ညီလေး ညီမလေးတို့ရေ ၊ ယနေ့တင်ပြမှာကတော့ ၊ တချိန်မှာ အက်မင်ရာထူး ခန့်အပ်ခြင်းခံရတဲ့
အခါမှာ ၊ စာဖတ်သူတို့ အနေနဲ့ ၊ အက်မင် လုပ်ပိုင်ခွင့်လေးတွေကို ၊ အကို သိထားသလောက်
ရှင်းပြပေးပါ့မယ် ။
(အက်မင် ရွေးချယ်ခံရခြင်း)
အက်မင်ရာထူး ပေးအပ်ခြင်းခံရတဲ့သူဟာ ၊ ကံကောင်းတယ်ပဲ ပြောရမလား ၊ ကံဆိုးတယ်လို့
ပြောရမလားပဲ. . . . ဟိ ဟိ ၊ ဆိုဒ်ပိုင်ရှင်တွေနဲ့ အက်မင်အကြီးအကဲတွေဟာ ၊ ကိုယ်ပိုင်စက်ဖြင့်
အချိန်အတော်ပေးနိုင်တဲ့သူ ၊ ကိုယ့်ကျင့်တရားကောင်းပြီး အများအကျိုးအတွက် အနစ်နာခံတတ်
သူတွေကိုသာ သတိထားလေ့လာပြီး ရွေးချယ်တတ်ကြပါတယ် ။ ရိုးသားကြိုးစားပြီး ကျွမ်းကျင်တဲ့
နည်းပညာအလိုက် သင့်တော်တဲ့ နေရာလေးတွေကို တာဝန်ပေးအပ်တတ်ကြပါတယ် ။
(အက်မင်တစ်ယောက် ဖြစ်လာပြီ ဆိုလျှင်)
အက်မင်တစ်ယောက် ဖြစ်လာပြီဆိုရင်တော့ ၊ မျက်နှာမလွှဲဘဲနဲ့ ဥပေက္ခာတရားကို ကျင့်ကြံနိုင်
ရပါမယ် ။ မည်မျှပင် ဘာသာစွဲ လူမျိုးစွဲ သူငယ်ချင်းအစွဲ ရှိတဲ့လူတွေဖြစ်ပါစေ မည်သို့ပင် မိုက်
ရိုင်းတဲ့ လူ ဖြစ်နေပါစေ ၊ ကိုယ့်ရဲ့ စွဲယူထားတဲ့ အတ္တကိုဘေးချိတ်ပြီး သူလည်း လူပါလားဟု ၊
အနည်းဆုံးအကောင်းလေး တွေးပေးနိုင်ရပါမယ် ။ သူများ တံတွေးခွပ်ထဲမှာ ပက်လက်အမျော
ခံနိုင်ရပါမယ် ။ အသင်းဝင်တွေကို အချိန်ပေးနေရတဲ့အတွက် ၊ အလုပ်ပျက်မယ် အိပ်ရေးပျက်ခံ
နိုင်ရမယ် ၊ မိဘသော် ၎င်း ဆရာသမားသော်၎င်း ၊ အလုပ်ရှင် သူဌေးသော်၎င်း ၊ ဆဲဆိုခြင်းကို
လည်း ခံနိုင်ရပါမယ် ။း)း)း)
(အက်မင်တစ်ယောက်ဖြစ်လာလျှင်ရှောင်ကြည်ရန်)
အက်မင်တွေမှာ ၊ ဘာသာစွဲ လူမျိုးစွဲ သူငယ်ချင်းအစွဲ မထားရှိရပါဘူး ၊ဖေါ်ပြသင့်တာကို ဘာသာ
စွဲ လူမျိုးစွဲ သူငယ်ချင်းအစွဲ မထားရှိဘဲ မှန်မှန်ကန်ကန် ဖေါ်ပြပေးနိုင်ရမယ် ။ အသင်းဝင်လာသူ
တွေရဲ့ ပါစ်ဝေါစ့်တွေကို မမြင်ရပေမယ့် ၊ မြင်နေရတဲ့ @gmail.com တွေကို မလွဲသုံးစား ကူးယူ
ပြီး ၊ တခြားသူကို ဖြန့်ဝေခြင်းကို အဓိကထားပြီးရှောင်ကြည်နိုင်ရမယ် ။
ကဲ . . . . ဒါဆိုရင် တချိန်ချိန်မှာ စာဖတ်သူတို့ ကံဆိုးမိုးမှောင် အက်မင်ရာထူးပေးခြင်းခံရတဲ့အခါ
