Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***မိန်းကလေးတို့ သဘောသဘာဝ**......

$
0
0

ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့ 

သိပ်ခက်သဟဲ့  ကြည့်ဖို့ ကို

စိတ်ပျက်သကွယ် ထိဖို့ ဆိုလျှင်

အမိတို့ လိုမြွေမျိုး။

နှာခေါင်းလေ အမှုတ်ခံလျှင်

တမုဟုတ်အမြန် သေတက်ပါသဗျိုး။

ကိုက်များကိုက်က ငိုက်ဆိုက်နေပြီ

ကတိုက်ကရိုက်သေမည် အမှန်ဆိုး

မိုက်မိုက်ပွေလီ ဥာဏ်သူခိုးဖြင့်

ကြံဆိုးကြံနှင့် အသင့်ရှောင်။

"အသူဘ"ခေါ် ဆေးတော်ကြီး

မနှေးဖော်ပြီး သုံးစွဲပါလေအမောင်။

ငါတို့ ဘုရားအလောင်းတော်တောင်ပင်

ကြောင်းမလျှော်ပေါင် မိဖုရားနှင့်

ကြည်ဖွားသဖြင့် အသင့်ဥာဏ်တွေပြယ်

အကျင့်ဈာန်တွေကွယ်

မြွေအမျိုးကြောင့်တန်ခိုးပြယ်လျှင်

အမျိုးနွယ်မှိန်တတ်ပါသတဲ့လေး။

ဒီကဗျာလေးကတော့ဆရာတော်အရှင်ဇနကာဘိဝံရဲ့ တေးထပ်ကဗျာလေးပါ

ကဗျာလေးကမိန်းကလေးတွေကမြွေတစ်ကောင်နဲ့ တူတယ်သူတို့ ကိုကြည့်မိရုံနဲ့ 

အဆိပ်တတ်တယ်နောက်ကိုက်များကိုက်မိလျှင်တော့သွားရှာပြီပေါ့မိန်ကလေးတွေ

အကြောင်းကိုရေးစပ်ထားသောကဗျာလေးပါ....

စာရေးဆရာအကြည်တော်ရေးသားတဲ့စာအုပ်လေးတစ်အုပ်မှာ

ရေးသားထားတာဖတ်ရတယ်....မိန်းမဆိုတာအရွယ်သုံးပါးပဲရှိတယ်တဲ့

ပထမအရွယ်မိဘကိုဒုက္ခပေးတဲ့အရွယ်ဒုတိယအရွယ်လင်ယောင်္ကျားကိုဒုက္ခပေး

တဲ့အရွယ်တတိယအရွယ်သမက်ကိုဒုက္ခပေးတဲ့အရွယ်အဲဒီအရွယ်သုံးပါးပဲ

ရှိပါတယ်လို့ ရေးသားထားသည်။

မည်သို့ ပင်ဆိုစေကာမူမရှိမကောင်းရှိမကောင်းမပေါင်းလဲခက်ပေါင်းလဲခက်တာမို့ 

သူတို့ သဘောသဘာဝလေးတွေကိုသိထားတော့သူတို့ နဲ့ ပေါင်းရတာ

အဆင်ပြေမယ်ထင်ပါတယ်နော်....

မိန်းကလေးတွေမှာတူညီတဲ့အချက်ကလေးတွေရှိပါတယ်အဲဒါတွေကတော့

စပ်စုတက်ခြင်း၊သဝန်တိုခြင်း၊အလှပကြိုက်ခြင်း၊အချော့ကြိုက်ခြင်းပေါ့ဗျာ...

ကဲမိန်းကလေးတွေကိုဘာကြောင့်ပထမအရွယ်မှာမိဘကိုဒုက္ခပေးတဲ့အရွယ်လို့ ပြော

ကြတာလဲဆိုတာလေးကြည့်မယ်နော်...

မိန်းကလေးတွေသည်အသက်၁၂နှစ်နဲ့ ၁၆နှစ်ကြားရောက်ပြီဆိုရင်

အပျိုဖော်ဝင်စအရွယ်ပေါ့အဲဒီအရွယ်လေးမှာသူတို့ စိတ်ကလေးတွေက

မြီးကောင်ပေါက်မအရွယ်ကျီးအတောင်ပေါက်စသဖွယ်ပေါ့"

အဲဒီအရွယ်လေးမှာသစ်ရွက်တွေလေတိုက်လို့ ကြွေတာတောင်ခိုးခိုးခစ်ခစ်

ရယ်တက်ကြတယ်လေ...နောက်အပျိုဖော်ဝင်ပြီဆိုတာနဲ့ 

ဖိုသတ္တဝါရဲ့ အသံလေးအဝေးကကြားတာတောင်ကြာပေးချင်ပြီး

အလှပတွေလဲမက်မောလာကြသည်.....

မိန်းကလေးတွေကအပျိုဖော်ဝင်ပြိဆိုတာနဲ့ ဓမ္မတာလဲစနေပြီလော..

သွေးသားရဲ့ လှုံဆော်မှု့ ကြောင့်လဲသူတို့ လေးတွေဖိုသတ္တဝါရဲ့ 

အရေးပေးမှု့ အလေးထားမှု့ ကိုခံချင်ကြတာပေါ့....

အပျိုဖော်ဝင်အစအရွယ်မှာမတည်ငြိမ်တဲ့စိတ်တွေကြောင့်ပဲအချစ်ကို

ရွေးချယ်ကြတယ်လမ်းမှားတွေရောက်ကြရောဗျာ....

အဲဒါကြောင့်မိဘကိုဒုက္ခပေးတဲ့အရွယ်လို့ ပြောတာပေါ့ဗျ....

ကဲဒုတိယအရွယ်ကြည့်မယ်နော်.....

ဒုတိယအရွယ်ရောက်တော့အိမ်ထောင်ရက်သားပြုတယ်လေ

အာဝါဟဝိဝါဟပေါ့ထိမ်းမြားလက်ထပ်မင်္ဂလာပြုပြီးတော့

တစ်အိုးတစ်အိမ်ထောင်ထူထောင်ကြတယ်အဲမှာမိန်းကလေးတွေက

လင်ယောင်္ကျားရှာဖွေပေးမှု့ ကိုလောက်ငှအောင်အသုံးစွဲပဲ

လင်အပေါ်ပူညံပူညံလုပ်ပါလေရောလား...

လင်ခမျာမောပန်းစွာရှာရ မိန်းမကဆဲဆိုဆိုတော့

လင်မယားတွေရန်ဖြစ်လင်ယောင်္ကျားကိုဒုက္ခပေးတဲ့အရွယ်ဒုတိယအရွယ်ပေါ့

ကဲတတိယအရွယ်သားမက်ကိုဒုက္ခပေးတဲ့အရွယ်လေ..

သမီးတွေနဲ့ လိုက်နေပြီးသားမက်ကိုအမျိုးမျိုးဒုက္ခပေးတက်လို့ 

ဒါကြောင့်တတိယအရွယ်လို့ ခေါ်တာပေါ့........

မိန်းမဆိုတိုင်းအပြစ်မမြင်ပါနဲ့ .....

မိန်းမဆိုတိုင်းတော့အပြစ်မမြင်စေချင်ပါဘူးဗျာဘာကြောင့်လဲဆိုတော့

မြန်မာရာဇဝင်တွေမှာမိန်းမကောင်းမိန်းမမြတ်တွေများစွာရှိခဲ့ကြလို့ ပဲနော်

နောက်များမှဆက်လျက်ဖော်ပြပေးပါဦးမယ်.....

 

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>