မင်္ဂလာအခါပေးသီချင်းသံလေးကမိုးကိုခရီးဦးကြိုနေပါသည်။တီးလုံးသံလေးနဲ့အတူသတို့သားနှင့်သတို့သမီးတို့ဧ။်အပြူံးလေးတွေကလည်းနှစ်သက်ဖွယ်ပါ။ဒီနေရာလေးကိုလာတဲ့လူတွေအားလုံးကလည်းပြူံးလို့ပျော်လို့လှပတဲ့ကမ္ဘာငယ်လေးတခုပါပဲလား။ဒီမြင်ကွင်းလေးကိုကြည့်ပြီးမိုးခြေလှမ်းတွေရပ်နေမိ သည်။လက်ထဲကလက်ကိုင်ပ၀ါလေးကလည်းကြေလို့မိုးရဲ့စိတ်ထွက်ပေါက်ကိုဖြည့်ဆည်းနေရှာတယ်။ ဟော..ဟိုမှာမိုးကိုမြင်သွားကြပြီ။မိုးရင်တွေတလှပ်လှပ်ဖြစ်နေပါသည်။လက်ထဲကလက်ကိုင်ပ၀ါလေးကိုပိုပြီဆုပ်ထားမိပါသည်။ “မိုး..လာလေအထဲမ၀င်ပဲဘာလုပ်နေတာလဲ” မင်္ဂလာသတို့သားကပြူံးယောင်သမ်းတဲ့မျက်နှာလေးနဲ့ပြောပြီမိုးကိုအကဲခေတ်သလိုကြည့်နေပါသည်။သူအကြည့်ကမိုးလက်ထဲကလက်ကိုင်ပ၀ါလေးကိုအရောက်အကြည့်လွဲလိုက်ပြီ “လာလေ..ဟိုမှာလူစုံနေပြီမိုးကိုမျော်နေကြတယ် ကို သွားနှင့်မယ်” မိုးခေါင်းညိတ်ပြမိလိုက်လားတောင်မသိလိုက်ပါ။သူထွက်သွားတဲ့နောက်ကိုတော့လိုက်သွားမိသည်။မိုးဆိုတဲ့မိန်းခလေးကတယောက်ကအရင်ထဲကသာခုလိုပြောစကားကိုနားခံတက်ခဲ့မယ်ဆိုရင်ဒါမှမဟုတ်ခုလိုစိတ်ရဲ့နောက်ကိုလိုက်တက်ခဲ့မယ်ဆိုရင်…….။ “မိုး..လာပြီငါတို့ကနင်မလာတော့ဘူးတော့ထင်နေတာ” “ငါမလာပဲမနေပါဘူးသဲမာရယ်ငါတို့က…..” မိုးစကားပြောနေရင်းစားပွဲတခုမှာတယောက်ထည်းထိုင်နေတဲ့သူ့ကိုသွားမြင်လိုက်မိပါသည်။အနက် ရောင်အနောက်တိုင်းဝတ်စုံအပြည့်ကိုဝတ်ထားတဲ့သူကမိုးတို့ဝိုင်းကိုလှမ်းကြည့်နေပါသည်။ပြီးတော့မိုးတို့ရှိရာကိုလျောက်လာပြီ “ဆက်ပြောလေမိုး..နင်တို့ကဘာဖြစ်လဲ” “အောင်လေး..နင်..” “ဟုတ်တယ်ငါလေ ဘာလို့လည်းဒီပွဲကငါလာလို့မဖြစ်တဲ့ပွဲလား” “မဟုတ်ပါဘူးနင်လာတော့ကောင်းတာပေါ့” “မိုး..နင်ပြန်ရင်ငါ့ကိုစောင့်နေပါငါနင့်နဲ့စကားပြောချင်တယ်” အောင်လေးကပြောချင်တာပြောပြီလှည့်ထွက်သွားပါသည်။အသက်တွေသာကြီးသွားတယ်အကျင့်တွေကမှမပျောက်ကျသေးပဲ။မိုး၊အောင်လေး၊သဲမာ၊မင်းခန့်၊ပန်းနုဝေ၊ဝေယံဒီသူငယ်ချင်းတွေကမူလတန်းကနေတက္ကသိုလ်ထိအတူတူတက်လာကြတာ။စီးပွားရေးတက္ကသိုလ်မှာအကုန်လုံးတက်ကြတယ်။မေဂျာအတူတူမရမှာစိုးလို့စာကျက်တာတောင်တိုက်ကျက်ကြတယ်လေ။အရမ်းချစ်ကြတဲ့သူငယ်ချင်း တွေပါ။ကျောင်းပြီတော့ကိုယ်စီအလုပ်တွေလုပ်ကြရင်းအရင်ကလောက်မတွေ့ဖြစ်ကြတော့ဘူး။ခုဆိုမိုးတို့ကျောင်းပြီးတာငါးနှစ်ကျော်နေပြီ။တယောက်တနေရာစီရောက်ပြီနေကြတာအခုမှပြန်ဆုံကြတာလေ။ခုမင်္ဂလာပွဲလေးကလည်းပန်းနုနဲ့ဝေယံရဲ့ပွဲလေးပါ။မိုးတို့အဖွဲ့ထဲမှာသူတို့နှစ်ယောက်ကချမ်းသာကြ တယ်လေ။နှစ်ဘက်မိဘတွေရဲ့သဘောတူညီမူကြောင့်လက်ထပ်လိုက်ရပင်မဲ့သူတို့နှစ်ယောက်လိုက် ဖက်ပါတယ်။ “မိုး အောင်လေးကအရင်အကျင့်တွေမပျောက်ဘူးနော်နင့်ကိုအမိန့်ပေးသွားတယ်” “သူ့အကျင့်ပဲလေသဲမာဖျောက်လို့မရဘူးထင်တယ်မင်းခန့်နင်ပြောတော့သူမလာနိုင်ဘူးဆို” “အင်း..