( Love - Golden - Mean )
အခုတစ်လော.....။
ခရီးတွေ သိတ်သွားနေရတယ် ။ဒါဟာလည်း (Period )
မှန်ကန်တဲ့ ရာသီ လွှဲချိန် တစ်ပါတ်လည်သလိုပါဘဲ ။
ဖြစ်စဉ်တွေဟာ - တစ်ခါတစ်ရံမှာ ..
ပရမ်းပတာ ဆန်တယ်လို့  ထင်မိပါတယ်။အဲဒီ...ဖရိုဖရဲ ဖြစ်စဉ်လေးတွေကို ၊
စေ့စေ့ ငုငု သုံးသပ်ကြည့်မှ...
စည်းစံနစ် အလွန်ကျနစွာ ဖြစ်နေတယ်ဆိုတာ သိရပါတယ် ။
ဒို့ ...နှစ်ယောက် ကိစ္စကို အပိုဖြတ်တောက်ခြင်းဝါဒ လက်ကိုင်ထားပြီး ၊
ဆင်ခြင်ကြည့်မှ ၊ အဖြေမှန် ရမယ် ၊ ထင်ပါတယ် ။
သူငယ်ချင်း ၊ မိန်းကလေး ၊တစ်ဦးက ၊ပြောပါသည် ။
နင်ကလည်း.....ရှေ့ဆက်တိုး - ဟာ.....။
နောက်တစ်ဦးကတော့.....မဖြစ်နိုင်ရင်လည်း ၊ ရပ်တာ ၊အကောင်းဆုံးဘဲ တဲ့ ။
သိတ်ရင်းနှီးလှတယ် မဟုတ်တဲ့ ၊ သူငယ်ချင်းမလေး ကတော့၊
အင်း.....တစ်လုံးဘဲချပြပါတယ်။အဖြူ အမဲ မသဲကွဲပါဘူး ။
အချစ်ဆိုတာ...ထာဝရ ဖန်ဆင်းရှင်က ၊ ဖန်တည်းပေးခဲ့တာလား?
တွေးမိတယ် ။ထာဝရဖန်ဆင်းရှင် ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊
မိမိအတွက် ၊ မိမိဖာသာ ၊ ထိန်းကျောင်း ၊အသက်ရှင်ဘို့  လိုအပ်တာပါ ။
လူတို့  ကိစ္စ ဟာ ပြီးတယ်လို့ မှ မရှိတာ ။
မကောင်းတာ၊မမြင့်မြတ်တာ၊ဆိုတဲ့ ၊ အစွန်းနှစ်ဖက်ကြားမှာ...
ဒို့ နှစ်ယောက်...အကောင်းဆုံး လုပ်ဆောင်နေရတာပါ ။
တိုတို ပြောချင်တယ်ကွယ် ။
အရှက် အကြောက် အလွန်ကြီးခြင်းနဲ့ ၊ အရှက်မရှိ ကင်းမဲ့ခြင်းဆိုတဲ့ ၊
အစွန်းနှစ်ပါးရဲ့ အလယ်မှာ...ဂုဏ်သိက္ခာရှိရှိနဲ့  ရပ်တည်ကြရအောင် ။
(Love - Modesty ) လို့  ပြောတာပါ ။
ကိလေသာ အမှောင်ခွင်းဖို့  သစ္စာ အလင်းတင်းတင်းလေး ထည့်ကြမယ်။