မင်္ဂလာပါ လို့ .. ရွှေမြို့ တော် ဆိုဒ် က သူငယ်ချင်းများအားလုံး ကို ခရေ မှနှုတ်ခွန်းဆက်သပါတယ်။ တကယ်တော့ ခရေ ဒီဆိုဒ်လေးကို ဝင်ရောက်ခဲ့ တာ ဇန်နဝါရီ ၂ ရက်နေ့ ဆို ၅ လတိတိရှိပါပြီ။
ခရေ စတင်ဝင်ဖြစ်ခဲ့ တာကလည်း သူငယ်ချင်း တယောက် ကပေးလိုက်တဲ့  မေးကို ဖွင့်ကြည့်မိရင်ကနေ ဝင်မိခဲ့တာပါ။ ခရေ က လောလောဆယ် မိသားစုနဲ့  ဝေးနေတဲ့  တစ်နေရာကို ရောက်နေတာပါ။
အလုပ် နဲ့ အခန်းက လွဲရင် အပေါင်းအသင်း နဲ့ လည်း အပြင် အသွားအလာနည်းတဲ့  ခရေ အတွက် တော့ အခန်းထဲမှာရှိနေတဲ့ အချိန်တွေ ဟာ ခြောက်သွေ့ လှပါတယ်။ ခရေ အင်တာနက်သုံးရင် ဖေ့ဘွက် သုံးတယ်။ အလုပ် နဲ့  ပါတ်သက်တဲ့  ဆိုဒ်တွေ စာတွေ လေလာတယ်။
ဒါပေမယ့် တခါတလေကျတော့ အလုပ်ကို ငြီးငွေ့ လာတော့ တချိန်လုံးလည်း မကြည့်နိုင်ပါဘူး။ ခရေ ခုလို ရွှေမြို့ တော် ဆိုဒ်လေးကို ဝင်ရောက်မိတော့ ခရေ ပျော်ရွှင်ခဲ့ရပါတယ်။ မန်ဘာတွေ ရေးထားတဲ့ စာတွေ ကဗျာတွေ ကို စိတ်ဝင်စားစွာ ဖတ်ခဲ့ရပါတယ်။
ခရေကိုယ်တိုင် စာတွေ ရေးချင်လာခဲ့တယ်။ ခရေ ကဗျာတွေ ရေးချင်လာတော့ စမ်းရေးမိပါတယ်။ ခရေကို အားပေးဖတ်ရှု ပေးကြတဲ့ သူငယ်ချင်းတွေကို လည်း ကျေးဇူးတင်ပါတယ်။
ခရေကို သင်ပြပေးတဲ့  အကြံပေးတဲ့ နည်းပေးပြသပေးတဲ့  သူငယ်ချင်းများကို လည်းကျေးဇူးတင်ပါတယ်။ ခရေ ဆိုဒ်လေးထဲမှာ နေရင်း နိုင်ငံပေါင်းစုံမှာ နေထိုင်နေကြတဲ့ သူငယ်ချင်းမြောက်မြား စွာတို့ နဲ့ လည်း သိရှိခင်မင်ခဲ့ရပါတယ်။
မြန်မာဆိုတဲ့  စိတ်လေးတွေနဲ့  နွေးထွေးခင်မင်ခဲ့ရပါတယ်။ တယောက်ထဲဆို တဲ့ ခံစားချက်တွေ ပျောက်လို့  ပျော်ရွှင်မိခဲ့ရပါတယ်။ ခုလို အင်တာနက် ကနေ ဝေးနေကြတဲ့  သူတွေ လူချင်းမမြင်ဘူးပေမယ့် စိတ်ချင်းနီးလို့  ခင်မင်ခွင့် ရတဲ့  ရွှေမြို့ တော် ဆိုဒ်လေးကို ကျေးဇူးတင်ပါတယ်။
ခရေ ကို လည်း ဆိုဒ်ရဲ့  အထူးမန်ဘာ အဖြစ် ရွေးချယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခရေ ကို ဆိုဒ်လေးကနေ အသိအမှတ်ပြုတဲ့ အတွက် ဝမ်းသာမိပါတယ်။ ခရေ ဒီထက်ပိုပြီးတော့ လည်း ဆိုဒ်လေးမှာ ပိုမိုလို ကြိုးစားပြီး လှုပ်ရှားခွင့် ရချင်ပါတယ်။
ခရေ သူငယ်ချင်း အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ခရေကိုလည်း ခင်မင်လို့ ကျေးဇူးတင်ပါတယ်။
ခရေ ရေးတယ့် စာတွေကဗျာတွေ ကိုလည်း ဆက်လက်ဖတ်ရှု လို့  ဝေဖန်ပေးနိုင်ပါတယ်လို့  …
ရွှေမြို့ တော် ဆိုဒ်လေးလည်း ဒီထက်ပိုမိုလို့  အောင်မြင်ပါစေလို့  ဆုတောင်းပေးပါတယ်။ သူငယ်ချင်းများ အားလုံးလည်း ကျန်းမာပျော်ရွှင်ပါစေလို့  ဆုတောင်းပေးပါတယ်။
ခရေ လည်း ပျော်ရွှင်ရပါတယ်။ အားလုံး ဆန္ဒတွေ ပြည့်ဝလို့ သာယာတဲ့ နေ့ လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..
အထူးမန်ဘာ အဖြစ်ရွေးချယ် ခြင်းခံရတဲ့  အထိမ်းအမှတ်လေးပါ....
ခရေ အိမ်လေး ကိုလည်း လာလည် နိုင်ပါတယ်လို့ ..