ငါကအဲလိုထင်တာဟနင်လည်းသိသားပဲဒီကောင်ပန်းနုကိုကြွေနေတာ” “တိုးတိုးပြောပါဝေယံလာနေပြီကြားသွားအုန်းမယ်” “ဘာတွေအတင်းတုတ်နေတာလဲ” “မဟုတ်ပါဘူးဝေယံရယ်နင်တို့နှစ်ယောက်အရမ်းလိုက်တယ်လို့ပြောနေတယ်” “ထားပါတော့.ငါတို့ဓါတ်ပုံရိုက်မယ်လာကြ” သတို့သားသတို့သမီးနှင့်အတူဓါတ်ပုံတွေအများကြီးရိုက်လိုက်ပါသည်။ရင်ထဲမှာဘယ်လိုပဲဖြစ်နေပါစေသူတို့ရဲ့အပျော်လေးတေကိုတော့မပျောက်စေချင်ပါ။မိုးကိုယ်တိုင်ဆုံးဖြတ်ခဲ့တဲ့အရာတခုအတွက်မိုး ကျေနပ်နေသင့်တယ်မဟုတ်လား။ “မိုးပြန်ရအောင်..ဝေယံတို့ငါတို့2ယောက်ပြန်လိုက်တော့မယ်” “နေပါအုန်းလားညကျရင်မင်းတို့အတွက်သီးသန့်ပွဲလုပ်ပေးမလို့” “ညကျမှပြန်လာမယ်လေခုတော့ပြန်လိုက်အုန်းမယ်” “မိုးကဘာလို့လိုက်သွားမှာလဲကျန်ခဲ့ပါလား” ဝေယံရဲ့တောင်းပန်သလိုအကြည့်လေးကိုမသိချင်ဟန်ဆောင်လိုက်ပြီ “ငါနဲ့အာင်လေးပြောစရာရှိလို့ပါသူနဲ့ကအေးအေးဆေးဆေးမတွေ့ဖြစ်ဘူးလေ..သွားရအောင် အောင်လေး” အောင်လေးလက်ကိုဆွဲပြီခေါ်လာမိသည်။အပြင်ရောက်တော့မှလွတ်ပေးလိုက်မိပါသည်။အောင်လေးကသူ့ကားပေါ်တက်ခိုင်းပါသည်။ပြီးတော့ကန်တော်ကြီးထဲကိုဝင်လိုက်သည်။ထိုင်လို့ကောင်းမဲ့နေရာ လေးတခုရှာပြီးထိုင်လိုက်ကြပါသည်။စကားတခွန်းမှမပြောပဲရေပြင်ကိုပဲထိုင်ကြည့်နေရာမှအောင်လေးမျက်နှာမဲ့သည်။ရုပ်ချောတဲ့ကောင်လေးတယောက်မို့မဲ့လိုက်တာလေးကလည်းကြည့်ကောင်းနေပါ သည်။အောင်လေးကအရင်တုန်းကအတိုင်းပါပဲလူကြီးဆန်သလိုနဲ့ခလေးလုပ်နေတက်တယ်လေ။အ တိတ်ကပုံရိပ်လေးကမိုးအတွေးထဲမှာတရိပ်ရိပ်ပေါလာပါသည်။ ********* ****************** *************** ကျောင်းထဲမှာခြောက်မွာပူးဆိုမသိတဲ့မရှိပါ။ခြောက်ယောက်ဆုံရင်ဘာမဆိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးနှင့်ပေါ့။ကောင်မလေးသုံးယောက်ကောင်လေးသုံးယောက်ဆိုတော့အများအမြင်မှတော့တမျိုးဖြစ်နေချင်ဖြစ် နေမည်။မိုးတို့အဖွဲ့ကတော့မမူပါ။ခုလည်းခြောက်ယောက်ဆုံနေပါပြီ။ “စာမေးပွဲတောင်နီးလာပြီနော်မိုး” ဝေယံကမိုးကိုကြည့်ပြီးပြောပါသည်။ဒီလိုပါပဲအဖွဲ့ထဲမှာဝေယံကမိုးကိုပိုဂရုစိုက်သည်။သူငယ်ချင်းတွေစလည်းပြန်ပြောနေကျစကားကမိုးကသူများတွေနဲ့မတူဘူးအားငယ်တက်လို့ပါတဲ့။မိုးကလည်းအားလုံးထဲမှာဝေယံကိုပိုပါသည်။ “အင်းနင်စာတွေရပြီလား” “ရပါတယ်ငါကစာအတွက်စိတ်မပူဘူး” “ဒါဆိုနင်ကဘာကိုပူနေတာလဲ” ပန်းနုကမေးတော့ “ကျောင်းပြီးသွားရင်ငါတို့အကုန်လုံးခွဲရတော့မှာ၊ပန်းနုနင်ကအလုပ်မလုပ်ပဲထိုင်စားမှာဆိုတော့ဘယ်အချိန်ဖြစ်ဖြစ်တွေ့လို့ရပင်မဲ့ကျန်တဲ့သူတွေကမရဘူးဟ” “နင်ကရောလုပ်မှာမို့လား..အောင်လေးဒို့အဖေဆီမှာလာလုပ်ပါလား” “နေပါပန်းနုရယ်..