♥♥♪♪♫နှလုံးသားထဲစီးဆင်းသွားသော ညနေခင်း♫♪♪♥♥
ကီးဘုတ်ကို တဂျောက်ဂျောက်မြည်အောင်ရိုက်နှိပ်ပြီး ဟိုမဟုတ်ဒီမဟုတ် လျှောက်ကလိနေသော်လည်း မိမိ၏ မျက်ဝန်းတို့သည် Desktop ပေါ်တွင် မရှိ။ နံနက်ခင်းနှင့်နေ့လည်ခင်းက တစိမ့်စိမ့်ရွာသွန်းခဲ့သောမိုးသည် ယခု သူမဟုတ်တော့သည့်အလား။
ကောင်းကင်တွင်တိမ်လွှာများကင်းစင်၍
အေးသက်သောအငွေ့ဖြူးဖြူးလေးကြောင့် တစ်မျိုးနေသာသကဲ့သို့ဖြစ်နေချေသည်။ သို့သော်-- မိမိသည် ရာသီဥတု၏ အရသာကိုမခံစားနိုင်ပဲ သူမလျှောက်လှမ်းလာမည့် မဟူရာရောင်လမ်းမကြီး ပေါ်တွင်သာ မိမိ၏မျက်လုံးတို့ ရစ်ဝဲနေမိသည်။
မှန်သည်။ ယနေ့သူမနှင့်အင်တာနက်ဆိုင်တွင် တွေ့ဆုံဖို့ချိန်းဆိုထားသည်။ သုံးနာရီခွဲနှင့် လေးနာရီကြား အရောက်လာမည်ဟု သူမက ပြောထားသည်။ ယခု ငါးနာရီပင်ကျော်နေချေပြီ။ ယခုချိန်ထိ သူမရောက်မလာသေး။ လမ်းတွင်တစ်ခုခုဖြစ်နေလို့လား။ ဒါမှမဟုတ် ။မိမိကို လိမ်ညာထားသည်လား ။ ဝေခွဲ၍မရ။
မိမိသည် ယောက်ျားတစ်ယောက်ဖြစ်နေပါသော်လည်း လိမ်ညာခံလိုက်ရပြီဆိုသည့် အသိကြောင့် တလိမ့်လိမ့်ထွက်လာသော ဒေါသနှင့်အတူ မျက်ရည်များပင် ရစ်ဝဲလာသည်။ စက္ကန့်တွေ တစ်ခုပြီးတစ်ခု ရွေ့လျားကာ မိမိ၏မုန်းတီးခြင်းစိတ်တို့သည်လည်း သူမ၏အပေါ်ကို အလိုအလိုကျရောက်ကုန်သည်။
``ကွာ-----တောက် ´´
Desktop ပေါ်တွင်ရှိသော Icon များသည်ပင် တဖြည်းဖြည်း မှုန်ဝါးလာသောကြောင့် လက်ဖြင့်မစမ်းပဲ မိမိမျက်ရည်ကျနေသည်ဟု ခန့်မှန်းမိသည်။ ထို့နောက် သူမအတွက်ဖြင့် မျက်ရည်ကျစရာမလိုဟု မိမိကိုယ်ကိုယ်မိမိ အားတင်းကာ မျက်ရည်များကို လက်ကိုင်ပုဝါဖြင့်သုတ်ရင်း ဖွင့်ထားသည့် Icon များကို ပိတ်လိုက်သည်။ ဒီနေ့အတွက် သူမကိုစောင့်ရင်းဖြင့် မိမိပင်ပန်းနေချေပြီ။ ပြန်မည်ဟု ဆုံးဖြတ်ကာ G-mail အကောင့်ကို Out မည်အပြုတွင် သူမ အွန်လိုင်းပေါ်တက်လာသည်။ သူမကိုမြင်မြင်ခြင်း မိမိ၏ ဒေါသက မထိန်းချုပ်နိုင်၍ ---
`` ဒီမှာ ၊ မင်းချိန်းတဲ့နေရာကိုမလာဘူး၊ ဒီနေ့ဟာ မင်းနဲ့ငါနဲ့ နောက်ဆုံးနေ့ပဲ ´´
