Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ထူးထူးဆန်းဆန်း မျက်လုံးသုံးလုံးနဲ့ လူသား....

$
0
0

မျက်လုံးသုံးလုံးနဲ့ လူသားအဖြစ် တစ်ချိန်က ကျော်ကြားခဲ့တဲ့ ဘီလ် ဒါ့က် ရဲ့ ငယ်စဉ်
ကလေးဘ၀ဟာ ကြမ်းတမ်းခဲ့ပါတယ် ။ သူ့ကို ဂျက်ပါ ၊ အလာဘာမား မှာ ၁၉၁၃ ခုနှစ် 
ဧပြီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ် ။

မွေးရာပါ မျက်နှာနှင့် နှာခေါင်းပိုင်း ပုံသဏ္ဏာန် ပျက်ယွင်းမှုကြီးတစ်ခုနဲ့ပေါ့ ။

နှစ်ခြမ်းကွဲနေတဲ့ သူ့မျက်နှာဘယ်တော့မှ ပြန်မဆက်သွားတော့

သလို ၊ ကိုးယိုးကားယားဖြစ်နေပြီး ကြီးမားတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ နှင့် နှာခေါင်းပေါက် တစ်ပေါက်စီသက်သက်ကွဲနေတယ်ဗျ ။ နောက်ပြီး မွေးတည်းက သူ့ရဲ့ မျက်လုံးများကို သူ့ရဲ့အရေပြားကပြန်အုပ်ထားလို့ငယ်စဉ်မှထဲက ခွဲစိတ်ပြီးပြန်ဖွင့်ခဲ့ရပါတယ် ။ 
သူ့ရဲ့ ဆိုးရွားကြောက်မက်ဖွယ် ပုံပန်းသဏာန်ကြောင့် သူရဲ့ပညာသင်ကြားေ၇းမှာ အဟန့်အတားကြီးဖြစ်ခဲ့ပါတယ် ။ သူကိုကျောင်းသားလေးများကကြောက်ရွံ့ကြသဖြင့်
ကျောင်းများက လက်မခံခဲ့ပါဘူး ။သူရဲ့ မိသားစုကလည်း သူကိုအပြင်ကျောင်းထား
နိုင်လောက်အောင် မချမ်းသာပါဘူး ။(ဆင်း၇ဲပါတယ်။ထိုသိုသော အကြောင်းအမျိုးမျိုးကြောင့် 
ဘီကို သူ့မိဘတွေက ကျောင်းမနေခိုင်းခဲ့တဲ့အတွက် ဘီလ်ဟာ ငယ်စဉ်ကတည်းက 
ဆက်ဆံရခက်တဲ့ လူ့ဂွစာတစ်ယောက်ဖြစ်နေခဲ့ပါတယ် ။

တစ်ရက်မှာတော့ ပြပွဲပိုင်ရှင်တစ်ယောက်က သူ့ကိုတွေ့သွားပြီး သူ့ဆီမှာ အလုပ်လုပ်ဖို 
အသည်းအသန် ကမ်းလှမ်းခဲ့တဲ့အတွက် ဘီလ်ဟာ ပြပွဲတွေမှာ အသုံးတော်ခံပြသရင်း 
မျက်လုံးသုံးလုံးနဲ့ လူသားအဖြစ်ကျော်ကြားလာခဲ့ပါတယ်။ဘီလ်ဟာ ပြပွဲပိုင်ရှင်များစွာရဲ့ 
လက်အောက်မှာ အလုပ်လုပ်ရင်း ပြသအသုံးတော်ခံခဲ့ရပါတယ်။ဘာကြောင့်လည်း
ဆိုတော့ သူဟာ စာမတတ်တဲ့အတွက် သူ့ရဲ့  အလုပ်စာချုပ်တွေရဲ့အဓိပါယ်ကို 
မသိတာကြောင့် လိမ်ညာခံခဲ့ရတာ ဖြစ်ပါတယ်။သူဟာ သူလိုပဲ ပြပွဲမှာ ပြသခံနေတဲ့ 
လူထူးလူဆန်းကြီး မဲလ်ဗင် ဘားခတ် နဲ့ ရင်းနှီးသွားခဲ့ပါတယ်။

ဘားခတ်ဟာ သူ့ကို သူတို့လို လူထူးလူဆန်းပြပွဲမှ မိုင်းဒရက်ဆိုတဲ့ မိကျောင်းသားရေနဲ့ 
အမျိုးသမီး နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ဘီလ် နဲ့ မိုင်းဒရက်တို့ဟာ မကြာခင်ပဲ ရင်းနှီးကျွမ်းဝင်သွားခဲ့ပြီး လက်ထပ်ခဲ့ကြပါတယ်၊။ 
ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး လင်မယားဖြစ်တဲ့ သူတို.ဇနီးမောင်နှံဟာ ပျော်ရွင်စွာနဲ့ 
အချိန်တွေကို ဖြတ်သန်းခဲ့တာ ၁၉၆၈ ခုနှစ်ထိပါပဲ....

၁၉၆၈ ခုနှစ် ဇွန်လမှာ မိုင်းဒရက်ဟာ ဘီလ် နဲ့ သူ့ကိုချစ်တဲ့သူများကို စွန့်ခွာသွားခဲ့ပါတယ်။

အလွန်ချစ်မြတ်နိုးခဲ့ရသော ဇနီးသည်မရှိတော့တဲ့နောက် စိတ်နှလုံးကွဲကြေနေတဲ့ ဘီလ်ဟာ

သူ့ရဲ့အလုပ်ကနေ အနားယူခဲ့ပြီး ဖလော်ရီဒါမှာ နေထိုင်ရင်း ၁၉၇၅ ခုနှစ် မေလ ၇ ရက်နေ့မှာ 
သူချစ်တဲ့ ဇနီးသည်သွားနှင့်ပြီးသော မရဏခရီးကိုလိုက်သွားခဲ့ပါတယ် ရှင်.....….ီလ်နဲ့ သူ့သမီးလေးပါ
ဘီလ် ရဲ့အမျိုးသမီး မိုင်းဒရက် မိကျောင်းသားရေလို ဖြစ်နေတဲ့ အရေပြားပုံစံကိုမြင်ဖူးအောင်

ဓာတ်ပုံ  ထည့်ပေးလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်...လွမ်းသူမေ {အဝေးရောက်}


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>