ငါဘာသာအလုပ်ရှာပါ့မယ်” “ဖိုးအောင်တို့ကမြင့်တယ်နော်အဆင်သင့်ပဲငါလည်းလုပ်ချင်တယ်လေပြောပေးပါလားနင့်အဖေ့ကို” “သေလိုက်ပါလား” စာမေးပွဲနားနီးတော့တယောက်နဲ့တယောက်ခွဲရတော့မယ်ဆိုတဲ့အသိနှင့်ကြိုတင်ပူပန်နေကြတာပါ။စ နေနောက်နေပင်မဲ့ရင်ထဲမှမကောင်းကြဘူးလေ။ကျောင်းကပြန်တော့ပန်းနုနဲ့အောင်လေးနဲ့ကတတွဲ၊မိုး နှင့်ဝေယံကတတွဲမင်းခန့်နဲ့သဲမာကတတွဲအကွဲကွဲပြန်ဖြစ်ကြပါသည်။အောင်လေးကပန်းနုကိုစိတ်ဝင် စားနေတာကိုတဖွဲ့လုံးကသသလိုမိုးနှင့်ဝေယံတယောက်နှင့်တယောက်သံယောဇဉ်ရှိနေတာကိုလည်းအားလုံးသိကြပါသည်။သဲမာတို့ကတော့သူငယ်ချင်းတွေလိုပဲဖြူစင်နေပါသည်။အဲဒါကြောင့်သူတို့နှစ်ယောက်ကဘာတခုမှမခံစားရပင်မဲ့သူငယ်ချင်းထက်ပိုမိကြတဲ့လူတွေကတော့ဝေဒနာကိုယ်စီနှင့်ပေါ့။ ပြည့်ဆုံတဲ့မိဘကဆင်းသက်လာတဲ့ပန်းနုကိုသူ့မိဘတွေကအောင်လေးလိုလူမျိုးနှင့်သဘောမတူနိုင်ပါဘူးတဲ့။ပန်းနုကိုယ်တိုင်လည်းသိနေတဲ့အတွက်အောင်လေးရဲ့မျက်လုံးတွေကိုမသိချင်ဟန်ဆောင်နေခဲ့ ပါသည်။ပန်းနုကိုအောင်လေးကိုစိတ်ဝင်စားလားလို့မေးကြည့်တော့ “မိုး.နင်မသိဘူးဟအောင်လေးကိုငါချစ်ပါတယ်ဒါပင်မဲ့မေမေတိုကသဘောမတူဘူးသူ့ကိုယူရင်ငါ့ကိုအမွေဖျက်မယ်တဲ့ငါဆင်းရဲမှာကြောက်တယ် မိုး အောင်လေးကမိသားစုထဲမှာအကြီးဆုံးလေသူံညီနှစ် ယောက်ရဲ့တာဝန်တွေနဲ့ငါ့ကိုပြည့်ဆုံအောင်ထားနိုင်မယ်လို့ယုံကြည့်ချက်မရှိဘူး”တဲ့။မိုးစိတ်မကောင်း တော့ဖြစ်မိတယ်။အချစ်နဲ့ငွေကြေးဆိုအချစ်ကငွေကြေးကိုမနိုင်ခဲ့ဘူးနော်။ဝေယံကတော့အဲလိုမဟုတ်ပါဘူး။မိုးကိုသူတကယ်ချစ်တယ်တဲ့။စာမေးပွဲနီးမှသူကိုယ်တိုင်ဝင်ခံခဲ့တာပါ။ “မိုး..ငါမညာချင်တော့ဘူးငါနင့်ကိုချစ်တယ်ငါ့မိဘကသဘောမတူလည်းကိစ္စမရှိဘူးရတယ်နင်သာငါ့ကို့လက်ခံပေးပါ” “ဝေယံ..မဖြစ်နိုင်တာကိုမပြောပါနဲ့နင့်အမေ့ရဲ့မျက်လုံးတွေကိုငါနားလည်းပါတယ်နင်ကတဦးတည်း သောသားလေသူတို့လုပ်ငန်းတွေကိုနင်ပဲဦးဆောင်ရမှာနင်ကသူတို့ကိုဆန့်ကျင်လို့ဘယ်ဖြစ်မလဲ” “ဘာလို့မဖြစ်ရမှလဲသူတို့မှာဆက်ခံသူမရှိရင်နင်နဲ့သဘောတူပေးပေါ့ဒါပဲရှိတာကို” “နင်တွေးသလိုဖြစ်လာမယ်လို့နင်ထင်လား..နင့်အမေအကြောင်းနင်သိမှာပါ” ဝေယံငြိမ်သွားပါသည်။တကယ်တော့ဝေယံရဲ့အမေကအရမ်းမာနကြီးပါသည်။မိုးတို့အဖွဲ့နှင့်ပေါင်းတာ တောင်မကြိုက်ပါဘူး။ပန်းနုကလွဲရင်ကျန်တဲ့လူတွေကိုသိပ်မကြည်ပါ။မိုးကိုဆိုပိုဆိုးပါသည်။သူ့သားကဂရုစိုက်တဲ့မိန်းကလေးကသူရန်သူပဲဆိုပြီမိုးကိုပြောဘူးပါသည်။ဝေယံကိုမိုးလက်ခံလိုက်မယ်ဆိုရင်အဲဒီကရလာမဲ့ဝေဒနာတွေကိုမိုးကြောက်ပါသည်။ဒါကြောင့်မိုးနောက်ဆုတ်ခဲ့သည်။မိုးရဲ့စိတ်ဆန္ဒတခုအတွက်နှင့်တော့မိုး၏မာနတွေအကျမခံခြင်ပါ။အဲဒါကြောင့်စာမေးပွဲနောက်ဆုံးနေ့ထိမိုးဝေယံကို ရှောင်နေခဲ့ပါသည်။ဒါပင်မဲ့ဝေယံအမေကမိုးကိုလာတွေ့ပါသည်။စိန်တွဲလွဲငွေတွဲလွဲတွေဝတ်လာတဲ့အထက်တန်းမိန်းမတယောက်ဧ။်စကားတွေကတော့ “မိမိုးမင်းတို့ကငယ်ငယ်လေးကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေဆိုတော့သံယောဇဉ်ရှိနေကြတာပါအဲဒါကိုအချစ်လို့ခေါင်းစဉ်တက်ပြီမမိုက်ချင်ပါနဲ့ငါ့သားကကလေးတယောက်လိုပဲဘာမာယာမှမရှိဘူးမင်းကမိသားစုဘ၀မြှင့်တင်ဖို့ငါ့သားကိုအပိုင်ကပ်ထားတယ်ဆိုတာငါသိပါတယ်မင်းမှန်းထားသလိုဖြစ်လာမယ်မထင်နဲ့လူဆိုတာတန်ရာတန်ရာမှန်းရတယ်မင်းလိုမိန်းခလေးမျိုးကိုငါ့ချွေးမအဖြစ်ဘယ်တော့မှလက်မခံနိုင်ဘူးဆိုတာသိထားပြီမာနာနဲ့နေပါမင်းပုံစံကမာနမရှိတဲ့ပုံတော့မဟုတ်ပါဘူးမင်းကိုငါသတိလာပေးတာငါသွားတော့မယ်” ပြောချင်တာတွေပြောသွားတဲ့အန်တီနောက်ကျောကိုကြည့်ပြီ်မိုးသက်ပြင်းချမိပါသည်။တရားဝင်ချစ်သူတွေတောင်မဖြစ်ကြသေးပဲဘာလို့ခုလိုတွေဖြစ်သွားရတာလည်း။မိုးကိုယ်တိုင်လည်းဝေယံကိုချစ်ပါ သည်။ဒါပင်မဲ့မမှီတဲ့ပန်းတပွင့်ဆိုတာလည်းနားလည်ထားပါသည်။အဲဒီနေ့ကဝေယံနဲ့တွေ့ဖြစ်ပါသည်။သူ့အမေလာပြောတာသွားတာကိုသိပုံမပေါ်ပါ။မိုးကိုပဲလက်ထပ်မယ်လို့သူ့အမေကိုပြောခဲ့တယ်ဆိုတဲ့အ ကြောင်းကျွန်မရှေ့မှာပြောပြနေပါသည်။သူပြောသမျှကိုနားထောင်ပေးပြီးမိုးပြူံးမိပါသည်။အပူအပင်မရှိနေလာတဲ့ဝေယံတယောက်မိုးအတွက်ခံစားရတော့မယ်ဆိုတဲ့အသိကြောင့်ပါ။ စာမေးပွဲနောက်ရက်တွေမှာတော့အဖွဲ့လိုက်မတွေ့ဖြစ်ကြတော့ပါ။ပန်းနုကတော့အိမ်တွင်းပုန်းဖြစ်သွားပါသည်။မင်းခန့်နှင့်သဲမာကဘဏ်မှာအလုပ်ရသွားသည်။ဝေယံကတော့မိဘလုပ်ငန်းကိုဝင်ရောက် လုပ်ကိုင်နေပြီအောင်လေးတယောက်တော့သင်္ဘောတက်သွားပါသည်။ရသမျှပိုက်ဆံစုပြီနေတာအခု5ဆိုတဲ့ကာလအတွင်းမှာအောင်လေးကသဌေးတယောက်ဖြစ်နေပါသည်။သူငယ်ချင်းတွေနှင့်အဆက်အသွယ်ဖြတ်ထားတာပန်းနုမင်္ဂလာပွဲကျမှတွေ့ရသည်။ပန်းနုမင်္ဂလာပွဲကိုသတင်းစာမှာကြေညာလိုက်တဲ့အတွက်ခုလိုဆုံရချင်းဖြစ်ပါသည်.မိုးကိုယ်တိုင်လည်းအားလုံးနှင့်အဆက်အသွယ်ဖြတ်ပြီကိုယ်ပိုင်ကွန် ပြူတာစာစီစာရိုက်နှင့်ဗီးနှိုင်းဆိုင်လေးဖွင့်ထားပါသည်။။မထင်မှတ်ပဲသတင်းစာထဲမှာတွေ့လိုက်ရတဲ့မင်္ဂလာသတင်းလေးကမိုးအတွက်နာကျင်စေပါသည်။ဒါပင်မဲ့မိုးဋ္ဌ၏အချစ်ဆုံးသူငယ်ချင်းတွေရဲ့ပွဲလေးမို့ အားတင်းပြီလာခဲ့တာပါ။အောင်လေးကိုပါတွေ့လိုက်တော့အံ့သြမိသည်။အောင်လေးတယောက်တော့မလာလောက်ဘူးလို့ထင်ထားမိလို့ပါ။သူလည်းမိုးလိုပဲဒါဏ်ရာတွေဖြင့်နာကျင်နေမည်ထင်ပါသည်။သူ နှူတ်ခမ်းကမဲ့ပြူံးလေးကသူပန်းနုအကြောင်းပြောတိုင်းပါနေတက်သည်။အဲဒါသူနာကျင်နေတယ်ဆို သည့်အမှတ်အသားတခုပါ။သူရဲ့ပင်ကိုယ်စရိုက်ပေါ့။မိုးရင်ထဲကနာကျင်မူတွေကိုတော့မိုးလက်ထဲကလက်ကိုင်ပ၀ါလေးသိပါသည်။သူကမိုးစိတ်တွေကိုထွက်ပေါက်တခုဖြစ်စေပါသည်။ ******* ************** ********** “မိုး….” “ဟင်” အောင်လေးကမိုးပခုံးကိုကိုင်ပြီလှုပ်ခေါ်နေပါသည်။ခုမှလက်ရှိအခြေအနေကိုသဘောပေါက်မိတော့ သည်။မိုးတို့ကန်တော်ကြီးထဲမှာထိုင်နေတာအတော်ကြာသွားပြီပဲ။မိုးကအတိတ်ရဲ့ပုံရိပ်တွေအောက်မှာလောကကြီးကိုခဏမေ့နေမိတယ်ထင်ပါသည်။ “ငါခေါ်နေတာကြာပြီနင်ဘာတွေတွေးနေတာလည်း..