"
တောင်ကြီးဖဝါးအောက့့်လှိုင်းကြီးလှေအောက်"
**********************************
ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ကဘယ်အချိန်ဗွေထဖောက်မလဲမသိဘူ့း့
လေလည်းငြိမ် လှိုင်းလည်းငြိမ်နေသည်မို့ပင်လယ်ပြင်ငါးဖမ်းထွက်လာသည့်ဘဉီးတစ်ယောက်
ဟိုးအဝေးကမှိုင်းပြပြကျွန်းလေးကိုကြည့်ရင်းအိမ်မှာကျန်ခဲ့သည့်အမေ့အကြောင်းစဉ်းစားနေမိသည့့်
ဘဉီးတို့ကသားမိနှစ်ယောက်ထဲ့ မိခင်ကမုဆိုးမကြီ့း့ အသက်က ၆၀ နားကပ်နေပြီ့ ဘဉီးမှာ
ညီအစ်ကိုမောင်နှမမရှိတော့ အဖေကသူ ၈ နှစ်သားလောက်မှာ ပင်လယ်ထဲငါးဖမ်းထွက်ရင်းမုန်တိုင်း
မိ၍ဆုံးခဲ့သည့့်
အဲဒီနေ့ကိုဘဉီးကောင်းကောင်းမှတ်မိတုန်းပဲ့ မနက်ခင်းအဖေကပင်လယ်ထဲငါးဖမ်းမထွက်ခင်
မိန်းမထမင်းကြမ်းစားကြသည့့် မိန်းမလုပ်သူကပင်လယ်ထဲသူယောင်္ကျားစားဖို့စားစရာထည့်ပေးနေသည့့်
အဖေက သာ့း့ ဘဉီးထတော့လေ ။ မျက်နှာသစ် ၊ပြီးရင်ထမင်းကြမ်းစားမယ် ထတော့ ။
အဖေ့သံကြား၍ ဘဉီးအိပ်ယာထဲကလူးလဲထရင်းမျက်နှာသစ်လိုက်သည့့် ပြီးမှ့ ထမင်းစားရန်
ထမင်းဝိုင်းလာခဲ့သည့့် ထမင်းဝိုင်းတွင်ငါးရံ့ခြောက်ရဲရဲမီးဖုတ်ဆီစမ်းထားသည့့် ဘဉီးတို့လိုမရှိဆင်းရဲသားဘဝ
ကဒါကိုပင်နတ်သုဒ္ဓါနဲ့မလဲနိုင်ပါ့ ထမင်းဝိုင်းဝင်ထိုင်လိုက်တော့ညကကျန်တဲ့ထမင်းကြမ်းတုံးကဘဉီးပန်ကန်ထဲ
မှာအများကြီ့း့ ဘဉီးအစားကြီးသည်ကိုသိ၍ အမေကအများကြီးထည့်ထားပေးသည့့်
အဖေကသားထိုင့့် အဖေပင်လယ်ထွက်ရမယ့့် ထုံးစံအတိုင်းသုံးလေးရက်
ကြာမယ့့် အဖေပြန်လာရင်ငါ့သားအတွက်ဖိုးဝရုပ်ဝယ်ပေးမယ်နော့့် သားအမေအနားမှာနေ့ အိမ်အလုပ်
ဝိုင်းလုကြားလာ့း့ အဖေစကားကြား၍ ဘဉီးမျက်နှာပြုံးသွားသည့့် သူလိုချင်သောဖိုးဝရုပ်လေးရမည်ဆိုသော
ကြောင့် ဟုတ်ကဲ့ အဖေ သားသွားမဆော့ဘူ့း့ အမေကိုဝိုင်းကူပေးမယ့့် ဘဉီးစကားကြောင့်
အဖေပြုံးသွားသည့့် အေ့း့ ဒါမှ့ငါ့သားက့
နောက်ဖေးမီးဖိုချောင်မှ့ပစ္စည်းထဲနေတဲ့အမေကကိစ္စပြီး၍ ရိက္ခာထုပ်လေးသယ်ပြီးထမင်းဝိုင်း