``နွေ ၊ ငါလည်း ခုမလာဖြစ်ဘူးဆိုတာ အသိပေးဖို့လိုင်းပေါ်တက်လာတာ ၊နင်စောင့်နေမှာဆိုးလို့ ´´
``တော်စမ်းပါ။ မင်းဆီက ဘာအကြောင်းပြချက်မှ ငါမလိုချင်ဘူး။ မင်းနဲ့ငါနဲ့ လုံးဝမပတ်သတ်တော့ဘူး ၊ဘိုင့် --မင်းပျော်ရွှင်နေမှာပါ ´´
``နေဦးလေ နွေ၊ နွေဘာဖြစ်နေတာလဲ။ ခု နင်ဘယ်မှာလည်း ´´
``မန္တလေးမှာ ´´
``ဘာာာာာာာာာ၊ ဒါဆို နင် ငါ့ကိုညာတာပေါ့ဟုတ်လား ´´
``ဟားဟားဟားဟား´´
``နွေစုတ်နွေပြတ်၊ ဟွန်း ငါ့မှာတော့ သူ့ကိုတွေ့ချင်လို့ဟိုးးးးးအဝေးကြီးကလာခဲ့ရတာ။ နင်က--´´
``ဟင် ၊နင်-- နင်ရောက်နေတာလား ´´
``တော်ပြီ။ နင့်ကိုမခေါ်တော့ဘူး ´´
``ဟာ----ဟို---အဲ----´´
သူမ၏တစ်ခွန်းတည်းသောစကားက မိမိ၏နှလုံးသားကို လှုပ်ကိုင်ကာ ဒေါသများကို ကြက်ပျောက်ငှက်ပျောက် ပျောက်စေတော့သည်။ ထိုတွင်---
``ဖျက်´´
``ဟာ--သွားပြီ။ စက်ကဘာဖြစ်တာပါလိမ့်´´
တစ်ဆိုင်လုံးကိုဝေ့ကြည့်ပါသော်လည်း မိမိစက်တစ်လုံးတည်းသာ ဘာမှ လုပ်လို့မရ။ သူမပြန်သွားမည်ကို စိုးရိမ်နေမိသည်။ သူမကို အထင်လွဲသွားခဲ့သည်။ ပြန်ပြီးတော့လည်း တောင်းပန်ရဦးမည်။
``ဟလို-- ခဏလောက် စက်ကြည့်ပေးပါဦး။ ဘာဖြစ်မှန်းမသိဘူး´´
ကောင်တာတွင်ထိုင်သောအစ်မကြီးက စက်ကိုပြင်စင်ပြီး ပြန်သွားသည်။ ခဏကြာအောင်စောင့်ဦးဟုပြောရာ ခဏကြာလည်းမရ။ အတော်ကြာအောင်စောင့်သည်လည်းမရ။ Password ရိုက်ရန်လိုအပ်သောကြောင့် ကောင်တာသို့သွား၍ Password ကိုရိုက်ခိုင်းရသည်။ အပြန်တွင်ကားးး ဆိုင်ထဲတွင် သူမများရှိနေမလားဟု ဝေ့၀ဲကြည့်ရာတွင် သူမကို ကျွန်ုပ်တွေ့လိုက်ရသည်။ ထို့ကြောင့် ကျေနပ်စိတ်လည်းဖြစ်နေမိသည်။ စက်ပြန်ကောင်းသွားသောအခါ မိမိသိသွားမည်ဆိုး၍ G-talk ကို မသုံးသေးပဲ လျှောက်ကလိနေလိုက်သည်။ ကံကြမ္မာကို မည်သို့ယုံရမည်မသိ။ ကျွန်တော်တို့ချစ်သူနှစ်ဦးသည် တစ်ဆိုင်တည်းချိန်းရာ တစ်နေရာတည်း နီးနီးလေးကပ်ထိုင်နေကြသည်။ ဒါကို တစ်ယောက်နဲ့တစ်ယောက် မသိကြသေး ။ သို့သော် သူမကိုကျွန်တော်က တွေ့ထားသည်။ယင်းကြောင့်--