နင်လည်းခံစားနေရမှာပဲဆိုပြီငါခေါ်ထုတ်လာတာ နင်နဲ့ငါကဘ၀တူတွေလေအရင်တုန်းကလိုပဲနင့်ရင်ထဲကခံစားချက်တွေကိုပြောပြပါလားဒါမှပေါ့သွားမှာ ပေါ့ ညကြရင်ထပ်သွားရအုန်းမှာလေ” “အင်း..ငါမပြောခင်နင်အရင်ပြောလေ..စာမေးပွဲနောက်ဆုံးရက်ကပန်းနုကနင့်ကိုအခွင့်အရေးပေးခဲ့ တယ်မို့လား” အောင်လေးမျက်နှာမဲ့ပြူံးလေးဖြစ်သွားပါသည်။ပြီးမှ “ဟုတ်တယ်မိုးသူကငါ့ကိုပြောတယ်သူမှာသတ္တိရှိပါတယ်တဲ့သူဆင်းရဲမှာကိုမကြောက်တော့ပါဘူးငါ့ဘ၀ထဲကိုသူဝင်လာပါရစေတဲ့..အဲဒီအချိန်ထိငါသူကိုချစ်တယ်လို့မပြောရသေးဘူး..ပြီးတော့.. ခုချိန်ထိပဲပေါ့“ “ဘာလိုလဲသူကတောင်အဲလိုပြောတာကိုအဲဒီတုန်းကနင်သူ့ကိုဖွင့်ပြောလိုက်ပေါ့နင်ချစ်နေတာပဲကိုဘာလို့လည်းခုတော့သူ့မိဘတွေသဘောအတိုင်းယူလိုက်ရတယ်” “မိုးလူတယောက်ကိုချစ်တယ်ပြောဖို့အဲဒိလောက်လွယ်တယ်လို့ထင်တာလားမိန်းခလေးတွေအတွက် တော့ဟုတ်မယ်ယောက်ကျားလေးတွေကတော့ဆင်ချင်ရတယ်ဟကိုယ်တကယ်တန်းဖိုးထားတဲ့မိန်းခ လေးကိုအလွယ်တကူချစ်ရေးမဆိုရဲဘူးချစ်တယ်ဆိုတဲ့စကားလေးနှစ်ခွန်းရဲ့နောက်မှာတာဝန်တွေအ များကြီးရှိတယ်အဲဒီတာဝန်တွေမကျေမှာငါကြောက်တယ်ငါတို့ခေတ်မှာတယောက်နှင့်တယောက်ထိုင် ပြီချစ်တယ်ပြောနေရုံနဲ့ဘ၀တခုမဖြစ်နိုင်တော့ဘူးသူ.ကိုတကယ်ချစ်ရင်သူ့အတွက်ကြိုးစားရတော့မယ်လေသူ့ဘ၀အတွက်နောက်ငါတို့မျိုးဆက်တွေအတွက်ငါကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့သင်္ဘောသားတ ယောက်ဘ၀ကိုရွေးခဲ့တာပါ..ခုအပြင်လုပ်ငန်းတွေမှာလည်းငါရှယ်ယာတွေရှိတယ်ငါလိုချင်တဲ့ဘ၀ တော့ရောက်ပြီငါမှန်းထားသလိုမဖြစ်လာတာတော့ငါ့ကံပေါ့” အောင်လေးစကားတွေအများကြီးပြောပြီးခဏငြိမ်နေပါသည်။သူပြောတာစဉ်းစားကြည့်တော့ဟုတ် တော့ဟုတ်ပါသည်။ဒါပင်မဲ့မိုးစိတ်ထဲသိပ်တော့ဘ၀င်မကျဒါကြောင့်အောင်လေးနားတိုးပြီ “အောင်လေးအဲဒီအတွက်ကြောင့်နင်ပန်းနုကိုချစ်တယ်လို့တောင်မပြောခဲ့ဘူးပေါ့နင့်အတွေးတခုထဲနဲ့ သူ့ဘက်ကိုနည်းနည်းလေးမှလှည့်မကြည့်ခဲ့ဘူးပေါ့” “သူ့အတွက်တွေးလို့ခုလိုလုပ်တာပေါ့သဌေးသမီးတယောက်ကိုမပြည့်ဆုံတဲ့ဘ၀ထဲမှာပျော်အောင်ထားနိုင်မယ်လို့နင်ထင်လို့လား..ထားပါ.နင်ပြောလေနင်ကရောဘာလို့ဝေယံကိုငြင်းလိုက်တာလဲစာမေးပွဲ နောက်ဆုံးနေ့ကငါတို့ညဘက်ဆုံတော့သူပြောတယ်နင်တို့ကိုတမင်မခေါ်တာ” မိုးသက်ပြင်းတချက်အရင်မှုတ်ထုတ်လိုက်မိသည်။မိုးလည်းအချစ်ကိုကျောခိုင်းခဲ့တာပဲ။အဲဒီနေ့ကမိုး ငြင်းခဲ့ပါသည်။အဲဒီအချိန်မိုးရင်ထဲမှာဘာဖြစ်နေမလဲဆိုတာမည်သူမျှသိနိုင်မည်မထင်ပါ။မိုးခေါင်းခါ လိုက်ပါသည်။အဲဒီနေ့အကြောင်းကပြန်မတွေးချင်ပါဒါပင်မဲ့….