ကိုယ်ကလည်း အက်မင်တခါမှ မလုပ်ဖူးဘူး ၊ ဘယ်ကနေ ဘယ်လို လုပ်ရမယ်ဆိုတာရယ် ။ အက်မင်
ဖြစ်မှ မိမိမှာ ဘာတွေ ဆုံးရှုံးသွားတယ်ဆိုတာကို ပုံလေးတွေနဲ့ သင်ပေးရင်း ရှင်းပြပါတော့မယ် . . . . ။
အက်မင်ရာထူးရတာနှင့် မိမိစာမျက်နှာရဲ့ အပေါ်ထောင့်လေးမှာ အခုလို ပေးလာပါတယ်
အဲဒီ စတင်းပုံလေးကို ကလစ်လိုက်ရင် အခုလိုမိမိလုပ်ဆောင်နိုင်တဲ့ ခေါင်းစည်းတွေ ပေါ်လာမှာပါ
အဲဒီခေါင်းစည်းတွေကို ကလစ်ပြီး ကလိချင်တိုင်း ကလိလို့ရတယ် မထင်ပါနှင့် ၊ နည်းပညာကျွမ်း
ကျင်တဲ့ အက်မင်ကြီးတွေက ပိတ်သင့်တာကိုပိတ်ထားပါတယ် ။ မပိတ်ဘဲ ထားတဲ့နေရာလေးတွေ
တွေ့တာနဲ့ နားမလည်ပဲ သွားပြီးမကလိပါနှင့် ၊ သင်က နားမလည်ဘဲ ကလိလိုက်သောအားဖြင့်…
ဆိုဒ်ထဲမှ တခုခု ချို့ယွင်းသွားတတ်ပါတယ် ၊ ဆိုဒ်ချို့ယွင်းသွားရင် အသင်းဝင်တို့ရဲ့ လုပ်ဆောင်
ရန် နေရာလေးတွေလည်း ပျက်ဆီးသွားတတ်တယ်ဆိုတာကို ၊ နားလည်ထားရပါမယ်. . . . . . ။
အွန်လိုင်းပေါ်မှာ အတန်းပညာ အသင့်အတင့် မတတ်သူဆိုတာ မရှိပါဘူး ။ အနည်းဆုံး ၄ တန်း
ရှိကြပါတယ် ။ ကျွန်တော် အနိမ့်ဆုံးပါ ၊ ရင်မောင်က ၂ တန်းအောင် ကျောင်းထွက်ပေါ့ ။ ဒီလိုပြော
တာကို မယုံတဲ့ စမိုင်းလေးက ကျွန်တော့်ကိုရာထူးပေးပါလေရော ၊ အပေါ်ပုံက အင်္ဂလိပ်စာတွေကို
မြင်တော့ ၊ ရင်မောင် ဘာလုပ်ရမှန်းမသိတော့ပါဘူး ၊ သူသင်ပေးလည်း နွားကို ပလာတာကျွေးသ
လို စားရကောင်းမှန်း သိဘူးပေါ့ ။ ကျွန်တော်က ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး စဉ်းစားပြီးမှ
နားလည် လွယ်ကူတဲ့သူပါ ၊ သင်ပြပေးလည်း ချစ်သူနာမည်ကလွဲလို့ ဘာမှ မှတ်မိတဲ့လူမဟုတ်ပါ
ဘူး . . .း)း)း) ဒီတော့ ကျွန်တော်လို အင်္ဂလိပ်စာမတတ်ဘဲ အွန်လိုင်းအသုံးပြုသူတွေအတွက်
http://www.myordbok.com/ ဒီနေရာလေးမှာ ဘာသာပြန်ပြီး ၊ သူဖေါ်ပြတဲ့ အကြောင်း အရာ
တွေကို ၊ ဆက်စပ်ပြီးတွေးကြည့်ပါ ၊ လုပ်ဆောင်ချက် ခေါင်းစဉ်လေးတွေကို သဘောပေါက်လာ
မှာပါ ။ ဒါတွေထားလိုက်ပါတော့နော် . . . . . . တတ်တဲ့သူတွေ လုပ်ပါလိမ့်မယ် ။ တတ်တဲ့သူတွေ
ဆိုတာကလည်း အောက်မှာ ဆက်လက်ဖေါ်ပြထားတဲ့ ၊ တာဝန်လေးတွေကနေ တက်လှမ်းသွား