`` ဟေ့--နင့်ကိုတွေ့နေရတယ်´´
`` နင့်ကိုမခေါ်ဘူး´´
``ဟီးးးးးးးး နင်က အရမ်းလှတယ် ။ဒီနားလာပါလား။ နှစ်ယောက်တစ်စက်သုံးမယ်လေ။နော်--။
``မလာဘူး´´
``လာနော်။ ဟဲ--မလာရင်လူတွေကြားထဲ လက်စွဲပြီးလာခေါ်မှာနော် ´´
``ခဏနေရင်ပြန်မယ် ´´
``နေဦးလေ ၊အစောကြီးရှိသေးတယ်´´
``လာပါဘူး၊ ´´
``ပြီးတာပဲ ၊ မလာရင် နေ ´´
ကျွန်ုပ်မည်ကဲ့သို့ချော့ချော့ သူမကား မပျော့ချေ။ မိမိ၏ ချစ်သူဘ၀အတွေ့အကြုံမရှိသည်လည်း ပါမည်ထင်သည်။ မည်ကဲ့သို့လုပ်ရမည်နည်း။ သူမဘေးတွင် ကျွန်ုပ်ရှိနေသည်ကို သိစေလို၍ စာရွက်ပေါ်တွင် စာအချို့ရေးကာ သူမ၏ကီးဘုတ်ပေါ်သို့ တင်ပေးလိုက်သည်။
``နွေ´´
``ပြောလေ´´
သူမက စ၍ခေါ်သောကြောင့် မထူး၍မရ။
``ပြန်ရင်လိုက်ပို့ပါလားဟင်´´
``အာာာာာာာာာပို့ပါဘူး။ ကိုယ့်ဘာသာပြန်။ လိုက်ပို့စေချင်ရင် ဒီနားလာခဲ့ ´´
``နွေ မဆိုးနဲ့ကွာ။ လာဘူး ´´
``နေပေါ့ ´´
``နွေ၊ ကမ္ဘာအေးကိုလိုက်ခဲ့ပါလား။ လက်ဆောင်လည်းပေးချင်လို့။ မုန့်ဝယ်ကျွေးမယ်လေ ´´
``အာာာ ယူပါဘူး ။ ကိုယ့်ကောင်မလေးဆီက လက်ဆောင်ယူတဲ့အထဲ ကျွန်တော်မပါဘူး ´´
``တန်ဖိုးမရှိပါဘူး။ မုန့်ဝယ်ကျွေးမယ်နော် ။လိုက်ခဲ့နော် ´´
``ခုမှ ရန်ကုန်ရောက်ဖူးတာ ၊ မသွားတတ်ဘူး ´´
``အပြန်လိုက်ပို့မယ်လေ ။နော် ´´
``ဘယ်လိုသွားမလဲ ။ ဒီလိုတူတူယှဉ်သွားရင် ကျွန်တော်က ရုပ်ဆိုးတော့မြင်တဲ့သူတွေက နင့်ကိုကဲ့ရဲ့လိမ့်မယ်။ နင်ကရှေ့ကသွားနှင့် ငါနောက်က လိုက်ခဲ့မယ်´´
``အင်း ၊ ဒါဆို Out လိုက်မယ်နော်´´
``အင်း´´
မိမိသည် ချစ်သူရည်းစားမထား၊ ချိန်းလည်း မချိန်းဖူးပေ။ ယခုကဲ့သို့ တစ်နေရာတွင်ချိန်းပြီး စကားပြောရမည် ဆိုသောအခါ ဘာကြောင့်ရယ်မသိ တစ်ကိုယ်လုံးတုန်ခိုက်နေသည်။ မိမိအရင် ကောင်တာသွားပြီး ငွေရှင်းကာ ကားမှတ်တိုင်သို့သွားနှင့်သည်။ သူမက နောက်က လိုက်လာသည်။ ထို့နောက်---ကမ္ဘာအေး သွားသည့် လိုင်းကားပေါ်တွင် နှစ်ယောက်အတူလိုက် လိုက်လာခဲ့သည်။ ကားပေါ်အရောက်တွင် ကျွန်ုပ်အတွက် သူမက ကားခပေးလိုက်သည်။ သူမနှင့် အပြင်မှာ မတွေ့ဖူးသောကြောင့် ကျွန်ုပ်ရှိန်းတိန်းတိန်းဖြစ်ကာ တုန်ခိုက်နေသည်။ဤသည်ကို ဘေးမှ ပါလာသည့် လူများက ၀ိုင်းကြည့်ကာ ဘယ်လိုလဲ--ဆိုသည့်သဘောဖြင့် ကျွန်ုပ်တို့နှစ်ယောက်ကို ကြည့်နေကြသည်။ မိမိကား ကြောက်ဒူးတုန်၍ မရပ်သေး.။
ကမ္ဘာအေးကုန်းပေါ်သို့အရောက်တွင် သူမက ရှေ့မှနေပြီး လမ်းကူးသည်။ ကျွန်ုပ်ကား ရန်ကုန်မြို့ကို မရောက်ဖူး၍မည်ကဲ့သို့လုပ်ရမည်မသိ။ ဘုရားကုန်းပေါ်အေ၇ာက်တွင် ဘုရားကိုဦးချပြီး သူမနှင့်အတူ ဘုရားရင်ပြင်ပေါ်တွင် လမ်းလျှောက်ကြသည်။ ထို့နောက် ဘုရားအနောက်ဘက် မီးတိုင်ဘေးတွင် ထိုင်ကာ စကားများပြောခဲ့သည်။ အချိန်နည်းနည်းလင့်သောအခါ ပြန်ရန်အတွက် ထိုနေရာမှ ထလာခဲ့သည်။ ထိုနေရာလေးမှာပင် သူမက ချစ်စရာကောင်းသည့်ကြောင်ရုပ်လေးကို memory USB တွင် ချိတ်ရန်အမှတ်တရလက်ဆောင်ပေးသည်။
``နွေ ၊ အအေးဆိုင်ထိုင်ရအောင်´´
``အင်း´´
သူမကဦးဆောင်၍ ရှေ့ဆုံးမှ ၀င်ထိုင်သည်။ ထို့နောက်ကျွန်ုပ်ကထိုင်သည်။
``အစ်မ ဘာသုံးဆောင်မလဲ´´
``Nes Cafe ´´
``အစ်ကိုကော---´´
``ဘာတွေရလဲ ´´
``ကြံရည်၊ စူပါကလင်၊ ပါဝါ၊ -----´´
``ရပြီရပြီ ၊ကြံရည်ပဲယူလာခဲ့ ´´
``အယ်၊ ကြံရည်မရဘူး ´´
``အင် ၊ ရတယ်ဆို။ ထားပါ။ ပါဝါပဲယူလာခဲ့ ´´
ထိုဆိုင်လေးထဲတွင် သူမနှင့်မိမိ စကားတွေအများကြီး ပြောဖြစ်သည်။ အွန်လိုင်းပေါ်တွင် ချစ်တယ်--လို့ပြောခဲ့ကြပေမယ့် အပြင်နှစ်ယောက်တွေ့ချိန်တွင် မည်သူမျှ ချစ်တယ်ဟု မပြော။ အနည်းငယ်ကြာသောအခါ
``ပြန်ရအောင် ၊ နောက်ကျရင် အဖေက ဆူလိမ့်မယ်´´
``စောပါသေးတယ် ၊နော် ´´
``မရဘူး ၊ပြန်ရအောင်နော် ၊ နော်လို့ ´´
``အင်းပါ၊ ဟေ့ ရှင်းမယ် ´´
ကျွန်ုပ်အော်ခေါ်လိုက်သောကြောင့် စားပွဲထိုးမလေးပြေးလာသည်။
``ဘယ်လောက်ကျလဲ ´´
``ကိုးရာပါအစ်ကို ´´
``နေနေ ငါပေးလိုက်မယ် ´´
``အာာာာာာာာာာ ကျွန်တော်ပေးရမှာပါ ´´