မိုးရင်ဖွင့်သင့်သည်မဟုတ်လား။5နှစ်လုံးလုံးကိုယ်ချစ်တဲ့သူကိုကျောခိုင်းခဲ့တဲ့မိန်းမတယောက်အဖြစ်ဖြင့်နေလာခဲ့တာ။ဘာကြောင့်ကျောခိုင်းခဲ့သည်ကိုမည်သူမျှမသိခဲ့ကြပါ။ဒါကြောင့်မိုးပြောပြလိုက်ပါတော့မည်။ “အောင်လေး..ငါကတော့နင့်လိုမဟုတ်ဘူးသူ့ကိုချစ်တယ်လို့ပြောလိုက်တယ်” “ငါသိတယ်အဲဒါကပိုပြီခံရခက်တယ်မချစ်လို့မဟုတ်ပဲချစ်လျှက်နဲ့ဆိုတော့သူခံစားရတာပေါ့” “ငါမသိလို့မဟုတ်ပါဘူး..လူ.ဘ၀ဆိုတာတိုတိုလေးပါမနက်ဖြန်ဆိုတာကမသေချာဘူးလေအဲလိုဘ၀ မျိုးမှာကိုယ်ချစ်တဲ့လူကိုတော့ချစ်ပါတယ်လို့ဖွင့်ပြောပြချင်တယ်အချစ်ကိုတော့ပွင့်လင်းချင်တယ်ရိုး သားချင်တယ်” “ဟုတ်ပြီဒါဆိုချစ်တယ်ပြောပြီထွက်သွားတာကရော” “ငါတို့ကပိုက်ဆံမချမ်းသာဘူးလေဒါပင်မဲ့မာနတော့ချမ်းသာပါတယ်၊သူ.အမေကိုယ်တိုင်ငါ့ကိုပြောဆို သွားတာသူမှမသိပဲ၊အဲဒီနေ့ကသူပြောသလိုသူနောက်ကိုငါလိုက်ခဲ့မယ်ဆိုရင်ငါတို့နှစ်ယောက်မခွဲရ တော့ဘူးပေါ့၊ဒါပင်မဲ့ငါပျော်နိုင်မယ်ထင်လားတဘ၀လုံးအတူနေသွားမဲ့ယောက်ခမကငါ့ကိုချွေးမတ ယောက်လိုအသိအမှတ်မပြူ၊သူ့ပတ်ဝန်းကျင်မှာငါကငွေမက်တဲ့မိန်းမတယောက်ဖြစ်မယ်၊ကိုယ်မဟုတ်ပင်မဲ့အခြေအနေတွေကအဲလိုဖြစ်နေမှာပဲလေ၊သူ့ကိုချစ်တဲ့ချစ်တခုနဲ့ငါအဲတာတွေကိုမခံနိုင်ဘူး၊ပိုက်ဆံမရှိပင်မဲ့ဘယ်သူ့အောက်မှမကျအောင်ထားခဲ့တဲ့ငါမိဘကိုလည်းမျက်နှာမငယ်စေချင်ဘူးအဲဒါကြောင့်ငါနောက်ဆုတ်လိုက်တာပါ၊သူ့ထက်ငါ့ဘ၀ကိုငါပိုချစ်လို့ပါ” “အင်း..နင်ကလည်းနင့်မာနအတွက်ငါ့ကလည်းငါ့အယူအဆနဲ့ငါမှန်တယ်ထင်လို့ရွေးခဲကြတာပဲအခု ရောပျော်နေလားမိုးနင်မပျော်နိုင်ဘူးထင်လို့မေ၇ွးခဲ့တာကိုနောင်တရနေလား” “နောင်တတော့မရပါဘူး..ငါကချစ်တဲ့သူကိုကျောခိုင်းခဲ့တော့ငါ့ကိုဒါဏ်ပေးတာနေမှာ..ငါနာကျင်နေ တယ်အောင်လေး..အမြဲတမ်းမဟုတ်ပင်မဲ့ပြန်တွေးမိတိုင်းပေါ့..နင်ရော” “ငါလား..ဘာမှမဖြစ်ဘူးပြောရင်တော့ညာရကြမှာပေါ့..5နှစ်လုံးလုံးကြိုးစားခဲ့တာဘ၀သစ်တခုတည် ထောင်ဖို့ပါ၊ငါကမျှော်လင့်ချက်ပါပျက်သွားတာပါမိုး..ငါလည်းခံစားရတာပေါ့” မိုး အောင်လေးကိုပြူံးပြလိုက်ပါသည်။ပြီတော့အောင်လေးလက်ကိုဆုပ်ကိုင်ပြီအားပေးလိုက်မိသည်။ နားလည်ပါတယ်အောင်လေး။နင်ဘယ်လိုခံစားနေရမယ်ဆိုတာငါသိပါတယ်။တကယ်တော့ငါတို့နှစ် ယောက်ရဲ့အယူအဆတွေမာနတွေကအချစ်ကိုနိုင်သွားခဲ့တာပါ။နင်နဲ့ငါကဘ၀တူတွေပါ။ “အောင်လေး…သွားရအောင်” “အင်း” မိုးတို့နှစ်ယောက်ကန်တော်ကြီးကထွက်လာလိုက်ပြီပန်းနုတို့စီပြန်သွားလိုက်ပါသည်။ညပွဲအတွက် ပြင်စင်နေတဲ့မင်းခန့်ကတွေ့သွားပြီလှမ်းခေါ်ပါတော့သည်။ “ဟိတ်နှစ်ယောက်..ငါတို့ကိုထားခဲ့ပြီဘယ်သွားတာလဲလာခဲ့” “ဒီလိုပါပဲ…မင်းတို့နဲ့မနေချင်တာနဲ့…….” “အမယ်.ငါတို့နဲ့မနေချင်ရအောင်……” သဲမာကဆက်ဆက်ထိမခံပါ။ဒါသူမဧ။်စတိုင်ပါ။မှားမှားမှန်မှန်ရန်တွေ့ရမှကျေနပ်တက်သည်။ “တော်ပါသဲမာရယ်.