ကောင်းကင်မှာ ကြယ်တစ်သင်း
ထိန်လငိးနေတဲ့ လမင်းကြီး
မေမေ့အပြုံးနဲ့ယှဉ်ပြီး ကြည့်တဲ့အခါ
မှိန်ပျော့စွာ ကျန်ခဲ့တာပေါ့။....။
နားဝင်ပီယံတဲ့ ဆည်းလည်းသံဟာလည်း
မေမေ့ရဲ့ ရယ်သံချိုလေးနဲ့နှိုင်းရင်
နောက်ပိုင်းမှာသာနေ
လိုက်မမှီနိုင်ခဲ့ဘူးလေ။.........။
မေမေရဲ့ဆုံးမစကား
ဆူပူကြိမ်းမောင်းသံများဟာ
သားအတွက်တော့
စိုင်းစိုင်းရဲ့ဟစ်ဟော့စ်တစ်ပုဒ်ထက်
နာပျော်ဖွယ်ကောင်းခဲ့ပါတယ်။..........။
မေမေရဲ့ တုတ်တစ်ချက်ဟာ
သားတစ်သက်မှာ
စည်းချက်ညီသံစဉ်ပမာ
နှစ်သက်စရာဖြစ်ခဲ့ရပါတယ်.....
ဒါတွေကို အရင်တုန်းက
နားမလည်ခဲ့ပေမယ့်
အခုတော့ သားနားလည်ခဲ့ပြီပေါ့
မေမေရယ်....................။
↧
"သို့........ချစ်မေမေ"
↧