ပန်းကလေးက ကျနော့်အကြံပေးမှု့တွေကို သဘောကျပေမဲ့ မိဘနဲ့ ချစ်သူကြား
ဒွိဟလေးတွေ ဖြစ်နေခဲ့မယ်ဆိုတာ သိနေခဲ့တယ်၊ ဒါပေမဲ့ မတတ်နိုင်ဘူးလေ အချစ်
ဆိုတဲ့အရာက စေခိုင်းလွန်းတော့လဲ ပန်းက အိမ်ကိုညာခဲ့တယ် ချစ်ဦးနှစ်ယောက်
မို့ အတ္တကိုရှေ့တန်းတင်ပြီး အရဲစွန့်တကယ်တော့ ပန်းဖေဖေကျန်းမာရေးမကောင်းဘူး
ဆိုတာလဲ ညာခဲ့တာတဲ့ နောက်မှ သိရတာ အဲ့ဒီအချိန်မှာ ပန်းကိုအရမ်းချစ်တဲ့ သူ့မိဘ
တွေက သမီးလေးအေ၇းထက် ပိုဂရုစိုက်စ၇ာမရှိဘူးလေ ကျနော့်အကြံအစီလေးတွေ
အောင်မြင်ကြောင်း စာပြန်ရေးခဲ့တယ်ပန်းက ကျနော် ပျော်မိတာပေါ့ တကယ်လို့
ပန်းဖေဖေက အမှန်တကယ် ကျန်းမာေ၇းဆိုးဝါးပြီ သမီးလေးအပေါ်တာဝန်
မကျေခဲ့ပဲနဲ့ ဆုံးပါးသွားခဲ့ရင်တော့ ကျနော့်အကြံပေးချက်တွေက နောင်တစ်ချိန်မှာ
နောင်တဆိုတဲ့နာမည်တစ်ခုနဲ့ ထိုးနှက်လာနိုင်တယ်လေ ပန်းကို ဆေးခန်းပြ
ကြည့်တဲ့အခါ ချက်ချင်းနှလုံးရောဂါမဖြစ်နိုင်ပေမဲ့ နောင်တစ်ချိန်မှာတော့ လက်ရှိ
အခြေနေတိုင်းနေသွားမယ်ဆိုရင်( ၈၀) ၇ာခိုင်းနုန်းလောက် သေချာတယ်လို့
အဖြေ၇ခဲ့တယ် တဲ့ ကျနော်လဲ အရမ်းစိုးရိမ်မိတာပေါ့ဗျာ စိတ်ဝိညာဉ်တစ်ခုရဲ့
စေစားရာနောက် ရုပ်ဝတ္ထုတွေ က ဖေါက်ပြန်ပြောင်းလွဲနေတာ ဆိုတဲ့ နိယာမ
တစ်ခုကြောင့်...။
ပျော်ရွှင်မှုလေးတွေက အသက်ဝင်လာခဲ့လု့ လန်းလန်းဆန်းဆန်းနဲ့အနာဂတ်ကို
ပုံဖေါ်မိတယ် အေးချမ်းသာယာ တဲ့အနာဂတ်တစ်ခု ပြီးပြည့်စုံတယ် လို့ မဆိုနိုင်
ပေမဲ့ ပျော်ရွှင်ကြည်နူးမှု့လေးတွေနဲ့ လွှမ်းခြုံထားတယ်လေ ဘ၀အတွက် အားအင
တွေကိုဖြစ်စေခဲ့တဲ့ ချစ်သူနဲ့ဆုံးဆည်းနိုင်မယ်ဆိုတဲ့ အသိစိတ်က တကမ္ဘာလုံးကို
အေးချမ်းသာယာစေခဲ့တယ်လို့ဆိုရင်မှားမယ်မထင်ဘူနော်...။
ရှေးအတိတ်က ဖေဖေတို့ရဲ့အကြောင်းလေးတွေကြောင့် ပန်းနဲ့ကျနော်ရဲ့ချစ်ခြင်း
မေတ္တာလမ်းကြောင်းပေါ်မှာဖုန်အလိမ်းလိမ်း ထစေခဲ့တယ် အတိတ်ဆိုတာ
အနာဂတ်ရဲ့ကွက်လပ်ကိုဖြည့်ဆည်းပေးတယ်ဆိုတဲ့ အတိုင်းပဲလေ အ၇ာအားလုံး
အဆင်ပြေပြန်တော့လဲ အတိတ်ဆိုတာ သင်္ခန်းစာတစ်ခုအနေနဲ့ အနာဂတ်အတွက်
လမ်းပြကြယ်လေး ဖြစ်နေခဲ့ပြန်တယ်...။
ပန်းရဲ့အကြောင်းကို သန့်ဇင်ထွန်းတို့မိသားစု သိရတော့ သူတို့ဘက်က အလိမ်မာ
