Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နိုင်ငံရပ်ခြား ဟာသများ( ၁၇)- (၁၈)

$
0
0

ကံအကောင်းဆုံးလူ

ပထမလူ။    ။ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးက ဘယ်သူလဲ။

ဒုတိယလူ။   ။အာဒမ်ပေါ့ကွာ။

ပထမလူ။    ။ဘာကြောင့်လဲကွ။

ဒုတိယလူ။   ။သူ့မှာ ယောက္ခမတွေ မရှိဘူးလေကွာ။

လာမညာနဲ့

ရှေ့နေတစ်ယောက် သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်လာသည်။ သူသည် စိန်ပီတာအား ပြောလိုက်သည်။

“ဒါဟာ မှားယွင်းမှုပဲဖြစ်ရမယ်။ ကျွန်တော် မသေနိုင်လောက်အောင် ငယ်ပါသေးတယ်။ ခုမှ အသက်(၅၀) ပဲ ရှိသေးတာလေ”

“အသက်ငါးဆယ် ဟုတ်ရဲ့လား” ဟု စိန့်ပီတာက မယုံကြည်နိုင်စွာ မေးလိုက်သည်။

“ငါတို့ရဲ့ တွက်ချက်မှုအရ မောင်မင်းအသက် ရှစ်ဆယ့်နှစ်နှစ် ရှိပြီကွ”

“အရှင်က ဒါကို ဘယ်လိုတွက်တာလဲ”

“မောင်မင်းရဲ့ ရှေ့နေခတောင်းတဲ့ အချိန်တွေ ပေါင်းလိုက်တာလေ”

ယူရဲပါတော့မလား

ကျွန်တော်တို့ စူပါမားကတ်တွင် အရိုးထွင်ထားသော ကြက်သားရင်အုပ်များ ရောင်းချသည်။ ကျွန်တော်နှင့်ခင်သော အမျိုးသမီးတစ်ဦးသည် ထုပ်ပိုးပြီးသား ကြက်ရင်အုပ်ကြီးကြီးများကို မှာယူရန် ကြံရွယ်လိုက်သည်။ သို့သော် ဆိုင်တွင် ထုပ်ပိုးပြီးသား ကြက်ရင်အုပ်များမှာ အနည်းငယ်မျှသာ ရတော့သဖြင့် သူမ စိတ်ပျက်သွားသည်။ ထို့ကြောင့် သားသတ်သမားထံသွားကာ မကျေမနပ် ပြောဆိုလေသည်။ သားသတ်သမားက နှစ်သိမ့်လိုက်သည်။

“မပူပါနဲ့ဗျာ။ ကျွန်တော် ရင်အုပ်ကြီးကြီးတွေ ထုပ်ပေးထားပါမယ်။ အစ်မကြီး ဈေးဝယ်ပြီးချိန်လောက်ဆို အဆင်သင့် ဖြစ်စေရပါမယ်”

သူမသည် စတိုးဆိုင်ထဲတွင် အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရူ့နေခဲ့သည်။ ထို့နောက် အသံချဲစက်မှ သားသတ်သမား၏အသံ ကြားလိုက်ရသည်။

“ရင်သားကြီးကြီး လိုချင်တဲ့ အစ်မကြီးခင်ဗျာ…စတိုးဆိုင်ရဲ့နောက်ဘက်မှာ ကျွန်တော့်ကို လာတွေ့လှည့်ပါ”

အကြံပိုင်ပုံများ 

စုံတွဲတစ်တွဲသည် သုံးလအရွယ်သားလေးကို သူတို့နှင့်အတူ ရုပ်ရှင်ရုံသို့ ခေါ်လာပါသည်။ ရုပ်ရှင်ရုံထဲ ဝင်သောအခါ ဧည့်ကြိုက ကလေးငိုလျှင် ရုပ်ရှင်ရုံထဲမှ ထွက်သွားရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ သူက ထပ်ဖြည့်ပြောသေးသည်။
“ဒါပေမဲ့ မပူပါနဲ့။ ခင်ဗျားတို့ငွေ ပြန်အမ်းပေးပါမယ်”
နာရီဝက်ခန့် ရုပ်ရှင်ကြည့်ပြီးနောက် ခင်ပွန်းဖြစ်သူက သူ့ဇနီးကို ပြောလာပါသည်။
“ရုပ်ရှင်ကားကို မင်းဘယ်လိုမြင်လဲ”
“ကျွန်မ ကြည့်ဖူးသမျှ အဆိုးဆုံးပဲ”
“ငါလည်း အဲလိုပဲကွ”ဟု သူက သဘောတူလိုက်သည်။
“ကဲ...မိန်းမရေ...ကလေးငိုအောင် လှုပ်လိုက်စမ်းကွ”

