တစ်ခါက တောရွာလေး တစ်ရွာမှာ စာသင်ကျောင်းဆိုလို့မယ်မယ်ရရမရှိတော့ ရွာဦးကျောင်းက ဆရာတော်ဘုရားကြီး ဖွင့်ထားတဲ့ ဘုန်းတော်ကြီးစာသင်ကျောင်းလေးပဲရှိပြီး ဆရာတော်ကိုယ်တိုင်ပဲ ကလေးတွေ ကို ပညာသင်ပေးနေတာပေါ့ . တစ်နေ့မှာတော့ မြို့နယ် ပညာရေးမှူးက လာရောက်စစ်ဆေးကြည့်ရှုတာပေါ့.ကလေးတွေရဲ့ အခြေအနေကို သိချင်တော့ စမ်းသပ်အုံးမှပဲ ဆိုပြီး စာအုပ်လေး ကောက်ကိုင်ပြီးတော့ "What is this?"(၀ှါ့ထ် အစ်စ် သစ်စ်..) လို့ မေးလိုက်တော့ ကလေးတွေ မျက်လုံလေး ကုလားလယ် ကုလားလယ် အဲလေ ကလယ်ကလယ်နဲ့ ဆရာတော်ကို အားကိုးတစ်ကြီးပဲ ၀ိုင်းကြည့်ကြတာပေါ့.
ဆရာတော်လဲ အရိပ်အခြေကိုကြည့်ပြီး"ဟွန်း.မြို့နယ်ပညာရေးမှူးတဲ့ အင်္ဂလိပ်စာတောင် မတတ်ဘူး. ဖယ်ဖယ် ကိုယ်တော်မေးပေးမယ်"ဆိုပြီးတော့စာအုပ်လေး လှမ်းယူမြှောက်ပြပြီး. ကျောင်းသားတို့ရေ "What is this?"(၀ှါ့ ထ အစ် စ သစ် စ..) ဆိုလဲ မေးလိုက်ရော. အောင်မလေးဗျာ ထွက်လာလိုက်တဲ့ သံပြိုင်ကြီး ကျောင်းတောင်ကွဲထွက်သွားမလားမှတ်ရတယ်. ဘာတဲ့ ပြန်ဖြေလိုက်ပုံက "This is a book." (သစ် စ အစ် စ အေ ဘုတ် ခ.) တဲ့ဗျာ. သွားရှာပါပြီ ပညာရေးမှူး မူးမေ့လဲလို့သွားပါပြီ.........တိန်!!!