မင်္ဂလာပါ ရှင့် 
သာယာတဲ့ နှစ်သစ်လေးမှာ အေးမြခြင်းနှင့် အစဉ်ယှဉ်တွဲနိုင်ပါစေ လို့ တောင်းဆုပြုပါတယ် ။
နှစ်သစ်မှာ မင်္ဂလာ ရှိစေဖို့ မှုံတို့ ရွှေမြို့တော် (ချစ်သူ့မြို့တော်) လေးမှာ အထူးမန်ဘာ ၁၀ ယောက်ကို ရွေးချယ်လိုက်ပါတယ်ရှင် ...
ခင်မင်လေးစားမူနဲ ဂုဏ် ပြု လိုက်ကြရအောင်ပါနော် ...
မြှားနတ်မောင်(အချစ်ဆိုင်ရာ ဥက္ကဌ) ရဲ့ အိမ်လေးသို့ ...
ခရေ ( အဝေးရောက် ) ၏ အိမ်လေးသို့ ...
demon (အသဲကွဲတိုးရစ်လေး)၏ အိမ်လေးသို့ ...
ခေတ်သစ်မင်းနန္ဒာ၏ အိမ်လေးသို့ ...
ဆိုဒ် အတွက် လှုပ်ရှားမူ အကောင်းဆုံးသူများကို ရွေးချယ် ဂုဏ်ပြု လိုက်ခြင်းပါ ။ နောက်ထပ် လှုပ်ရှားမူ အား ကောင်းသူများကိုလဲ မြင်တွေ့ နေပါသေးတယ် ။ လက်ရှိ နိုင်းဆိုဒ်ကို အသုံးပြုနေကြသူတွေဟာ အလုပ်လုပ်ရင်းကြားက သံယောဇဉ်ကို အခြေခံကာ သူငယ်ချင်းဆိုတဲ့ ခင်မင်မူတွေနဲ ၀င်ရောက် အသုံးပြုနေကြတာပါ ။ ကိုယ်ချင်းလဲ စာပါတယ် ။ လေးလေးစားစား ခင်ခင်မင်မင်နဲ သူငယ်ချင်းတွေ ဖြစ်ရတာ အလွန်ပျော်မိပါတယ် ။ ဒါကြောင့် မို့ တနေ့ မ၀င်ရရင်မနေနိုင်အောင်ကို ခင်မင်တွယ်တာ မိကြပါတယ် ။ထိုထဲမှ အားတဲ့ အချိန်လေးကို ရွှေမြို့တော် အတွက် အသုံးပြု ပေးခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ အထူးမန်ဘာ အဖြစ် ရွေးချယ်ခဲ့တာပါ ။
စာတွေ ၊ ကဗျာ တွေ ရေးမှ အထူးမန်ဘာ ဖြစ်တာ မဟုတ်ပါဘူး ။ လှုပ်ရှားမူ အများဆုံး ကို အဓိက ထားရွေးချယ်ထားတာပါ ။ နောင်လတွေ မှာ လဲ လ စဉ် ရွေးချယ်သွားဖို့ တိုင်ပင် ထားပါတယ် ။
ရွှေမြို့တော်ကို ချစ်တဲ့ မန်ဘာတွေအားလုံးကို လေးစားတဲ့ အနေနဲ ရွေးချယ်ခြင်းပါ ။
လက်ရှိ အထူးမန်ဘာ ဖြစ်သွားသူများက လဲ ရွှေမြို့တော်ကြီး တိုးတက်ဖို့ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ တောင်းဆို ချင်ပါတယ် ရှင် ။
ဝါသနာကို အရင်းခံခါ ကဗျာ၊ စာ ရေးကြသော သူငယ်ချင်း အသစ်လေးများကို ကော်မန်းပေးခြင်းဖြင့် လက်တွဲခေါ်ဆောင်သွားဖို့လဲ တိုက်တွန်းချင်ပါတယ် ။
ကော်မန်းဟာ စာရေးသူ အတွက် အားဆေး တစ်ခွက်ပါ ။
မန်ဘာ အသစ်လေး များကိုလဲ စာတွေ ၊ကဗျာ တွေ ရေးပါ ။
သူငယ်ချင်းများနှင့် မိတ်ဖွဲ့ရင်း မသိတာ ရှိရင်လဲ မှုံ တို့ကို အကူအညီတောင်းပါ ။
တတ်သ၍ ၊ သိသ၍ ကူညီပေးသွားနိုင်ပါတယ် ရှင် ။
အွန်လိုင်းဆိုတာ ဂုဏ်ဒြပ်တွေ မရှိသော နေရာလေးလို့ မြင်မိတယ် ။
ကြီး၊ငယ်မဟူ ၊ ရုပ်ချော ၊ ရုပ်ဆိုး မလိုအပ် ၊ ချမ်းသာ ၊ ဆင်းရဲ မရွေး ခင်မင်နိုင်သော နေရာလေးပါ ။
ဒီလို ခင်မင်မူတွေ နဲ ....
ရွှေမြို့တော်မှာ ပျော်ပျော်ရွှင်ရွှင်၊ ခင်ခင်မင်မင် ၊ လေးလေးစားစား နဲ
ဘ၀ လမ်းခရီးကို လျှောက်လှမ်းကြပါစို့နော် ...
ဝါသနာကို ဖွင့်ဟ ခွင့်ရခဲ့တဲ့ မှုံတို့ရဲ့ အမိမြေ ရွှေမြို့တော်ကြီး တိုးတက်အောင်မြင်ပါစေ တောင်းဆု ချွေပါတယ်။
ခင်မင်လေးစားလျှက် ...
အက်မင်အဖွဲ့ ကိုယ်စား ...
မှုံနံ့သာဖြူ