တာပါ ။ ဒီတော့ ကိုယ်တကယ်လုပ်ရမယ့် အလုပ်တွေကို သင်ပြပေးပါမယ် ။
အက်မင်စာမျက်နှာမှာ အသင်းဝင်တွေ မမြင်ရတဲ့ ၊ လုပ်ဆောင်ချက်လေးတွေ မြင်တွေ့ရမှာပါ
အဲဒီနေရလေးတွေကနေ အဓိက တာဝန်တွေကို ထမ်းဆောင်ရမှာပါ ။ အသင်းဝင်တွေ အသစ်
လာတင်ထားတဲ့ ၊ ပိုစ့်တွေ ၊ ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေ အစုံပေါ့ဗျာ” စစ်ဆေးရမယ် လက်ခံပေးရ
တော့မယ်နော် ၊ မိမိတစ်ယောက်ထဲလား “ မဟုတ်ပါဘူး ” အက်မင် ၁၀ ယောက်လောက် ၀ိုင်း
ဝန်း လုပ်နေတာတောင် နေ့ရှိသ၍ မပြီးနိုင်ဘဲ ၊ ဖင်မှာ ဂျွတ်တက်အောင် လုပ်နေရတဲ့ အလုပ်ကြီး
ဖြစ်လို့ ၊ အက်မင်ဖြစ်ရတာ ကံဆိုးတယ်လို့ ရင်မောင်ပြောတာပါ ။ ကဲ . . . စလိုက်ရအောင် ဒါက
တော့ မိမိစာမျက်နှာမှာ အက်မင်အတွက် လာပိုစ့်ထားတဲ့ မုန့်ဟင်းခါးပါ အရသာရှိရှိ စားပေတော့
8 Blog posts ဆိုတာကတော့ အသင်းဝင်တင်လာတဲ့ ၊ ဖေါ်ပြခွင့်မပြုရသေးတဲ့ နေရာလေးပါ
ဒါကို လက်ခံဖို့အတွက် စစ်ဆေးရတော့မယ်လေ ၊ ဒီတော့ 8 Blog posts ဆိုတာကို ကလစ်
လိုက်တာနဲ့ ၊ ဘယ်သူမှ မဖတ်ရသေးတဲ့ အဲဒီပိုစ့်အသစ်ကြီးထဲမှာ ဘာတွေရေးထားသလဲဆို
တာကို အက်မင်တွေ ဖတ်ရပါတော့မယ် ၊ ဒီပိုစ်သစ်တွေကို လိုက်ဖတ်နေရတဲ့ အချိန်လေးမှာ
ကိုယ့်ရဲ့ စာရေးချိန်လည်းဆုံးရှုံးတယ် ၊ ချစ်သူနဲ့လည်း ကြူချိန်လည်း ဆုံးရှုံးပါလေရော . . .
ကျုပ်တော့လေ အက်မင်စလုပ်တဲ့ တညထဲမှာပဲ ဖင်တွေပူလို့ ကုပ်ရ မဝေခွဲတတ်လို့ ခေါင်း
ကုပ်ရနဲ့ ၊ အတော့ကို စိတ်ညစ်လာတယ် ၊ ဒီထက်ဆိုးတာက ကဗျာတွေနဲ့ နည်းပညာပိုင်း
ဆိုင်ရာပိုစ့်တွေဘဲ ၊ ဆိုဒ်ရဲ့ အပေါ်ဘာတန်းမှာ “ တင်ရန် ” ဆိုတဲ့နေရာကို ထောက်လိုက်တာ
နဲ့ သူ့ကဏ္ဍနဲ့သူ တင်ပြပေးပါလို့ ဖေါ်ပြထားပေမယ့် ကဗျာက ကဗျာကဏ္ဍမှာ မတင်ဘူး နည်း
ပညာပိုစ့်တွေလည်း ဒီလိုပဲ ၊ သူ့ကဏ္ဍနဲ့သူ မတင်ရင် ပိုစ့်ချခွင့် မပေးရဘူးဆိုတဲ့ အက်မင်တွေ
အတွက် စည်းကမ်းချက်ကလည်းရှိပြန် ၊ ပိုစ့်တင်သူကို ကဏ္ဍအလိုက်တင်ရန် စာပို့ပြီး အကြောင်း
ကြားပြန်တော့ ၊ “ ဟေ့ကောင်ရင်မောင် ” မင်းက ဖင်ခေါင်း ကျယ်ပါလားကွ ” ပြန်ပြောပြန် . . . .