နားရောက်လာသည့့် ဟဲ့ သား ငါးခြောက်တွေအများကြီးမစားနဲ့ သားဟင်းစားကြီးတော့သားအဖေအတွက်
မကျန်ပဲနေဉီးမယ့့် အမေစကားကြောင့် အဖေက့ စားပါစေ မအေးခင်ရယ့့်
ငါ့တို့သားစားရင်ငါတို့စားရသလိုပဲ့ တို့မှာ ဒီသားတစ်ယောက်ပဲရှိတာ့ တို့ရှာတဲ့ငွေကဒီသားနောင်ရေး
အတွက်ပဲ့ ထိုစဉ်ကဘဉီးမိဘတွေရဲ့စကားအဓိပ္ပါယ်ကိုနားမလည်ခဲ့ ကလေးဆိုတော့အပူပင်ကိုမသိခဲ့ပါ့
ဩော့့် ဒါနဲ့ ကိုဘကြိုင် ဒီတစ်ခေါက်လှေပြန်ဝင်လာရင်ကျုပ်တို့သားကို
ရွာကျောင်းမှာထားကြရအောင်နော့့် သားလေးခမျာ သူနဲ့ရွယ်တူကလေးတွေကျောင်းသွားတာ
လိုက်ကြည့်နေတာ ကျုပ်ဖြင့်ရင်ထဲမကောင်းလိုက်တာတော့့် ကလေးမို့မပြောတတ်လိုသာနေမယ့့်
လွယ်အိတ်လွယ်ပြီးကျောင်းသွားချင်ရှာမယ့့် ကျုပ်တို့လင်မယားကစာပေမတ်တော့အကန်းလို
ဘဝကိုကြမ်းကြမ်းတမ်းတမ်းလုပ်စားနေရတာ့ ကလေးတောပညာတတ်ကြီးဖြစ်စေချင်တယ့့် အမေ့စကား
ကြား၍အဖေကငါလည်းဖြစ်စေချင်တယ်ကွာ့ မတတ်သာလို့ငြိမ်နေရတာ့ အမေက ကျုပ်သူ့ကိုရှင်ပြုပေးဖို့
ဆုထားတဲ့စုဗူးရှိတယ်လေ့ ဒီတစ်ခေါက်လှေဝင်လာလို့ရတဲ့ငွေနဲ့ပေါင်းပြီးကျောင်းအရင်ထားကြမယ့့်
ရှင်ပြုဖို့နောက်ထပ်ဆုကြတာပေါ့ တော်ရယ် မကောင်းဘူးလာ့း့
အဖေက အေးကောင်းသားပဲကွ့ ဒါဆိုကျုပ်တို့သားပညာတတ်ကြီးဖြစ်တော့
မှာပေါ့နော့့် အဖေနှင့်အမေက သား ဘဉီး မင်းအဖေလှေပြန်ဝင်လာရင်ကျောင်းတက်ရတော့မယ့့်
သားဝမ်းမသာဘူးလာ့း့ ရွာထဲကကလေးတွေလိုကျောင်းမှာစာသွားသင်ရမှာလေ့
အမေစကားကြား၍ ဘဉီး ဝမ်းသာ၍ ထမင်းလုပ်သံနှင့်ထအော်မိသည့့်
ဟေ့း့ စာသင်ရတော့မယ့့် သားကျောင်းတက်မယ့့် သားပညာတတ်ကြီးဖြစ်ရင်
အမေနှင့်အဖေကိုပိုက်စံတွေအများကြီးပေးမယ့့် ဘယ်ချိန်ခါဖြစ်မှန်းမသိတဲ့ပညာတတ်ဆိုတဲ့စကား
ကြောင့်သားဖြစ်သူပျော်နေပုံကိုကြည့်၍ မိဘနှစ်ပါးကပီတိအပြုံးလေးများနှင့်မျက်ရည်များပင်ဝဲလာသည့့်
တဲအိမ်လေးထဲကမိသားစုလေးရဲ့အသံလေးတွေဟာကြားရသူဝမ်းသာမိမှာပါ့
