ထုဆစ်ထားသည့် ကဗျာပန်းခင်းကို မိုးကောင်းကင်ပေါ်သို့ လွင့်တင်ကြည့်ခြင်း။
ကဗျားးး
ကဗျာဆိုသည့် စကားလုံးကို က၀ိ--ဆိုသည့်မာဂဓ ( ပါဠိ )ဘာသာမှ ဆင်းသက်လာသည်ဟု ပညာရှင်များက အဆိုပြုထားသည်။ မှန်သည် ။ က၀ိ--၌ ၀--ကို ဗပြုပြီး ကု့ ( အိ--သရ ) ကို ယ (ယပင့် ) ပြုသောကြောင့် ကဗျ--ဟု ဖြစ်လာသည်။ နောက်သောအခါတွင် အာ--သရထည့်၍ ကဗျာ--ဟု ခေါ်ဝေါ်ကြကုန်သည်။ ပညာရှိတို့၏ အသုံးအဆောင်ဖြစ်သောကြောင့် ကဗျာဟု အဓိပ္ပါယ်ပြန်ရပေမည်။
ယခုခေတ်အခါတွင် ကဗျာများသည် အမျိုးမျိုးပေါ်ထွက်လာပြန်သည်။ ယခင်ရှေးမြန်မာကဗျာဆရာများ၏ လေးလုံးဘွဲ့။ ရှစ်လုံးဘွဲ့။ ရတု။ရကန် ။ ဧချင်း။ တျာချင်း။ ဘောလယ်။ ဒွေးချိုး။ တြိချိုး။ တေးထပ်။ စသည်စသည် မကတော့ပဲ ကာရန်မဲ့။ ခေတ်ပေါ်။ ပို့စ်မော်ဒန် စသည့်ကဗျာများလည်း ထွက်ပေါ်လာပြန်သည်။ ယင်းခေတ်ပေါ်ကဗျာတို့နှင့် ပတ်သက်ပြီး ကဗျာဆရာတို့၏ အသိုင်းအ၀ိုင်းဝယ် အမျိုးအမျိုးသော ပဋိပက္ခတို့ ဖြစ်ပေါ်နေကြပြန်သည်။ဘီယာဆိုင်ထဲတွင် ဆွေးနွေးသကဲ့သို့။ လက်ဖက်ဆိုင်တွင်လည်း ငြင်းခုံကြပြန်သည်။ လမ်းမပေါ်တွင်လည်း မေးမြန်းကြသလို ကမ်းခြေများတွင်လည်း သူ့အကြောင်းများကား ဆူညံနေဆဲ။ တောခြုံတောင်ကြားပါမကျန် အွန်လိုင်းပေါ်မှာပင် အလွန်ထင်ရှားသည်။ ယခုချိန်ထိ ကိုယ့်အယူဝါဒကို လက်မလွှတ်ပဲ ကဗျာတိုက်ပွဲကို ဆင်နွဲနေကြသည်မှာ တစ်မျိုးတော့ ကြည်နူးစရာဟု ထင်မိသည်။ ကဗျာအကြောင်းပြောလျှင် ကဗျာနှင့် လွပ်လပ်ရေးရရန်တိုက်ပွဲဝင်ခဲ့သည့် ဆရာသခင်ကိုယ်တော်မှိုင်းတို့ကို ထည့်မပြော၍ မရ။ သို့သော် ဆရာသခင်ကိုယ်တော်မှိုင်း၏ အကြောင်းကား နေရာတိုင်းတွင် သင်းပျံ့နေသည်ဖြစ်သောကြောင့် သည်နေရာတွင် ချန်လှပ်ထားချင်ပါသည်။ အခြားသော ဆရာဇော်ဂျီ။ ဆ၇ာ ပုတီးကုန်းမောင်စိန်ဝင်း။ မောင်လှမျိုး (ခြင်းချောင်းခြံ )။ စသည့် နာမည်ကျော်ကြားသောဆရာတို့၏ အကြောင်းကိုလည်း ခဏထားလိုက်ချင်ပါသည်။ ခပ်ရေးရေးသာ ပေါ်ထွန်းနေသည့် ဆရာတို့နှင့်မိတ်ဆက်ခြင်ပါသည်။ သူ့နာမည်က ဆရာပုသိမ်အေးကျော် ဖြစ်သည်။ ဆရာရေးခဲ့သည့် ကဗျားများထဲတွင် ယခုခေတ် အွန်လိုင်းပေါ်ကသူငယ်ချင်းများ အတုယူ စံနမူနာရရန် ကျေးလက်က ချစ်ပုံပြ င်--ဆိုသည့် ကဗျာလေးကို ထုဖော်ပြပါမည်။ သည်ကဗျာလေးကို ဆရာက စံပါယ်ဖြူမဂ္ဂဇင်းတွင် ။ ၁၉၈၆-ခုနှစ်က ဖော်ပြခဲ့သည်။ နှစ်ပေါင်း ၇၆--နှစ်ပင်ရှိချေပြီ။