နင်အပျိုကြီးဖြစ်နေတာအဲဒါကြောင့်” “ဟား…ဟား…….ဟား……..” သဲမာမျက်စောင်းလှမ်းထိုးပါသည်။ပြီတော့ခြေစောင့်ပြီထွက်သွားပါတော့သည်။ခုလိုကျတော့မိုးတို့အဖွဲ့ကအရင်လိုပါပဲ။စလိုက်နောက်လိုက်နှင့်မိုးချူပ်တော့အဖွဲ့လိုက်စုထိုင်ပြီကိုရီးယားကားတွေထဲကလိုအ မှန်ပြောကြေးကစားကြပါသည်။ခြောက်ယောက်လုံးကစိတ်မဆိုးကြေးဆိုတဲ့ကတိကိုယူပြီမေးဖို့အဆင့်သင့်ဖြစ်နေပြီဖြစ်ပါသည်။ “ကဲ…စမယ်” အရုပ်ကလေးကသီချင်းသံလေးအဆုံးမှာသဲမာလက်ထဲရောက်သွားပါသည်။သဲမာကသူခိုးဖမ်းတဲ့ပုံဖြင့်“ပန်းနု” “ဟင်..ငါလား” “ဟုတ်တယ်..နင်ကဒီနေ့သတို့သမီးဆိုပင်မဲ့အလွတ်ပေးလို့မဖြစ်ဘူးလေခုဒီမှာထိုင်နေတာသူစိမ်းမှမပါတာ.မညာရဘူးနော်..မေးပြီ..နင်ဝေယံကိုဘာလို့လက်ထပ်တာလဲငါတို့အကုန်လုံးသိနေတာပဲနင်တို့ကသူငယ်ချင်းတွေဆိုတာ” “ဖြေရမှာပေါ့ဝေယံစောရီးနော်..ငါဖြေပြီမေမေသဘောတူပေးစားလို့” “ချစ်လား” “မချစ်ဘူး..ငါ့မှာချစ်တက်တဲ့နှလုံးမရှိတာကြာပြီ” “ပြတ်သားတယ်ကွာ” မင်းခန့်ဝင်နောက်ပါသည်။ပန်းနုကမအောင်လေးကိုကြည့်ပြီမဲ့ပြူံးလေးပြူံးပါသည်။ပြီးမှ “ဒီတခါငါမေးရမှာနော်.အောင်လေး..နင်အတွက်အချစ်နဲ့ဘ၀ကဘာပိုအရေးကြီးလဲ” “အမေးရှိတော့အဖြေရှိရမှာပေါ့ငါကတော့ဘ၀ကပိုအရေးကြီးတယ်အချစ်မရှိပဲအသက်ရှင်နိုင်ပင်မဲ့ဘ၀မရှိပဲအသက်မရှင်နိုင်ဘူးလို့ငါထင်တယ်” “ဒါဆိုအချစ်မရှိတဲ့ဘ၀မှာနင်ပျော်နေတယ်ပေါ့” အောင်လေးသက်ပြင်းတချက်မှုတ်ထုတ်လိုက်သည်။ပြီးမှ “မပျော်ပင်မဲ့ပြည့်ဆုံတယ်ပန်းနုငါကျေနပ်တယ်နင်မေးလို့ပြီပီဆိုငါမေးအလှည့်နော်သဲမာ” “အယ်..ငါကို့” “အင်း..နင်မင်းခန့်ကိုစိတ်မ၀င်စားဘူးလား” “ငါ့ကသူ့ကိုရူးနေလို့လားနင်ကလည်းဖြစ်နိုင်တာမေးပါ” “ဖြေပါ” “နိုးပဲ” “ကျွီ…..ကျွီ…..” အရုပ်ကလေးကထမြည်ပါတော့ပါသည်။အကုန်လုံးသဲမာကိုကြည့်ပြီရယ်ပါတော့သည်။သဲမှာစိတ်တိုပြီထထွက်သွားသည်။မင်းခန့်ကအနောက်လိုက်ဖမ်းပြီပြန်ခေါ်လာသည်။ “မလိမ်ရပါဘူးဆိုနင်ကလိမ်လို့နေမှာ..ကဲ..ကဲမင်းခန့်ကိုမေးလိုက်တခုခု” “မေးမယ်..နင်အခြောက်မကိုမကြိုက်ဘူးလား” အမြင်ကတ်တဲ့ပုံဖြင့်မေးနေသည့်သဲမာကိုမင်းခန့်က “အခြောက်မတောမကြိုက်ဘူးနင့်ပဲကြိုက်မယ်” “သေလိုက်ပါလား” “အဟမ်း….ကိုကိုဝေယံသားမေးမယ်နော်” “မေးစေ” “မမပန်းနုကိုချစ်လားဟင်ပြီတော့အချစ်ဆိုတာကိုဘယ်လိုမြင်ပါသလဲ” ဝေယံပန်းနုကိုကြည့်လိုက်ပါသည်.ပြီးတော့မိုးဆီကိုမျက်လုံးအရောက် “ပန်းနုနဲ့ငါကသူငယ်ချင်းတွေပါချစ်သူတွေမဟုတ်ပါဘူး..အချစ်ကငါ့အတွက်တော့တယောက်သောသူကြောင့်ခါးသွားပါတယ်..အိုကေ” မိုးပြူံးလိုက်မိသည်။ခါးသွားသတဲ့လား။နင်ကခါးရုံပါပဲဝေယံရယ်င့ါမှာသာ…. “မိုးကိုယ်မေးမယ်နော်..မိုးဘ၀မှာမိုးစိတ်ကြိုက်ရွေးချယ်ခဲ့တဲ့လမ်းအတွက်နောင်တတွေရှိဘူးလား၊မျက်ရည်တွေကျဘူးလား၊ဒါမှမဟုတ်ပျော်ရွင်ခဲ့လား” မိုးမျက်နှာကိုမော့လိုက်ပါသည်။နှုတ်ခမ်းလေးကိုကိုက်ပြီဝေယံမျက်နှာကိုတည့်တည့်ကြည့်လိုက်သည်။ “ငါလားနောင်တတော့မရပါဘူး.