သုံးပြီး ရောဂါကိုအရင်ကုသပါအုံး ကျန်းမာရေးပြန်ကောင်းတဲ့အခါမှ စကားပြော
ကြတာပေါ့တဲ့ အလိမ္မာသုံးပြီးနောက်ဆုတ်သွားကြတယ် သိပ်မကြာလိုက်ပါဘူး
တော်တော်လေးပွေတတ်တဲ့ သန့်ဇင်ထွန်းက ကောင်မလေးတစ်ယောက်နဲ့
ပြဿနာတက်ပြီး သူ့အိမ်က သဘောသိပ်မတူပေမဲ့ လက်ထပ်ပေးလိုက်ရတယ်
အလွှာမတူပေမဲ့ ဖြစ်ပြီးကိစ္စအတွက်ငဲ့ကွက်ပြီး စီစဉ်ပေးလိုက်ရတယ်လေ
ဒီအကြောင်းကို ပန်းဖေဖေသိတော့ စောစောက အလိမ္မာ သုံးပြီး ငြင်းပယ်ခဲ့တယ်
ဆိုတာ ရိပ်မိတာမို ဘာမှထူးထူးထွေထွေမပြောကြဘူးလေ အဲ့ဒီအချိန်မှာ ပန်းမေမေရယ်
ပန်းရယ် ကျနော်ရယ် ကြီတ်ပြီး ပျော်နေခဲ့တယ်လေ သမီးအတွက် စိတ်ပူမိတဲ့ပန်းဖေဖေက
ပန်းကိုအနားခေါ်ပြီး ကဲ..သမီးရေ သမီးရဲ့အနာဂတ်အတွက် သမီးစိတ်တိုင်းကြ
ရွေးချယ်ထားတဲ့နဲ့ပဲ လျှောက်လှမ်းနိုင်ပါပြီ သမီးသဘောကျတဲ့သူနဲ့ပဲ ဖေဖေတို့
စီစဉ်ပေးမယ်တဲ့ မှန်ကန်တဲ့ရွေးချယ်မှု့တော့ ဖြစ်ပါစေနော် သမီးတဲ့ ပန်းက သူ့ဖေဖေ
ထံမှ ဒီစကားလေး ကြားလိုက်ရတော့ ကျနော်ဆီ စာတစ်စောင်ရေးခဲ့ပါတယ်
စာကြောင်းလေးတွေမှာ အပြုံးပန်းလေးတွေ ဖူးပွင့်လို့ စာကြောင်းတိုင်းက
လပြည့်ညရဲ့လ၀န်းပမာ ကြယ်တာရာတွေဝန်းရံပြီးတော့ ပျော်ရွှင်မှုတွေ တစ်ကိုလုံး
ပျံ့နှံ့စေခဲ့တယ် တပတ်လောက်အကြာမှာ ကျနော် ခွင့်ယူပြီး ဇာတိမြိဲု့လေးကို
ပြန်လာခဲ့ပါတယ် အိမ်ကိုသတိရတာရယ် ပြီးတော့ ပန်းကိုသတိရတာရယ်
မရောက်တာလဲ ကြာခဲ့ပြီလေ ကြွေကွဲမှုတွေနဲ့ထွက်ခွာသွားရပေမဲ့ ပျော်ရွှင်
မှုတွေနဲ့ပြန်လာနိုင်လို့ ကျနော် အားရကျေနပ်နေမိတယ် အိမ်ေ၇ာက်တော့
ပါလာတာလေးတွေနဲက့ ဖွားဖွား ကြီးကြိးတို့ကိုကန်တော့ပြီး နောက်တစ်နေ့မှာ
ကျနော် ပန်းရဲ့ အိမ်ကိုသွားပါတယ် ဒါပေမဲ့ ပန်းဖေဖေမျက်နှာကြောင့်
ပြီးတော့ လိမ်ညာခဲ့တာတွေကြောင့် သွားတွေ့ရမှာ ရှက်ကြောက်နေမိတယ်
ဒါပေမဲ့ နောင်တဆိုတဲ့အရာထက်အရုပ်ဆိုးစေတဲ့အရာမရှိဘူးလေ နောင်တ
ဆိုတဲ့နာမည်တစ်ခုအဖြစ်မပြောင်းလဲသေးခင် ဘ၀ကပေးတဲ့ ကံကောင်းမှု
လို့သဘောထားပြီး ဆက်ဆက်လာခဲ့ပါတယ် အိမ်ရောက်တော့ လက်ဆောင်
ယူလာတာလေးတွေပေးပါတယ် ပန်းဖေဖေကလဲ ပုံမှန်အတိုင်းပါပဲ ဆက်ဆံရေးက
