တစ်ခါထိုင်ရင် သုံးလေးနာရီကျော်ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့ လေ့လာမှုနှစ်ခုအရ သိရပါတယ်။
အမေရိကန်လေ့လာမှုအရတစ်နေ့ခြောက်နာရီထက်ပိုမိုထိုင်ပြီးလေ့ကျင့်ခန်းမလုပ်တဲ့အမျိုးသမီးတွေကအချိန်မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ရာခိုင်နှုန်းကျော်ပိုမိုမြင့်မားကြောင်း၊ အမျိုးသားတွေမှာတော့ အချိန်မတိုင်မီစောစောသေဆုံးနိုင်ခြေ ၅၀ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။
သြစတြေးလျ လ့လာမှုအရ လူတွေက အထိုင်များ လေလေ၊ ဘ၀ သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရပါတယ်။
အထိုင်များသူတို့အတွက် ဖြေရှင်းနည်း
အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။ ဖုန်းကို ရပ်ပြီးပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့် အစား မကြာခဏ ရေသောက် လိုက်၊ အိမ်သာ သွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။
သူငယ်ချင်းများအားလုံး သိသင့်သိထိုက်တာလေးကို သိစေချင်တဲ့ စေတနာနဲ့ မျှဝေလိုက်တာပါ http://www.myawady.net.mm/health/preventing/item/2762-2012-12-25-13-35-49