``ရပါတယ် ၊ ငါပဲပေးလိုက်မယ် ´´
ဒီတစ်ခါလည်း သူမကပဲ ဦးအောင်ပေးလိုက်သည်။ ဒီနေ့ညနေချိန်းတွေ့ရာတွင် ( ဟိဟိ)သူမကပဲ ရှေ့ဆောင်ပြီး လုပ်သွားသည်။ သူမသည် ဟိုးးးးအဝေးကြိးက မိမိကိုတွေ့ရန်ရောက်လာသည်။ ကားခလည်းသူမပဲပေးခဲ့သည်။ လက်ဆောင်လည်းပေးသည်။ ဆိုင်ထိုင်တော့လည်း သူမကရှင်းသည်။ ပြီးနောက်--ကျွန်ုပ်မပြန်တတ်မည်ဆိုး၍ လိုင်းကားပေါ်ကို သူမက တင်ပေးခဲ့သည်။ (တက်စီခတော့မတတ်နိုင်ဘူးဗျ) ကျွန်ုပ်ကားပေါ်တက်ပြီး လက်ပြလိုက်သောအခါ သူမက မျက်ရည်အ၀ဲသားနှင့် လက်ပြသည်။ တကယ်ဆိုလျှင် မိမိက ယောက်ျားလေးဖြစ်၍ မိမိက တာဝန်ခံသင့်သည်။ မိမိက နစ်နာခံသင့်သည်။ ကားပေါ်ရောက်မှ မိမိမှားမှန်းသိရသည်။တန်ဖိုးကြီးမတတ်နိုင်ရင်တောင် သူမကို လက်ဆောင်ပစ္စည်းပြန်ပေးသင့်သည်။ ဒါမှမဟုတ် အရမ်းချစ်တယ်ဟု ပြောသင့်သည်။ ယခုမှ မိမိနောင်တရနေမိသည်။
ယင်သို့မှားခြင်းကလည်း တစ်ခြားကြောင့်မဟုတ်ပေ။ မိမိသည် တစ်ခါမှ ချစ်သူရည်းစားမထားဖူးခဲ့။ တစ်ခါမှ မိန်းကလေးတစ်ယောက်နှင့် မချိန်းဆိုဖူးခဲ့။ တစ်ခါမှ မိန်းကလေးတစ်ယောက်က ပေးသည့် လက်ဆောင်ကို မရခဲ့ဖူးခဲ့။ ယခု သူမနှင့် တွေ့ဆုံပြုလုပ်သမျှအရာအားလုံးသည် မိမိအတွက် ပထမဦးဆုံးအရာတွေချည်းဖြစ်သည်။ ကားပေါ်ရောက်မှ သူမကို အရမ်းချစ်တယ်ဟု အော်ပြောချင်မိသည်။ နောက်တစ်ကြိမ်လိုင်းပေါ်တွေ့လျှင် သူမတစ်ယောက်တည်းချစ်တယ်ဆိုတာကိုပြောပြရတော့မည်။ မှန်သည်။ သူမကိုချစ်သည်။ သူမကိုပဲအရမ်းချစ်သည်။
ထိုတွင် ကားဘရိတ်စောင့်လိုက်သောကြောင့် ကျွန်ုပ်သတိလည်လာသည်။မိမိသည် ကားပေါ်မှာပါလား။
``အစ်ကို ၊ ပင်းယမှတ်တိုင်ရောက်ပြီလား ´´
``အင်၊ ကျော်သွားပြီ လေ ကြားထဲ နှစ်မှတ်တိုင်တောင်ကျော်နေပြီ´´
``ဟိုက် ´´
အထက်ပါအကြောင်းအရာများကြောင့် ကျွန်ုပ်သည် ထိုနေ့က နှလုံးသားထဲစီးဆင်းသွားသော ညနေခင်းကို လုံးဝမေ့နိုင်မည်မဟုတ်ချေးးးးးးးးးးးးး။။။။
လေးစားစွာဖြင့်
မိန်နွေ
↧
♥♥♪♪♫နှလုံးသားထဲစီးဆင်းသွားသော ညနေခင်း♫♪♪♥♥
↧