တောလက်က ချစ်ပုံပြင်
ခွေးတစ်အုပ်နဲ့
ဗွေးတုတ်ရဲ့ယောက်ျား
ဖိုးထွားတစ်ယောက်
ရိုးဖျားလျှောက်
ရွာနောက်က စားကျက် တော
ငှက်ပေါတဲ့နေရာ
တောကြောင်ရှာ။ ခွေးအ--လိုက်
မြွေတွေ့လည်းရိုက်။ ဖားတွေလည်းနှိုက်ပေါ့။
ဆရာက သည်နေရာတွင် ဗွေးတုတ်ယောက်ျား လုပ်သည့် နေ့စဉ်အလုပ်ကို ထင်သာမြင်သာအောင် လက်ညှိုးထိုးပြခဲ့သည်။ တစ်ခါတည်းပင် လုပ်သည့်အလုပ်အမျိုးအစားပါ ထည့်သွင်းသွားသည်။ ကဗျာဖတ်သူ၏ စိတ်ထဲတွင် ကွင်းကွင်းကွက်ကွက်မြင်ယောင်စေသည်။
ဆူးရစ်မြရာ
ကြောင်လျှာထမဆုပ်
နွယ်နီတွေရှုပ်နေပေမယ့်
ဗွေးတုပ်ရဲ့ခြေရာ၊ သည်တောမှာ
ဘယ်နေရာက ဘိာရှိ၊ အကုန်သိ။
ကင်ပလင်းရွက် ဆူးရစ်ခက်
ဖက်နှင့်ထုပ် သပြေညွန့်ဆုပ်။
ဒါကတော့ ဗွေးတုပ်ကိုယ်တိုင် ဇာတ်ကို ဖွဲ့နွဲ့ထားသည်။ ဗွေးတုပ်နေရာဒေသဖြစ်သောကြောင့် ဘယ်နားမှာ ဘာရှိသည်ကအစ ဗွေးတုပ်သိသည်ကို ရည်ညွှန်းထားသည်။တစ်တောလုံး ကျက်စားခဲ့ဘူးသည်ဆိုသည့် သဘောပင်။
မှိုနှုတ်မျှစ်ချိုး တောတိုး၇င်း
မိုးဦးကျ တစ်မနက်
ဖလတက်တို့အဖေ ၊ ဖိုးထွားငပေနဲ့
ရေစက်ပဲဆိုပါတော့
ဆော့ရင်းနောက်ရင်း
ချော့ရင်း မြှောက်ရင်း
သီချင်းတကြော်ကြော်
သီတင်းအပေါ်မှာ
သင်းခေါ်ရာလိုက်ခဲ့ပေါ့။
ဒါကတော့ အရှင်းသားပင်။ ကိုဖိုးထွားနှင့် ဗွေးတုတ် တောထဲအလုပ်လုပ်ရင်း ချစ်သူတွေဖြစ်ကြ။ တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက်။ ချော့လိုက်ခြောက်လိုက်နှင့်။ချစ်သူတို့ဘ၀ကို ပုံဖော်ထားခြင်းဖြစ်သည်။ လွမ်းမောစရာပင်ကောင်းလှသေးသည်။ဆရာက တစ်ခါတည်း ဗွေးတုတ်ကို သီတင်းကျွတ်ပြီးလက်ထပ်ခိုင်းတော့သည်။
ကြာတော့ကြာပြီ
ကလေးရှစ်ယောက်။ မျှစ်စို့ပေါက်
ခရုကောက်ငါးရှာ
နွေခါ နွားကျောင်း။ ဆောင်းမှာ စာမောင်း
ရိုးစောင်းမှာ မိုးကုန်
လုပ်အားတွေစုံလှ
ကိုယ်လုံအောင်မ၀တ်ရပေမယ့်
မငတ်ရင်တော်ပြီ
ဆံပင်နီမွဲခြောက်ခြောက်၊ ကွေ့ကလိန်ကောက်နဲ့
တစ်ယောက်မျှ မဖျား
တောက်လျှောက်ကြီးထွားခဲ့။
ဗွေးတုတ်မ။ ချွေးသုတ်ရပေမယ့်