ဟူးးးးးးး လုပ်ချင်စမ်းဟ” အက်မင် ” ။ ထွက်ပြေးချင် စိတ်ပေါက်လာပါပြီ . . . ဟီးးးးးးး
ပိုစ့်အသစ်တွေကို အရင်ဆုံးဖတ်ရသူကတော့ အက်မင်တွေပါ ၊ ကိုယ်က အရင်ဖတ်ရပေမယ့်
ကော်မန့်လေး အရင်ဆုံး ပေးရမယ် မထင်နဲ့နော် ၊ အတည်မပြုရသေးတဲ့အတွက် အက်မင်လည်း
ကော်မန့် ပေးလို့ မရပါဘူး ။ ဒီတော့ သူငယ်ချင်း အချင်းချင်းတွေရဲ့ ပိုစ့်ဆိုရင် ကော်မန့်မပေးရင်
လည်း ၊ ပြစ်ထားတယ်လို့ထင်မယ်လေ ၊ ဒီတော့ ပိုစ့်ကိုခွင့်ပြုပြီးမှ ဘလောဂ်ပိုစ့် စာမျက်နှာကြီးမှာ
နောက်တခါ ကော်မန့် သွားပေးရပြန်ပါတယ် . . . . ( မသေသေးရလားဗျာ အီးးး )တချို့ပိုစ့်တွေ
မှာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုထားတာတွေ တွေ့ရတဲ့အခါမျိုး ၊ ချီတုန်ချတုန် ဖြစ်ရပါတယ် ။ ဒီတော့
ဟိုကိုပြေးပြောရ ဒီကိုအကြောင်းကြားရနဲ့ ၊ ပိုစ့်တင်သူရဲ့ အဆဲကိုလည်း အက်မင်ဖြစ်လာမည့်သူ
တွေ အဆဲခံနိုင်ရမယ်နော် ဟီးးးးး ။ ကဲ . . . ပိုစ့်ကို စစ်ဆေးဖို့ ခေါင်းစဉ်ကိုကလစ်လိုက်ရင်
အောက်က ပုံလေးနေရာကိုရောက်လာမှာပါ ၊ လက်ခံသင့်ရင်တော့လက်ခံပေးလိုက်နော် လက်မခံ
သင့်ရင်တော့ ဖျက်ပြစ်ပြီး အဆဲခံလိုက်ပါ . . . . ဘယ်လိုပဲ ခံခံ ကိုယ်က ခံရမယ့်ရာထူးမျိုးရထား
တာကိုးဗျ . . . . . .ဟီးးးးးး ။
ပိုစ့်တွေစစ်ဆေး လက်ခံပြီးပြီဆိုရင် ၊ photos တွေကို လက်ခံရပါတော့မယ် ပိုစ့်တွေကိုလက်ပြီးပြီ
ဆိုပြီး အေးအေးဆေးဆေးမလုပ်နေပါနှင့် မြန်မြန်လေးသာ ဓါတ်ပုံတွေကိုစစ်ဆေးလိုက်ပါ ။ ပုံတွေ
စစ်ဆေးပြီးလို့ မိမိစာမျက်နှာကို ပြန်လာလိုက် ၊ Blog postsအသစ် မုန့်ဟင်းခါးတွေ အမုန်းထပ်ဆွဲ
ဖို့ ပါဆယ်ရောက်နေလိမ့်မယ် အက်မင်ဖြစ်လာမယ်သူတို့ရေ . . .ခိ ခိ ခိ ။ ဒါက တစ်ယောက်ထဲ
လက်ခံပေးနေတာမဟုတ်ဘူးနော် ၊ အက်မင် ၁၀ ယောက်လောက် လုပြီးလုပ်နေတာတောင် ပါ
ဆယ်တွေက ရောက်လာတာ ၊ ကဲ . . . ပုံတွေကို စစ်လိုက်ရအောင် ၊ ပုံတွေကို စစ်ဆေးတာက
တော့ ၊ ပိုစ့်နဲ့ မန်ဘာ လက်ခံစစ်ဆေးတာလောက် အချိန်မကုန် လူ မပင်ပန်းပါဘူး ။ ဒါပေမယ့်
ညစ်ညမ်းပုံတွေကို အက်မင်တွေ စစ်ဆေးပါလျှက်နဲ့ ဘာကြောင့်ခွင့်ပြုလိုက်သလဲ ဆိုတဲ့ ၊ အား
နည်းချက်လေးကို အောက်က ပုံလေးမှာ လေ့လာကြမယ် အက်မင်လောင်းတို့ရေ ။ ပုံတွေကို စစ်
ဆေးရတာ လွယ်ပါတယ် လက်ခံရတာလည်း လွယ်ပါတယ် ၊ ဘာကြောင့်လည်းဆိုတော့ သူက
ကြည့်ယုံပဲ ကြည့်လိုက်ရတာကိုဗျ ၊ ဒီအခါမှာ ကိုယ်က အရင်စစ်ဆေးပါလျှက်နဲ့ ညစ်ညမ်းပုံတွေ
ဘာကြောင့် ပါသွားသလဲဆိုတော့ အပေါ်ဆုံးက Approver All ဆိုတာကို ကလစ်မိလို့ပါပဲ . . . .