တရားခံဘယ်သူလဲ

လယ်သမားသားသည် လှည့်ကွက်များဖြင့် အနှောင့်အယှက် ပြုတတ်သူတစ်ဦးဖြစ်သည်။ သူ့ဖခင်က အလိုလိုက်ထားသော်လည်း ဥဒေါင်းကို အနှောင့်အယှက်ပြုလျှင် ဒုက္ခရောက်လိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။ တစ်နေ့တွင် ကောင်ကလေးသည် ကြက်ကလေးများကိုခြောက်လှန့်ရန် ကြက်လှောင်အိမ်ထဲရှိ ကြက်ဥများကို ဆေးရောင်ခြယ်ထားလိုက်သည်။ ထို့နောက် ဖြစ်ပေါ်လာမည့်အချင်းအရာကို စောင့်ကြည့်နေလိုက်သည်။

        အနည်းငယ်အကြာတွင် ကြက်ဖမြီးကောင်ပေါက်မှာ ကြက်လှောင်အိမ်သို့ ပြန်ရောက်လာသည်။ ကြက်ဥများ အရောင်ပြောင်းနေသည်ကို တွေ့သောအခါ ကြက်ဖမြည်းကောင်ပေါက်မှာ ဒေါသထွက်ကာ ကျယ်လောင်စူးရှစွာ အော်မြည်လိုက်သည်။ ကောင်ကလေးသည် စနောက်ရသည်မှာ ပျော်စရာကောင်းသည်ဟု တွေးထင်ရင်း ရယ်မောလိုက်မိသည်။ သူသည်ဆက်လက် စောင့်ကြည့်နေရာ ကြက်ဖမြီးကောင်ပေါက်သည် ဒေါနှင့်မောနှင့်ထွက်သွားကာ ဥဒေါင်းကို ပေါက်သတ်လိုက်ကြောင်း တွေ့ရလေတော့သည်။

ခြားနားချက်

သား။         ။ဖေဖေ…သေနပ်တစ်လက်နဲ့ စက်သေနပ်တစ်လက်ကြား ခြားနားချက်က ဘာလဲဟင်။

ဖခင်။         ။အဲဒီခြားနားချက်က သိပ်ကို ကြီးမားတယ်။ ပြောရရင်တော့ ငါစကားပြောတာနဲ့ မင်းအမေစကားပြောတာ ခြားနားသလိုပေါ့ကွာ။

ဖန်ဆင်းမိမှား

ကနဦးတွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက် အနားယူလိုက်သည်။ ထို့နောက် ဘုရားသခင်သည် လူယောက်ျားကို ဖန်ဆင်းကာ အနားယူလိုက်ပြန်သည်။ ထို့နောက် ဘုရားသခင်သည် လူမိန်းမကို ဖန်ဆင်းလိုက်သည်။ ထို့အချိန်မှစ၍ ဘုရားသခင်ရာ၊ လူယောက်ျားပါ အနားယူချိန် မရရှိတော့ချေ။

ကွာရှင်းစရိတ်

“ဟန်နီရေ… မင်းမွေးနေ့အတွက် ကျားသစ်ရေနဲ့လုပ်ထားတဲ့ အနွေးထည်လက်ဆောင် မယူချင်ဘူးလား”

“ဟင့်အင်…ကျွန်မသဘောမကျဘူး”

“မင့်ခ် သားမွေးကုတ်အင်္ကျီဆိုရင်ရော…”

“ဟင့်အင်…ကျေးဇူးတင်ပါတယ်”

“စိန်ဘယက်ဆိုရင် မကောင်းဘူးလား”

“မဟုတ်သေးဘူးရှင့်။ ကျွန်မ တကယ်လိုချင်နေတာက ရှင်နဲ့ ကွာရှင်းပြတ်စဲခွင့်ပါ”

“ဟာ…ဒါလောက် ဈေးကြီးတာတော့ ကိုယ်လည်းမတတ်နိုင်ဘူးကွာ”

 

နေလင်းအောင်

www.naylinaung1.blogspot.com

www.facebook.com/authornaylinaung

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>