ဒါပေမဲ့ အရင်ထက်တော့ ပန်းဖေဖေက ပိန်ကျသွားတယ် ပန်းလေးအတွက်ကြောင့်
ခုလိုဖြစ်သွားတာဆို ကျနော့်မှာလဲ တာဝန်မကင်းဘူးလေ ပြီးတော့ စိန်ခြူးကြာညောင်
ဘောလယ် သီချင်းကို တီးပြခိုင်းတယ် ကျနော်လဲ အရင်လို ပျော်ရွှင်မှု့မျိုးလေးတွေ
အသက်ဝင်လာဖို့ဆိုပြီး အစွမ်းကုန် သေချာတီးပြပါတယ် ပန်းရဲ့ အိမ်လေးက
ကျနော့်အတွက် အရင်လိုနွေထွေးလာမှန်းသိလိုက်တော့ အတိုင်းမသိကျနော်
ဝမ်းသာမိပါတယ် ပီယာနိုလေးက ကျနော့်နဲ့ပန်းအတွက် ဆက်သွယ်ပေးတဲ့ တံတား
တစ်ခုဖြစ်မှန်းမသိဖြစ်နေခဲ့တယ်လေ ...။
ကျနော်နဲ့ပန်းဆုံးဆည်း၇ာ ရွှေတောင်ဦးဘု၇ားဆီသို့ရောက်လာပြန်တယ်
အတိတ်ကစကားတွေရယ် အဖြစ်ပျက်တွေရယ် က ရုတ်တ၇က် အထွေးထဲ
ဝင်ရောက်လာခဲ့တယ်လေ စကားတွေ ပြောဆိုပြီး နှစ်ဦးသား အနာဂတ်
အကြောင်းလေးတွေ တိုင်ပင်နေခဲ့ကြတယ် လက်တွေ့ဘ၀ကိုအကောင်
ထည်ဖေါ်ဖို့အစီစဉ်လေးတွေနဲ့ ရောင်နီလာမဲ့ အနာဂတ်ခရီးကိုကြိုမြင်နေ
ခဲ့ကြတယ်လေ...။
ပြုတ်ကျခဲ့တဲ့ ပန်းရဲ့ ပုဝါလေး က ချစ်သူသက်တမ်းကို မှတ်တမ်းတင်စေခဲ့တယ်
ပန်းရဲ့ပုဝါလေးကလဲ တစ်သက်မမေ့အောင် ကြွေကွဲစေခဲ့ဖူးတဲ့ အတိတ်လဲ
ပြီးဆုံးခဲ့ပြီလေ..ဒီလိုနဲ့ ကျနော် နယ်စပ်မြို့လေးကို ပြန်လာခဲ့ပြန်ပါတယ်
အလုပ်လုပ်ရတာ အဆင်ပြေလွန်းနေတယ်ဒါကြောင့်ခုတစ်လော လူကြီးတွေက
မောင် လွမ်း မင်း မင်္ဂလာဆောင်လေး ရှိရင် ဒို့ကိုလဲ ဖိတ်နော် တဲ့ ကျနော်က
ဖိတ်မှာပေါ့ ရုံးကလာနိုင်တဲ့လူတွေ အကုန်လုံးဖိတ်မယ် ဒါပေမဲ့လူကြိးမင်းတို့
လက်ဖွဲ့လေးတော့ မနည်းစေနဲ့ပေါ့ဗျာ ဟား ဟ လို့ပြောတော့ ဒို့က အလကား
လာစားမှာကွ တဲ့ နောက်ပြောင်ကျီစယ်ကြသေးတယ် တကယ်တော့ ကျနော်လဲ
ဖိတ်ချင်တာပေါ့ ဝေးလွန်းတယ်လေ ဘယ်လာနိုင်မလဲလေ....။
ဒီလိုနဲ့ပဲ ပျော်ရွှင်မှုတွေနဲ့ အတူ နှစ်ဝက်တိုင်ရောက်လာပြန်တယ် အဲ့ဒိအချိန်မှာ
ခွင့်ရက်နဲ့ဇာတိမြို့လေးကိုပြန်လာခဲ့ပြန်တယ် ရည်ရွယ်ချက်ကတော့် ပန်းနဲ့
ကျနော်တို့ အတွက် လူကြီးမိဖတွေစုံလင်စွာ လက်ထပ်ခွင့်တောင်းဖို့ပါပဲလေ
ထုံစံအတိုင်းပါလာတဲ့လက်ဆောင်လေးတွေနဲ့ကန်တော့ပြီး ဖွားဖွားတို့ကို
လာရင်း အကြောင်းကိုတိုင့်ပင်ပြောပြပါတယ် ဖွားဖွားတို့က အရင်အတိုင်းဘာမှ