ဒီတော့ အက်မင်လောင်းတွေ သိထားရမှာက ၊ လက်ရှိ ကိုယ်မြင်တွေ့နေရသလောက် ပုံလှလှ
လေးတွေ ထင်ပြီး Approver All ကို ကလစ်လိုက်တာနဲ့ မပေါ်လာသေးဘဲ အောက်မှာလျှိုနေ
တဲ့ “ ဖင်တုန်းလုံး ” ပုံလေးတွေ အကုန်လုံးကိုလည်း လက်ခံလိုက်သလို ဖြစ်သွားမှာပါ . . . . .။
ဒါကြောင့် တစ်ပုံချင်းဆီကိုလက်ခံလိုက်တာ ၊ အသင်းဝင်တွေရဲ့ အပြစ်တင်ခြင်းခံရတဲ့ ၀ဋ်ကနေ
လွတ်ကင်းမှာပါ ။ဒါကြောင့် တစ်ပုံချင်းဆီကိုလက်ခံနိုင်သလို လက်ခံသင့်တဲ့ ပုံလေးတွေကိုလည်း
အမှတ်လေးတွေခြစ်ပြီး ၅ ပုံကျ ၁၀ ပုံကျ လက်ခံနိုင်ပါတယ် ။ ဒီလိုလက်ခံပေးမှ လျှိုနေတဲ့ ညစ်
ညမ်းပုံလေးတွေ တတ်လာမှာပါ ၊ ဒီပုံတွေကို အရင်ကြည့်ရတဲ့သူကတော့ တင်ပေးသူရယ် စစ်
ဆေးသူရယ် အရင်ဆုံး မြင်တွေ့ရမှာပါ ။ ဒီလိုမြင်ရင်တော့ ကျုပ်ဖြင့် “ ရှက်လိုက်တာဗျာ ” မျက်
လုံးကို လက်ဝါးလေးနဲ့ အုပ်ထားရတယ် . . .း)း) ။ ပြီးမှ . . . အော်. . ငါရှက်နေလို့ မဖြစ်သေးပါ
ဘူးလေ .. . . ရဲရဲကြည့်ပြီးဖျက်ပြစ်မှ ငါတို့လည်း အဆဲခံရတဲ့ တံတွေးခွပ်ကနေ ပက်လက် မ
မျောမှာဆိုပြီး ၊ ရှက်ရှက်နဲ့ ပြူးကြည့်ပြီး ဖျက်ပြစ်ပေးရမယ် အက်မင်လောင်းလေးတို့ရေ . . . .
ဒီထက်ဆိုးသလို အချိန်ပိုကုန်တဲ့ ၊ New Members လက်ခံစစ်ဆေးခြင်းကို သင်ပြပေးပါ့မယ် ။
လေ့လာသူလည်း စိတ်ရှည်ရှည်ဖတ်ကြပါ ။ ရေးသူလည်း စိတ်တိုတိုနဲ့ ရှင်းပြပါ့မယ် ၊ ဟီးးးးး
အက်မင်ရဲ့ မိမိစာမျက်နှာဘေးလေးမှာ ၊ New Members ဆိုတာလေး မြင်ရမှာပါ အပေါ်ဆုံး ပုံမှာ
လိုပေါ့ ။ လူဦးရည်ကြည့်လိုက် ၇ ယောက်လောက်ဆိုရင် သေပီလို့သာ မှတ်ပေတော့ ၊ လက်ခံ
ယုံလောက်ဆိုရင်တော့ ဟုတ်တာပေါ့နော် ဟိုစစ်ဒီစစ် ၊ အိုအေ ”စစ် ဆိုတာမျိုးပေါ့ ၊ New Mem
Bers ၊ လက်ခံလိုက်ရအောင်နော် အက်မင်လောင်းတို့ရေ ၊အက်မင်ရဲ့ မိမိစာမျက်နှာဘေးလေးမှာ
New Members ဆိုတာလေးကို ကလစ်လိုက်တာနဲ့ အောက်ပုံထဲက နေရာလေးကို ရောက်မှာပါ
တွေ များလွန်းလို့ အမှတ်ခြစ်လေးတွေဖြည့်ဆွပ်ပြီး မျှားပြထားတဲ့နေရာလေးကို ကလစ်လိုက်ရင်
Accept Members ship ဆိုတာကိုရွေးလိုက်တာနဲ့ အကုန်လုံးကို လက်ခံလိုက်လို့ ရပါတယ်