ခွေးအုပ်နဲ့လူ
သူပြန်ရင်ဟင်းစား
ကြောင်သား။ မြွေသား။ ခွေးအ--သား။ ယုန်သား
ဖားတစ်တွဲ၊ ငါးတစ်တွဲ ဘယ်ရက်မှ မလွဲ
ဆန်နဲ့လဲ ပဲနဲ့လှယ်။ ဆီငရုတ်လည်းဝယ်။
ဒါကတော့ လွမ်းမောစရာလည်းကောင်းသလို သနားစရာလည်းကောင်းသည်။ ကလေးရှစ်ယောက်ရဲ့အမေဘ၀နဲ့ တောထဲ မျှစ်လိုက်ရှာ ။ နွားကျောင်း။ ငါးရှာ စတဲ့ ဆင်းရဲတဲ့အလုပ်တွေ လုပ်နေရပေမယ့် ဗွေးတုပ်မရဲ့ ရင်ထဲမှာတော့ ချမ်းသာချင်တဲ့စိတ်တွေမရှိ။ မငတ်ရင်တော်ပြီဆိုတဲ့ အတွေးနဲ့ဘ၀ကို ရိုးရှင်းလေးဖြတ်နေခဲ့ကြတယ်။ ကလေးတွေကလည်း ဆင်းရဲတဲ့ဘ၀ဆိုပေမယ့် မိုးရွာမရှောင်နေပူမရှောင် စော့ကြသလို ရောဂါဆိုတာလည်းမရှိ။ ဘယ်လောက်များဆင်းးရဲလည်းဆိုရင် ဆံပင်တောင် လိမ်းစရာဆီမရှိ။ ကွေးကောက်တဲ့ဆံပင်နီကြောင်ကြောင်နဲ့ နှင်တံကို လက်ကကိုင်ပြီး နွားကျောင်းနေတဲ့ပုံစံများ တွေးကြည့် တကယ်ကိုမချည့်စရာပါပဲ။
ဟော-ခုဆိုရင်
ပျိုဖော်ဝင်စ ၊ဖူးညွန့်လှ
အကြီးမ မယဉ်မေ
အုပ်လုံးပင်ခွေ
သီချင်းသံတဝေေ၀နဲ့
သူ့အမေကောက်စိုက် သူလည်းစိုက်
သူ့အမေတောတိုး သူလည်းတိုး
သူ့အမေထင်းခုတ် သူလည်းခုတ်
သူ့အမေကိုင်းရိတ် သူလည်းရိတ်
သူ့အမေငါးမျှား သူလည်းမျှား
သူ့အမေပွဲသွား သူလည်းသွား
သူ့အမေအိမ်ပြန် သူမပြန်။
ဒီစာသားက ရင်ထဲကို တော်တော်ထိရောက်သည်။ ကဗျာဆရာရဲ့ ပင့်ရှိုက်သံက ဖတ်သူရဲ့ရင်ထဲကိုပင် တိုးဝင်လာသည်။ဖတ်နေရင်းပင် မျက်ရည်များစို့တက်သည်။ ဗွေးတုပ်မ ဘာပဲလုပ်လုပ် သူ့သမီးမယဉ်မေက လိုက်လုပ်သည်။ ပွဲသွားလည်းတူတူ။ ငါးမျှားလည်းတူတူ။ဒါပေမယ့် သူ့အမေက အချိန်လို့ အိမ်ပြန်ခဲ့ပေမယ့် သူမကတော့ အိမ်ပြန်မရောက်လာခြဲ့ပေ။သဘောက အိမ်ထောင်ကျသွားတယ်ဆိုတဲ့သဘောပေ။ သူ့အမေအိမ်ပြန် သူမပြန်---ဆိုတဲ့စာသားလေးက ကဗျာတစ်ပုဒ်လုံးကိုထိန်းချုပ်ထားသလိုဖြစ်သည်။ဲ။ အရမ်းကိုေ ကာင်းလွန်းနေတယ်။
သီချင်းသံလည်းတိတ်၊ ခွေးလည်းအိပ်
တံစက်မြိတ်တိုင်။ ဗွေးတုပ်မထိုင်လို့
ငိုင်ငိုင်ကြီးငေး။ မှိုင်မှိုင်ပြိးတွေးနေပေါ့
ကျေးလက်ကချစ်ပုံပြင်။။ ။။။
ဆရာပုသိမ်ကျော်အေးက ကဗျာဖတ်သူကို တဖြည်းဖြည်းဆွဲခေါ်သွားသည်။ဗွေးမတုပ်မကတော့ သူ့သမီးကို ခဲခဲယဉ်းယဉ်းစောင့်ရှောက်ခဲ့ရပြီး ခုတော့ လွမ်းတဲ့စိတ်တွေနဲ့ မှိုင်လို့သာ ငေးနေရသည်။ စာကြောင်းလေးနဲနဲလေးဖတ်ရပေမယ့် လူတစ်ယောက်၏ ဘ၀။လူတစ်ယောက်၏ ခံစားချက်ကို ဗွီဒီယိုပြသကဲ့သို့ ပြသသွားခဲ့သည်။