ကဲ့ မအေးခင် ငါလှေထွက်ပြီ့ သားကိုဂရုစိုက်နော့့် ငါ့အပြန်ကိုလည်ဆန့်ပြီးလည်းမျှော်
ချည်းမနေနဲ့ သား အဖေပင်လယ်ထွက်ရင်ငါးတွေအများကြီးရပါစေလို့ဆုတောင်းပေးကြားလာ့း့
ဒါမှ့သားကိုကျောင်းထားပေးပြီးသားသိပ်လိုချင်တဲ့ဖိုးဝရုပ်ကြီးဝယ်ပေးလို့ရမှာ့ လိမ္မာအောင်နေနော် သာ့း့
ဟုတ်ကဲ့ အဖေ ငါတွေအများကြီးရပါစေလို့သားဆုတောင်းပေးမယ်နော့့် ကိုဘကြိုင် ပင်လယ်ထဲကျမ္မာရေး
ကိုဂရုစိုက်နော့့် အထုပ်ထဲမှာ ငန်းဆေးနဲ့ အစာကြေဆေးပါတယ့့်အေးပါ မအေးခင်ရယ့့်
ဟေ့း့ ဘကြိုင်တို့မိသားစုရေ အမှာခြွေလို့မပြီးသေးဘူးလာ့း့ လာတော့နောက်ကျနေမယ့့်
ကိုဘကြိုင် မိမိနဲ့လှေအတူထွက်မယ်သူတွေလော်ဆော်တဲ့အသံကြောင့် အေးလာပါပြီကွာ့ မိန်းမနဲ့သားကိုမှာတာ
တွေမပြီးသေးလို့ လာပါပြီ့ ကဲ သားနဲ့မအေးခင် ငါသွားမယ်နော် ကြားလာ့း့
တာ့ တာ အဖေရေ ငါးတွေအများကြီးဖမ်းလာနော့့် ကိုဘကြိုင် တော် ကျန်းမာရေးဂရုစိုက်နော့့်
အပြန်လှန်နူတ်ဆက်နေကြသော ဘကြိုင်တို့မိသားစုကိုကြည့်၍ ပင်လယ်ထွက်မယ့်ငါးဖမ်းသမားများပြုံးနေကြသည့့်
ဒီရွာလေးမှာ ဘကြိုင်တို့မိသားစုလေးကတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာတစ်ရွာလုံးသိကြသည့့်
လှေလေးတွေပင်လယ်ပြင်ကိုတရွေ့ရွေ့ထွက်ခွာသွားကြသည့့် နောက်မှာကျန်ခဲ့တဲ့ မိသားစုလေးတွေကပင်လယ်ပြင်ကို
ငါးဖမ်းထွက်သွားကြသောလင်သားတွေအတွက်ရင်တမမနဲ့အပြန်ကိုမျှော်ရဉီးတော့မည့့်
ကမ်းကထွက်သွားသောလှေလေးတွေဟာ တဖြည်းဖြည်းမှုံဝါးသွားရင့်း့ သွားရင်အစက်ပြောက်ကလေးဖြစ်သွားတော့
လေသည့့်
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••။••••••••••••••••••••••••••••••••••••••••••
{ အပိုင့်း့ ( ၂ )့ ဆက်လက်ဖတ်ရှု့ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည့့် ။}
အစဉ်လေးစားလျှက့့် ကြိုးစားပါဉီးမည်
ကိုယ်တိုင်ရင်နှင့်ခံစားရေးသားပါသည် ။
မှားတာရှိလျှင်ပြင်ဖတ်ပေးပါနော့့်
ငစ ။ ။ဒေါင်ဒေါင်မြည်အသည်း