ဒီလိုလက်ခံလိုက်တာ အမှားတွေ ရှိတတ်ပါတယ် ဒါကြောင့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဖြည့်ဆွပ်
ချက်ကို လေ့လာပြီးမှ လက်ခံသင့်ပါ ဒါကြောင့် view page ကိုသွားယောက်ပြီး အသင်းဝင်အသစ်
တွေကို လက်ခံသင့်ပါတယ် ၊ တချို့က ဖြည့်ဆွပ်ချက်တွေမှာ ရိုင်းဆိုင်းစွာ ဖေါ်ပြတတ်ကြပါတယ်
အက်မင်တစ်ယောက်ရဲ့ ကိုယ့်ကျင့်တရားဟာ ဒီနေရာမှာ အထူးသတိထားပြီး သစ္စာရှိရပါမယ် ။
အခုမြင်နေရတဲ့ အသင်းသားသစ်ရဲ့ ဂျီမေးအကောင့်ဟာ ၊ ကိုယ်ရေးကိုယ်တာမှာ မဖေါ်ပြထားပေမယ့်
အက်မင်အနေနဲ့ကတော့ မြင်နေရပါတယ် ကိုယ်လိုချင်ရင် ပိုင်ရှင်ဆီကနေ ရိုးသားစွာတောင်းခံရပါမယ် ၊
သူပေးမှ ယူလိုက်တာ ကိုယ်ကျင့်တရားကောင်းတဲ့ အက်မင်တစ်ယောက် ဖြစ်နိုင်ပါတယ် ။ နောက်တခုက
အသင်းဝင်တွေအနေနဲ့ ငါ့ပါတ်ဝေါစ့်ကိုတော့ အက်မင်တွေ သိနိုင်တယ်မထင်ပါနဲ့ ၊ ဒီလိုသာ သိခွင့်
ရှိနေရင်တော့ ဘာပြောကောင်းမလဲနော် ရင်မောင့် ကောင်မလေးအကောင့်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ ၊
ဘုရားမှာ ဆုတောင်းနေရတဲ့သူပေါ့ ခိ ခိ ခိ ။ ဒါကြောင့် အခုလို ပါတ်ဝေါစ့်တွေကိုသိခွင့်မရှိတဲ့ ဘ၀ဖြစ်နေ
ပြန်တော့လည်း ။ အက်မင်ဆိုတာ အဆဲခံ အမုန်းခံသက်သက်ပါလားလို့ တွေးထားတာ ပိုမှန်နေပြန်ရော
အက်မင်လောင်းတို့ရေ . .. . . . . . ။ ဒါကတော့ view page ကို ကလစ်လိုက်ရင် ခွင့်မပြုရ မန်ဘာအသစ်ရဲ့
စာမျက်နှာပါ ……. ။
ကဲ . . . . . ၀င်လာသူကို ဒီအတိုင်း လက်ခံယုံနဲ့ ပြီးပီလား ¿¿¿???? ။ မပြီးသေးဘူးဗျး(း(း(
သူတို့ကို မြှောက်ပေးရပါဦးမယ် ဟိဟိ ။ အဆဲမခံရအောင် ကိုယ့်ကိုကြည့်လို့ရအောင် ဆုတွေ
တောင်းပေးရပါဦးမယ် ။ ရင်မောင်ကတော့ အဆဲမခံရအောင်ပေါ့နော် ………………။
ကဲ လက်ခံပြီးတဲ့သူရဲ့ စာမျက်နှာမှာ မိတ်ဆွေဖွဲ့ ကြိုဆိုရင်း ၊ အက်မင်တွေရဲ့ စာမျက်နှာတွေမှာ
ဘာတွေ လုပ်လို့ရလည်း ဆိုတာ ပုံထဲမှာ ပြထားပါတယ် ။ မည့်သည့် စာမျက်နှာကို ရောက်နေ
ပါစေ အခုလို လုပ်ပိုင်ခွင့်လေးတွေကို မြင်နေရမှာပါ ။ ရင်မောင်ကတော့ အဲဒီလုပ်ပိုင်ခွင့် ပါဆယ်
ကြီးတွေမြင်ရလေ ငိုချင်လေပါဘဲ . . . . . . ဟီးးးးး စာလည်းရေးချိန်မရ ကြူချိန်လည်းမရ