ကဗျာဆိုသည်မှာ ဤသည့်သဘောပင်ဖြစ်သည်။ ဒီကဗျာက နှစ်ပေါင်းခုနှစ်ဆယ်ကျော်ကြာမြင့်ခဲ့သည်။ ခုချိန်ထိ မွှေးပြန့်နေတုန်းပင်။ ယခုအခါ ကျွန်တော်တို့လည်း ကိုယ်တတ်စွမ်းသလောက် ကဗျာများကို ရေးကြည့်သည်။ ကဗျာလို့သာပြောပေမယ့် ဘယ်လိုအရသာမှန်းမသိ။ ခါးစပ်စပ်ပင်။ တစ်ချို့ဆိုလျှင်နှစ်ကြောင်းသုံးကြောင်းထဲနှင့် ကဗျာတစ်ပုဒ်ဖြစ်သွားခဲ့သည်။ သဘောသဘာဝ ပြည့်စုံလျှင် လက်သင့်ခံနိုင်သည်။ အာရှ မှာတင်မဟုတ်။ အနောက်နိုင်ငံမှာလည်း စာတစ်ကြောင်းတည်းနဲ့ ကဗျာတစ်ပုဒ်လုပ်နေကြသည်။
အမေ့ကိုလွမ်းတဲ့နေ့
အမေ့ထံ
တောင်းရန်ရှိ၍။
သားကိုလွမ်းတဲ့နေ့
သားထံ
ပေးရန်ရှိ၍။ ။
ယင်းကဗျာက မိဘ၏ မေတ္တာကို တိုတိုလေးနှင့် ထိထိရောက်ရောက်ဖော်ကြူးထားသည်။ ယင်းကဲ့သို့ကဗျာဆိုလျှင် လက်သင့်ခံနိုင်သည်။ ကဗျာဆရာ၏ နာမည်ကိုမေ့လျှော့နေမိသည်ကား ကျွန်ုပ်၏ ပေါ့ဆမှုပင်ဖြစ်ပါသည်။
ကဗျာဟူသည်။။။။။။
က၀ိ--ပညာရှိတို့၏ လက်နက်တစ်ခုဖြစ်သည်။ ဖြစ်သလိုမရေးသင့် ရေးသလိုလည်း မဖြစ်သင့်။ ကဗျာကိုထိန်းသိမ်းသင့်သည်။ တစ်ချို့ အွန်လိုင်းပေါ်က ကဗျာများသည် ဘာကို ရည်ညွန်းထားမှန်းမသိ။ မိမိ၏ ကဗျာ တစ်ကယ်ပဲ ပြောင်မြောက်သလားလို့ သိချင်လျှင် မဂ္ဂဇင်းတိုက်များကို ပေးပို့ကြည့်သင့်သည်။မိမိတစ်ခါက မဂ္ဂဇင်းတိုက်တစ်တိုက်ကို စာမူ ပုဒ်ငါးဆယ်လောက်ပေးပို့ဖူးသည်။ ဆယ်ပုဒ်မျှသာ အရွေးခံဖော်ပြခဲ့ဘူးသည်။ယင်းထဲတွင် အက်ဆေးသုံးပုဒ်နှင့် ကဗျာခုနှစ်ပုဒ်ဖြစ်သည်။ မိမိတို့၏ အရည်သွေးသည် အယ်ဒီတာ၏ စားပွဲခုံပေါ်တွင်ရှိသည်။ ယခုကဲ့သို့ ပြောနေပေမယ့် ကျွန်တော်မိန်နွေသည်လည်း ကဗျာမရေးတတ်သေးချေ။ ဆရာကြီးများနှင့် နှိုင်းယှည်ကြည့်လျှင် များစွာလိုအပ်နေသေးသည်။
ကဗျာကိုတန်းဖိုးထားတဲ့ သူများဖြစ်ကြပါစေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လေးစားစွာဖြင့်းးးးးးးးးး မိန်နွေ
30.4.2012
Monday.AM:11:51
↧
ထုဆစ်ထားသည့် ကဗျာပန်းခင်းကို မိုးကောင်းကင်ပေါ်သို့ လွင့်တင်ကြည့်ခြင်း။
↧