ငါရွေးတဲ့လမ်းပဲ..ငါဘာလို့နောင်တရ ရ မှာလဲ၊မျက်ရည်လား ကျခဲရတာပေါ့အခုဆိုမျက်ရည်တွေတောင်ခမ်းနေပြီထင်တယ်ဒါပင်မဲ့ငါကျေနပ်တယ်ငါတည်ဆောက်ခဲ့တဲ့ဘ၀ပဲနင်လည်းအခုနင်ရွေးချယ်ထားတဲ့လမ်းကိုနောင်တရလား ဆောရီး ငါမမေးသင့်ဘူး” “နောင်တမရဘူးမိုး..ငါ့မိဘတွေအတွက်ငါသားလိမ္မာဖြစ်ခွင့်ရလို့ပါ” မိုးမျက်နှာကိုကြည့်ပြီပြောလိုက်သည့်စကားပါ။ကစားဝိုင်းလေးသိမ်းသွားသည့်အထိနားထဲကမထွက်။ ပြန်ဖို့နှုတ်ဆက်တော့အောင်လေးက “အားလုံးကိုတခါတည်းနှုတ်ဆက်ပါတယ်ငါအမေရိကားမှာအပြီးသွားနေတော့မယ်အဲဒီမှာညီတွေအ လုပ်လုပ်နေတယ်လေငါလည်းရှယ်ယာဝင်ထားတယ်” နှူတ်ဆက်အပြီမိုးနှင့်အတူတူထွက်လာပါသည်။ပြီတော့သူ့ကားဖြင့်လိုက်ပို့ပေးပါသည်။အိမ်ရှေ့ရောက်တော့ကားပေါကလိုက်ဆင်းပြီ “မိုးခဏ ငါမေးမလို့သူတို့နှစ်ယောက်အိမ်ထောင်ရေးအဆင်ပြေမယ်နင်ထင်လား” “ပြေမှာပါသေချာတွေးကြည့်ရင်သူတို့ကသားလိမ္မာသမီးအလိမ္မာလေးတွေလေပြီတော့ဘ၀တူတွေပဲပွင့်တူရွက်တူဘ၀မှာအဆင်မပြေစရာအကြောင်းမရှိလောက်ပါဘူး” “ဒါဆို..နင်ရောအဆင်ပြေရဲ့လား” “အင်း….ပြေပါတယ်နှလုံးသားတခုလုံးကိုမသိချင်ယောင်ဆောင်နိုင်တဲ့မိန်းမတယောက်ပဲအေးဆေးပါ” “အခုရင်ဖွင့်လိုက်ပြီဆိုတော့ဘယ်လိုမှမခံစားရတော့ဘူးလို့ပြောချင်တာလား” “ဆိုပါတော့..သွားတော့လေနောက်ကျနေပြီ နင့်ကိုယ်နင်ဂရုစိုက်နော် ငါအိမ်ထဲဝင်တော့မယ်” မိုးအိမ်ရောက်တာနှင့်အခန်းထဲမှာအောင်းနေလိုက်ပါသည်။မရှိတော့ဘူးလို့ထင်တဲ့မျက်ရည်ကကျလာ ပါပြီ။ဘယ်လိုမှမခံစားရတော့ဘူးလားတဲ့..အောင်လေးရယ်နင်မို့လို့မေးရက်တယ်။လမ်းသွားရင်းတိုက်မိတဲ့ခလုတ်တောင်နာသေးတာပဲငါရင်နာတာပေါ့။ကြာခဲ့တာမှန်ပင်မဲ့ဒါဏ်ရာကမကျတ်သေးဘူးလေ။ပြီ တော့ငါအရမ်းကြိုက်တဲ့ကဗျာလေးတပုဒ်လိုပဲ “ပန်းတပွင့်ကိုနွမ်းလို့..ပစ်ဘူးချင်ပြစ်ဘူးလိမ့်မယ် လူတယောက်ကိုလွမ်းဖို့..ဘယ်သူကချစ်ဘူးမှာတဲ့လဲ ပစ်ခဲ့တဲ့ပန်းကိုဘယ်သူမှ..အမှတ်မရတော့ပင်မဲ့ ချစ်ခဲ့တဲ့လူတယောက်အတွက်…မနာကျင်မခံစားရတဲ့လူရှိနိုင်မှာတဲ့လား” မိုးဆိုတဲ့မိန်းခလေးတယောက်ကနွမ်းသွားတဲ့ပန်းတပွင့်ကိုတောင်မလွတ်ပစ်ရက်ခဲ့ပါ။အမြတ်တနိုးစာ အုပ်ကြားထဲမှာသိမ်းထားတက်သူပါ။အဲဒါကိုသိရင်ငါ.မခံစားရတော့ဘူးလို့နင်ပြောအုန်းမှာလားအောင်လေးရယ်..။တကယ်တော့အချစ်ကိုမာနလောက်မကိုးကွယ်တက်ခဲ့တဲ့မိန်းမတယောက်ရဲ့နှလုံးသားမှာ ဒါဏ်ရာတွေဖြင့်ပြည့်နေသည်မှာမဆန်းပါဘူး။ဒါပင်မဲ့ဒီနေ့နာကျင်ခဲ့တာတွေကမနက်ဖြန်မှာပုံရိပ်တခုထက်မပိုတော့ပါဘူး။နာကျင်မူဆိုတာချိုမြိန်တဲ့အရာတခုမဟုတ်တာမို့ငါ့ဘ၀ရဲ့အနာဂါတ်ကိုသယ်ဆောင်မသွားပဲတရက်မကတဲ့ငါ့ဘ၀ရဲ့နေရက်တွေကိုဆက်လက်ရှင်သန်သွားပါမည်။
↧