ကုန်ကုန်ပြောရရင် ၊ အိမ်သာတက်ချင်တာတောင် ၊ ပိုစ့်အသစ်တွေ ကဗျာတွေ ပုံတွေ ဗွီဒီယိုတွေ
ခွင့်ပြုပေးနေတဲ့ ဇောနဲ့ အောင့်ထားမိတယ် ၊ဒါတော့ အမှန်ပဲ. . . . . ညစ်ညမ်း ကော်မန့်တွေကို
လိုက်လေ့လာဖို့ဆိုရင်တော့ ကွန်ပြူတာကို အိမ်သာအထဲထိ ယူသွားဖို့ပဲ ကျန်တော့တယ်အက်မင်
ဖြစ်လာမယ့် အသင်းဝင်တို့ရေ ။
ဒီနေရာလေးကတော့ ထုတ်ပယ်ချင်း ခံရတဲ့ လူတွေပါ ။ အသင်းဝင်တစ်ယောက်ကို ထုတ်ပြစ်ဖို့
လုပ်ရတာထက် ၊ ကျားအမှီးကိုပြေးဆွဲပြီး ကျုပ်ရည်းစားကို ပါးဖတ်နမ်းလိုက်တာကမှ ပျော်စရာပါ
ဟိ ဟိ ဟိ . .. . ဘာကြောင့်ထုတ်ပြစ်လိုက်ရတယ်ဆိုတာ ၊ ဒီလောက်ပဲ ဖေါ်ပြပေးလိုက်မယ်နော်
ကျန်တဲ့ အပြစ်တွေကတော့ ရှိပါတယ် ။ ဟာသလေးပဲ ပြောတာ ကောင်းပါတယ်ဗျာ. . .ဟီးးး
သူအမည်ကို အရင်ဖတ်ကြည့်ဦးနော် ။ ကျွန်တော့်အထင်တော့ စာရေးတာ စပ်သွားတယ်ထင်ပါ
တယ် ။ ဘမ်းလိုက်ပြီးမှ ငါမှားသွားပီလို့ သိလိုက်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ၊ အမှန်က
ကျွန်တော့်အထင်ပေါ့နော် ၊ ( ကိုလီး ။ တောင်ကြီး )မှာနေတယ်ဆိုတဲ့အကြောင်း နောက်မှတွေးမိ
ပါတယ် ၊ ဟီးးးးး)း)း) ။
ယခုသင်ပြတာလေးတွေကို ကော်ပီကူးပြီး သိမ်းထားလို့ရပါတယ် ။ တနေ့နေ့ တချိန်ချိန်မှာ. . . . .
ကျွန်တော်တို့လို မန်ဘာတွေအားလုံးဟာ ၊ မိမိဝင်ထားတဲ့ ဆိုဒ်တခုအပေါ်မှာ ထားတဲ့ စေတနာ
မေတ္တာတွေ စစ်မှန်ခဲ့လို့ရှိရင် အက်မင်ခန့်ဖို့ ချောင်းနေကြတာ ရင်မောင် ရဲရဲကြီးပြောရဲပါတယ်
အဲဒီအခါကျရင် တခါမှ အက်မင်မလုပ်ဖူးသေးတဲ့ ညီလေး ညီမလေးတွေအနေနဲ့ ၊ ရင်မောင့်ရဲ့
တစ်ညတာ ၊ အက်မင်ဘ၀လေးထဲက လေ့လာခဲ့တာတွေကို အခုလို ၊ သင်ပြပေးလိုက်တာပါ
တချို့လူတွေကိုတော့ အတော်လေးကို အံ့သြမိပါတယ် ။ ဟေ့” မင်းဆိုဒ်မှာ စာကောင်းပေကောင်း
တွေ ငါရေးပေးမယ် ငါ့ကိုအက်မင်ခန့်မလား မေးတဲ့သူတွေလည်း ရှိပါသေးတယ် ။ ကျွန်တော်
ပြန်တွေးကြည့်တယ် ။ ရင်မောင် တညတာ အက်မင်လုပ်ခဲ့ရတာ သေချင်ဆော်နံအောင် စားလိုက်
ရတာ အတော့ကို အက်မင်ဘ၀ကို စိတ်ကုန်သွားတယ် ။ ဆိုးတာက ” စာရေးဖို့ အချိန်လည်းမရ
