်တွေကို ဆွဲဆောင်
      စေတဲ့အတွက် ခြင်တွေက အဲဒီလူနားမှာပဲ ၀ဲနေတော့တာပါ။


(၉) အများဆုံးတွေ့ရသော မျက်လုံး အရောင်မှာ အညို ရောင် ဖြစ်ပါတယ် ။
    မျက်လုံး အညိုရောင်ဖြစ်တာကို ထူးဆန်းတယ် ထင်တဲ့ သူငယ်ချင်းတွေ 
      မှတ်ထားကြနော် ။ဒါမှ normal အရောင်ပါတဲ့.
     (မျက်စိညိုလျှင် စီးပွါးဖြစ်မည် ။ လူချစ်လူခင်ပေါများမည် ။မျက်လုံးညိုပိုင်ရှင်များသည်
     အချစ်နှင့်ပက်သက် စွဲလန်းမှုရှိသည် ။ မိတ်မြဲတတ်သည် ။ ရာသက်ပန် ပေါင်းဖေါ်ရမည့် 
     အချစ်မျိုး ကိုသာ ရွေးချယ်တတ်သည် ။ ရာသက်ပန် စွဲမြဲသော မိတ်ဆွေစိတ် 
     ထားရှိတတ်သည် ။ အလုပ်ကို များစွာကြိုးစားလုပ်ကိုင်ပြီး စွမ်းဆောင်နိုင်သူများလည်း
     ဖြစ်သည် ။ အလုပ်လုပ်ရာတွင် စေ့စပ်သေချာ၍  ဇွဲ ရှိရှိလုပ်ကိုင်တတ်သည် ။ ယင်းတို့သည် 
     အနုပညာကို နှစ်သတ်မြတ်နိုး၍ ကိုယ်ချင်းစာတရားနှင့်လည်း ပြည့်ဝနိုင်ကြပေသည် ။ 
     ( ရူပသျှတ္တရကျမ်း၊ စာ - ၁၅၆/၁၆၄ ) )ျတွင်ဖော်ပြပါသည်။
    
(၁၀) လူတစ်ယောက် ရဲ့ အပေါ်သွားနဲ့ အောက်သွား ထိတဲ့အချိန် စုစုပေါင်းဟာ တစ်နေ့ကို 
      ( ၁၉ ) မိနစ်ကျော် သာရှိပါတယ် ။
       ပညာရပ်ဆိုင်ရာမေးလ် မဟုတ်လို့ သေချာ မရှင်းပြတော့ပါဘူး ။ သေချာသိချင်ရင်တော့
       သွားဘက်ဆိုင်ရာ ဆရာဝန်များကို မေးကြည့်လို့ရပါတယ်နော် ။ 


(၁၁) လူ တကိုယ်လုံးမှာ သွေးခုန်နှုန်း တိုင်းလို့ရတဲ့ နေရာ ( ၉ ) နေရာရှိပါတယ် ။
       လက်ဖျံလိုနေရာမျိုးမှာ တိုင်းလို့ ရတာကိုတော့ ကျနော်တို့အားလုံးသိကြမှာပါ ။
       ဒါပေမဲ့ လူတစ်ယောက် shock (ရှော့ခ်) ရသွားလို. မေ့မြောနေတဲ့ချိနမှာဆိုရင်တော့
       လက်ဖျံလိုနေရာက သွေးခုန်နှုန်းကို စမ်းလို့ မမိနိုင်တော့ပါဘူး ။ ဒါကြောင့် အရေးအပါဆုံး
       နေရာကတော့ လည်ပင်း မှာရှိတဲ့  Carotic artery နေရာပါပဲ ၊


(၁၂) သာမာန် လူကြီး တစ်ယောက်ရဲ့ အံသွားကြိတ်တဲ့ အား ဟာ ပါင် ( ၅၀) ကနေ 
      ပေါင်( ၂၀၀) ထိ ရှိပါတယ်တဲ့နော်...
(၁၃) ယောက်ကျားတို့ ရဲ့ အူသိမ် ( small intestine ) ဟာ ၂၂ ပေ ရှည်တယ်လို့ လူတိုင်း
        သိကြပါတယ် ။ ဒါပေမဲ့ အမျိုးသမီးတွေ မှာ ၂၂ ပေ မှရှိပါဘူး ။ ယောက်ျားလေးတွေထက် 
        အနည်းငယ် ပိုတိုပါတယ်။အဲ့တာကြောင့်
       မိန်းကလေးတွေ အူတိုတယ်ဆိုတာ ဒီကနေ ဖြစ်တာတာလားတော့ မသိပါဘူးနော် .....ဟဲဟဲ
ချစ်ခင်စွာဖြင့် လွမ်းသူမေ {အဝေးရောက်}
      

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>