ကျနော်....၂၀၁၁..အကယ်ဒမီရနိုင်သူများကိုကြည့်ခဲ့မိသည်....တစ်နည်းအားဖြင့် satellite မှကြည့်ခဲ့ရခြင်းသာဖြစ်ပါသည်.....
ဆရာဦးဝင်းငြိမ်း၏မေးမြန်းချက်နှင့်ခန့်မှန်းချက်များမှာအလွန်ပင်သင့်လျှော်ပါသည်.....ဆန်ကာတင်ဇာတ်ကား(၅)ကားအနက်
မသက်မွန်မြင့်မှာ(၃)ကားပါနေသဖြင့်အကယ်ဒမီရရန်အလွန်ပင်နီးစပ်ပါသည်....အကယ်ဒမီရလျင်လည်းကျနော့အနေဖြင့်သ
ဘောထားကွဲလွဲရန်အကြာင်းမရှိပါ...မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုအတွက်မေးမြန်းချက်....ဖြေဆိုချက်များမှာသဘာဝကျသော
မေးမြန်းချက်များနှင့်ဖြေဆိုချက်များဟုကျနော်ထင်ပါသည်...ကျနော်သည်စာလုံပေါင်းသတ်ပုံအရကျွန်တော်ဟုရေးရမည်ကို
သိပါသော်လည်းကျနော်၏စိတ်ထဲတွင် (ကျွန်)ဆိုသည်ကိုမနှစ်သက်သောကြောင့်ကျနော်ဟုသာရေးပါသည်....ဒါရိုက်တာ/
ထုတ်လုပ်သူ...သရုပ်ဆောင်များနှင့်အတတ်ပညာရှင်များပြောကြားခဲ့သောစကားများကိုနှစ်သက်ပါသည်...အမွှေဇယားတွင်
ဇာတ်လမ်းနှင့်ဇာတ်ညွှန်းရေသားသူ....အကြည်တော်၏ပြောစကားကိုလည်းနှစ်ခြိုက်ပါသည်....ပညာရှင်တို့၏ပြောစကားထဲ
ထဲတွင်မြန်မာပြည်သားတို့သည်စိတ်ညစ်နေရသဖြင့်ဟာသကားများကိုရိုက်ကူးနေရကြောင်းဆရာညီညီထွန်းလွင်၏ပြောစကား
ကိုကျနော်တွေး၍သဘောကျပါသည်....ဦးအောင်ကိုလတ်ပြောပြသုံးသပ်ပြသောစကားများကားလွန်စွာမှပင်မှတ်သားစရာ
ကောင်းပါသည်....မသိနားမလည်သူများဖို့ကြီးကျယ်သည်ထင်ရသော်လည်း Professional များအဖို့ကမှတ်သားစရာပင်
Camera ရှေ့တွင်သဘာဝမကျသော Over acting များလုပ်ပြနေခြင်းသည်လုံးဝမသင့်လျော်သည်မှာမှန်ကန်ပါသည်.......
.
အသံကိုလိုအပ်သည်ထက်ပို၍အသံမြှင့်ပြောခြင်းသည်ဇာတ်လမ်းကိုထိခိုက်စေပါသည်....ကျနော်အဓိကပြောလိုသည်မှာ
အကယ်ဒမီဒေါ်မြင့်မြင့်ခင်၏ဝေဖန်ပြောဆိုမှုပင်ဖြစ်ပါသည်...ဦးဝင်းငြိမ်းကနှစ်ကိုယ်ခွဲရိုက်သည့်ကိစ္စကိုသူInterview သည့်
လူတိုင်းလိုလိုအကယ်ဒမီအကဲဖြတ်အဖွဲ့အားမေးသည်ကိုတွေ့ရပါသည်ဒေါ်မြင့်မြင့်ခင်၏ဖြေကြားပုံမှာတစ်ဖက်သတ်ဆန်လွန်း
ပါသည်....သူမနှစ်ကိုယ်ခွဲမရိုက်ဘူးကြောင်း...Character ကိုလောဘကြီး၍တစ်ခြားသူကိုနေရာမပေးလိုသဖြင့်နှစ်ကိုယ်ခွဲရိုက်
ခြင်းကိုလုံးဝစိတ်မဝင်စားကြောင်းပြောပါသည်....ပဲ့လွန်းပေစွ......မထက်ထက်မိုးဦး/မမို့မို့မြင့်အောင်တို့မတူညီ
သောဇတ်ရုပ်နှစ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်၍အကယ်ဒမီရခဲ့ဖူးသည်...ဘာပြောချင်ပါသနည်း....ဒီလိုလူမျိုးတွေအကယ်ဒမီ
အကဲဖြတ်အဖွဲ့မှာပါနေလျင်မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်လာမည်မထင်....မျှတစွာမြင်စေလိုပါသည်ကိုယ့်ကိုယ်ကိုဟုတ်လှပြီ
မထင်ပါနှင့်နပန်းဆံလောက်ကတော့ Vocal Power မကောင်းသူလည်းဆိုလို့ရပါသည်...ဟာသ..ဒရမ်မာနှင့်အမျို့းမျိုးစုံလင်လှ
သောမြန်မာ့ရုပ်ရှင်ကိုသင့်ကြောင့်အမဲစက်မထင်ပါစေနှင့်လို့ဆန္ဒပြုလိုက်ရပါသည်။
ကျနော့အမြင်ပြောရလျင်လူမင်း၊သက်မွန်မြင့်နှင့်တေးဂီတတွင်မြန်မာပြည်ကျောက်စိမ်းရမည်ထင်ပါသည်..။
အားလုံးကိုလေးစားခင်မင်စွာ....kaunghtet........
်ဲ့ို့
↧
၂၀၁၁.....မြန်မာ့ရုပ်ရှင်အကယ်ဒမီ
↧