Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘွဲ့ယူဖို့ စောင့်နေတဲ့ လူငယ်လေးတစ်ယောက်

$
0
0

တစ်ခါတုန်းက ဘွဲ့ယူဖို့ စောင့်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ် ။ သူ့ ဖခင်ဟာလည်း ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦးဖြစ်တယ် ။ လပေါင်းများစွာ အဲဒီလူငယ်လေးရဲ့စိတ်မှာ ကိန်းအောင်းနေတဲ့အရာတစ်ခုကတော့ ကားပြခန်းတစ်ခုက ထုတ်တဲ့ ပြိုင်ကားလှလှလေးတစ်စင်းကိုပိုင်ဆိုင်ရဖို့ပဲဖြစ်ပါတယ် ။ ဒါကြောင့် သူက သူ့အဖေကို အဲဒီကားလေးလိုချင်ကြောင်းပြောခဲ့တယ် ။

ဒီလိုနဲ့ ဘွဲ့ယူဖို့ရက်ကနီးလာပါပြီ ။ လူငယ်လေးက သူ့ဖခင်က သူ့ကိုကားဝယ်ပေးမယ့် အရိပ်အယောင်များတွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့စောင့်နေခဲ့တယ် ။ နောက်ဆုံး — ဘွဲ့ယူမယ့် မနက်ခင်းမှာပေါ့ ။ သူ့အဖေက သူ့ရုံးခန်းထဲကို လာဖို့ လူငယ်လေးကိုခေါ်လိုက်တယ် ။ သူ့အဖေက ဒီလိုသားမျိုး တစ်ယောက်ရှိနေခဲ့အတွက် သူအလွန်ပဲ ၀မ်းသာဂုဏ်ယူရပါကြောင်းပြောင်းပြီး သူ့သားကို ဘယ်လောက်ချစ်ကြောင်းပြောခဲ့တယ် ။ ပြီးတော့ လှပတဲ့စက္ကူနဲ့ထုပ်ထားတဲ့ လက်ဆောင်သေတ္တာလေးကို သူ့သားကို ပေးခဲ့တယ် ။

သိချင်စိတ်ပြင်းပျနေတဲ့လူငယ်လေးက သေတ္တာလေးကို အလျှင်အမြန်ဖွင့်ကြည့်ပြီး တွေ့လိုက်ရတဲ့အရာကတော့ သားရေနဲ့ဖုံးထားတဲ့ တရားစာအုပ်လေးတစ်အုပ်ပါပဲ ။ သူ အလွန်ကို စိတ်ပျက်သွားခဲ့တယ် ။ ချက်ချင်းပဲ ဒေါသတွေထွက်လာခဲ့ပြီး သူ့အဖေကို “ အဖေ့မှာ ရှိတဲ့ ငွေကြေးတွေအကုန်လုံးနဲ့ ကျွန်တော့်ကို ပေးတာကျတော့ ဒီစာအုပ်လေးတစ်အုပ်တဲ့လား ” လို့ အော်ဟစ်ပြောဆိုခဲ့တယ် ။ ပြီးတော့ အဲဒီစာအုပ်ကို လွှင့်ပစ်ခဲ့ပြီး ရုံးခန်းကနေ ပြေးဆင်းခဲ့တယ် ။ သူ ဒီလိုနဲ့ —- သူ့အဖေဆီကို ပြန်လာခဲ့တော့ဘူး ။