ထူးထူးထွေထွေ မပြောကြဘူး ဒါနဲ့ကျနော်ပန်းကိုအကြောင်းကြားပါတယ်
ပြန်လာရတဲ့ အကြောင်းရင်းကို ပန်းကလဲ ဘာမှပြောစရာမလိုလောက်အောင်
လက်ခံပါတယ် ရုံးပိတ်ရက် တစ်နေ့မှာ ကျနော်က ကြီးကြီးတို့လင်မယား
နှစ်ယောက်ရယ် ဖွားဖွားရယ် ရပ်ကွပ်လူကြီးရယ် ပါသင့်တဲ့လူတွေကို ဖိတ်
ခေါ်ပြီး ပန်းတို့အိမ်ကိုသွားပါတယ် ဟိုေ၇ာက်တော့ မျက်နှာလေး အနည်းငယ်
ညိုးရော်နေတဲ့ ပန်းဖေဖေမျက်နှာကိုတွေ့၇တယ် လာ၇င်းအကြောင်းကို ပြော
ပြတော့ ပန်းဖေဖေက သိပ်ပြီးသဘောမတူပေမဲ့ ကျနော်တို့ဘက်က အပြစ်
မဆိုနိုင်တော့တာမို့ လက်ခံရှာပါတယ် ပန်းရဲ့မေမေကတော့ သူ့သမီးလေကို
ရင်ခွင်ထဲ ပွေ့ဖတ်ရင်း ပျော်ရွှင်နေတယ်လေ ပန်းမျက်နှာလေးကတော့ သူ့ဖေဖေကို
ကြောက်တာက တစ်ကြောင်း ခုလို လူကြီးမိဘစုံလင်စွာလာတောင်းရမ်းတဲ့အတွက်
ပျော်ရွှင်မှုနှင့်ယှက်သွေားဖြာနေတာက တစ်ကြောင်း သူ့ဖေဖေ ကန့်ကွက်မှာ
စိုးရိမ်တာက တစ်ကြောင်း အကြောင်းေ့ကြာင်းကြောင့် ပန်းမျက်နှာလေးက ရသ
ပေါင်းစုံနဲ့ လှသထက်လှနေခဲ့တယ်လေ ပန်းမျိုးစုံစိုက်ပျိုးထားတဲ့ ပန်းဥယာဉ်ကြီး
သဖွယ်ဖြစ်နေခဲ့တယ်လေ...။
ပန်းဖေဖေက အတိတ်က အကြောင်းတွေကို ခ၀ါချပြီးသူ့လက်ခံတဲ့အကြောင်း
သဘောတူပါတယ်ဆိုတဲ့အကြောင်း သင့်တော်တဲ့နေ့ကောင်းရက်မြတ်မှာ
လာတောင်းရမ်းနိုင်ပါတယ်ဆိုတဲ့အကြောင်းအဆောင်အဆောင်အယောင်
ဘယ်ရွေ့ဘယ်မျှကိုတော့ မပြောလိုပါဘူးဆိုတဲ့အကြောင်း အဆင်ပြေသလို
စီစဉ်ပါဆိုတဲ့အကြောင်း ပြောပြပါတယ်..။
ကျနော်တို့က သီတင်းကျွတ်မှာ လာရောက်တောင်းရမ်းမယ်ဆိုတဲ့အကြောင်းကို
ဖွားဖွားကပြောပါတယ် အေးအေးဆေးဆေး ကြောင်းလှမ်းပွဲလေး ပြီူးဆုံးသွားပတယ်
ပန်းနဲ့ကျနော် ရဲ့ ချစ်ခြင်းက အတိတ်တက အငြိုးအာဃာတ အမှားအယွင်းတွေကို
ချေဖျက်နိုင်ခဲ့ပြီး သာယာလှပတဲ့အနာဂတ်တွေကို ကျနော်တို့နှစ်ယောက်ကပဲ
ပန်းရဲ့မိဘနဲ့ ကြီးကြီးတို့ကိုပါ စားသုံးစေခဲ့တယ် သာယာလှပတဲ့အနာဂတ်ကို
ပုံဖေါ်ပေးဖို့ပန်းနဲ့ကျနော် အားအင်တွေအပြည့်နဲ့ရောင်နီကိုကြိုလင့်တဲ့ပန်းလေ
တွေလိုပဲ လန်းဆန်းနေခဲ့တယ်လေ.....................။
သာယာပျော်ရွှင်နိုင်ကြပါစေ..
အားလုံးကိုလေးစားလျက် လွမ်းသစ္စာ..။
****စံလွန်းတင်*****