တော့ဘူး စာမျက်နှာတွေကိုလည်လည်သွားပြီး ဖွန်ကြောင်ချိန်လည်း ဆုံးရှုံးသွားတယ် ။ ဒါတောင်
ရည်းစားနဲ့ကွဲနေလို့နော် မဟုတ်ရင် ပါးရိုက်ပြီးတော့ ကျုပ်ကိုပြစ်သွားမှာ အသေအချာဘဲ . ဟီးး
ဒီလိုတွေးမိတော့ လက်ရှိအက်မင်လုပ်နေသူတွေကို ချီးကျူးလေးစားပါတယ် ၊ အများအတွက် အ
ချိန်ကုန်ခံ ၀ါသနာ စာရေးချိန်ကို အဆုံးရှုံးခံ ၊ တချို့အက်မင်ဆိုရင် စာလည်းရေး ပိုစ့်လည်းစစ်
မန်ဘာလည်းလက်ခံ ။ အဲဒီညက သူတို့အစား တွေးကြည့်လိုက် ရူးချင်စိတ်ပေါက်သွားတယ် ဟီးး
တကယ်ပြောတာပါ ။အဲဒီညက အသင်းဝင်ကိစ္စတွေလုပ်လိုက်တာ နေ့လည်ကနေ ည ၂ နာရီထိ
ရောက်သွားတယ် ၊ ဒါလည်း မပြီးနိုင်ဘူး ၊ ဒီကလက်ခံ နောက်က၀င်လာ ရှုပ်နေတာပဲ ဒါနဲ့ “ဟေ့”
လာချင်တဲ့လူ လာတော့ကွာ ကုပ်လွန်းလို့ ခေါင်းလည်းပြောင်လာပီ ၊ ဖင်လည်းပူလာပြီး အိပ်ပီကွ
ဆိုပြီး ဇွတ်အိပ်လိုက်တာဗျ ။ဘယ်လောက်အထိ ဒုက္ခပေးသလဲဆိုရင်လေ ၊ အိမ်မက်ထဲမှာတောင်
ပိုစ့်တွေ စစ်နေတုန်းဗျ” ဟီးးးး၊ တကယ်ပါဗျာ ၊ မိုးလင်းတာတောင်မသိလိုက်ဘူး ၊ မန်နေဂျာ တံ
ခါးလာခေါက်ပြီး ဆဲခံရမှ ပြူးပြဲထပြီး မျက်နှာ မသစ်တော့ဘူးနော် ဒီအတိုင်း အလုပ်ထဲကို ပြေး
လိုက်ရတဲ့ ၊ တညတာ အက်မင်ဘ၀ ၊ ကြာကြာလုပ်ရင် စိတ်ရောဂါဖြစ်ပြီး ၇ ရက်နဲ့ ရင်မောင်သေ
သွားနိုင်တယ် ။ ဒါကြောင့် ရင်မောင်လို ဘ၀တူ မန်ဘာတွေကလည်း ၊ မိုးလင်းတာနဲ့ နိုင်ငံပေါင်း
စုံက မေတ္တာအပို့ခံရတဲ့ အက်မင်တွေကိုစာနာနားလည်ပေးကြရင်း၊တနေ့နေ့မှာ ညီလေး ညီမလေး
တို့တွေ အက်မင်နေရာ ခန့်အပ်ခြင်းခံလိုက်ရတဲ့ အခါမှာ အကိုရင်မောင် စာမတတ်ပေမယ့်လည်း
ကြုံဖူးခဲ့တဲ့ တစ်ညတာ အက်မင် ဘ၀လေးနဲ့ ခံစားလိုက်ရတဲ့ စိတ်ဒုက္ခကိုတွေကို သင်ပြပေးရင်း
ညီလေးညီမလေး အက်မင်လုပ်တဲ့အခါမှာ စေတနာ့ဝန်ထမ်း အက်မင်လူတော် လူကောင်း လေး
တွေ ဖြစ်ကြပါစေဗျာ ရင်မောင့်လို အင်္ဂလိပ်စာမတတ်ပေမယ့်လည်း မြန်မာစာတတ်တဲ့အတွက်
http://www.myordbok.com/ နေရာလေးမှာ ဘာသာပြန်ရင်း ကိုယ့်အားကိုယ်ကိုးတဲ့ လေ့လာ
ရေးသမား နည်းပညာရှင်များ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ . . . . . . . . ။
o