——————————————————–

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ လူငယ်လေးဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့တယ် ။ သူ့အိမ်ထောင်ကျပြီး လှပတဲ့အိမ်ကြီးနဲ့ မိသားစုတစ်စုလည်းပိုင်ဆိုင်ခဲ့တယ် ။ သူအရွယ်ရောက်လာတဲ့အခါ နားလည်လိုက်တာက သူ့ဖခင်ဟာ အခုလောက်ဆို အသက်ကြီးနေပြီး သူ့ဖခင်ကိုတစ်ခေါက်လောက်ပြန်သွားတွေ့သင့်တဲ့အကြောင်းပေါ့ ။သူဘွဲ့ယူတဲ့နေ့ကစပြီး သူ့အဖေကို သွားမတွေ့ခဲ့တာ အခုထိပါပဲ ။ ဒီလိုနဲ့ သူ့အဖေကို သွားတွေ့ဖို့ မစီစဉ်ရသေးခင်မှာပဲ သူ့အဖေ ဆုံးသွားပြီဖြစ်တဲ့အကြောင်း ဒါကြောင့်ပိုင်ဆိုင်မှုတွေ ပေးဖို့ အိမ်ပြန်လာဖို့ အကြောင်းကို ကြေးနန်းစာရောက်လာခဲ့တယ် ။ သူ အိမ်ကို ချက်ချင်းပြန်သွားခဲ့တယ် ။

သူ့အဖေအိမ်ကို ရောက်တဲ့အခါမှာတော့ သူ ရုတ်တရက် ၀မ်းနည်းမှုတွေ နောင်တရမှုတွေနဲ့ ယူကြုံးမရမှုတွေက နှလုံးသားကို မွန်းကြပ်ခံစားစေခဲ့တယ် ။ သူ့အဖေရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သူ ရှာဖွေကြည့်တဲ့အခါမှာတော့ သူနှစ်ပေါင်းများစွာကတည်းက လွင့်ပစ်ခဲ့တဲ့ တရားစာအုပ်လေးကို အသစ်လေးအတိုင်း သူတွေ့ခဲ့ရတယ် ။ မျက်ရည်တွေနဲ့ သူ စာအုပ်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အ ထဲကနေ စာအုပ်လေးတစ်အိတ်နဲ့ထည့်ထားတဲ့ ကားသော့လေး တစ်ချောင်းထွက်ကျလာပါတယ် ။

ကားသော့လေးနဲ့တွဲထားတဲ့စာအိတ်ထဲမှာ ကားကို သူ့နာမည်နဲ့ သူ့အဖေက ၀ယ်ပေးထားကြောင်းသူတွေ့လိုက်ရတယ် ။ သူလိုချင်တဲ့ကားလေး သူလိုချင်တဲ့ ပြခန်းက ပြိုင်ကားလှလှကလေးကို ၀ယ်ယူထားတဲ့ ရက်စွဲကတော့ သူဘွဲ့ယူတဲ့နေ့ပဲဖြစ်ပါတယ် ။ စာရွက်ပေါ်မှာ ရေးထားတာကတော့ “ ငွေချေပြီး ” ဆိုတဲ့ စလစ်နဲ့နောက် သူ့အဖေလက်ရေးနဲံရေးထားတဲ့ “ အဖေမင်းကို သိပ်ချစ်တယ် သား ” ဆိုတဲ့ စာသားလေးပဲဖြစ်ပါတယ် ။

#############################

ကျွန်တော်တို့ဟာ ထုပ်ပိုးမထားတဲ့ အရာတွေကိုပဲ မျှော်လင့်ချက်ကြီးကြီးကြည့်မိကြတယ် ။ တကယ်တော့ ထုပ်ပိုးထားတဲ့ အရာတွေမှာလည်း ကျွန်တော်တို့လိုချင်တဲ့အရာတွေ ရှိနေတတ်ပါတယ် ။ မိဘတွေအပေါ်မှာ ကိုယ်လိုချင်တာမရလို့ စိတ်မဆိုး စိတ်မကောက်ကြပါနဲ့ ။ ဘ၀ဟာ အရမ်းကိုတိုတောင်းလွန်းလှတယ် ။ ကိုယ်လိုချင်တဲ့အရာ ကို မိဘတွေက ၀ယ်ပေးနိုင်သည်ဖြစ်စေ ၀ယ်မပေးနိုင်သည်ဖြစ်စေ ကိုယ့်ကို မွေးဖွားကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဒါဟာ ကျွန်တော်တို့အတွက် မိဘတွေဆီက အထိုက်တန်ဆုံးပေးတဲ့လက်ဆောင်ဖြစ်ပါတယ် ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>